ရန်ကုန် အောက်တိုဘာ ၂၁။
အစိုးရသစ်လက်ထက် နှစ်နှစ်ခွဲကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ် ခုနှစ်ဆ တိုးမြှင့်ပေးထားသော်လည်း ယခုတိုင် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိသေးကြောင်း ဆေးပညာရှင်အသိုင်း အ၀ိုင်း၏ ပြောကြားချက်အရ သိရသည်။
ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် ပြည်သူ့ကျန်းမာရေး အာမခံစနစ် လိုအပ်ပြီး မြန်မာနိုင်ငံတွင် ယင်းစနစ်ကို ယခုထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးတစ်ဦးက ပြောကြားသည်။
“ကျန်မာရေး စောင့်ရှောက်မှု လေးမျိုး ရှိတယ်။ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစနစ် ရှိဖို့ လို အပ်တယ်။ ပြည်သူ့ကျန်းမာရေး အာမခံစနစ်ကို အခုမှ လုပ်မလို့ ကြံနေတုန်း” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကျန်းမာရေး စောင့်ရှောက်မှုလေးမျိုးမှာ ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများ၊ ကြိုတင်ကာကွယ်မှု လုပ်ငန်းများ၊ ရှာဖွေကုသရေး လုပ်ငန်းများ၊ ပြန်လည်ထူတောင်ရေး လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု အောင်မြင်ရန်မှာ ကျန်းမာရေး ဘတ်ဂျက်ကို ကာကွယ်ရေးဘတ်ဂျတ် နည်းတူထားသင့်ကြောင်း အကြံပြုပြောကြားသည်။
“ကာကွယ်ရေးဘတ်ဂျက်က လက်ရှိ ကျန်းမာရေးဘတ်ဂျက်ထက် ၁၇ ဆများတယ်။ အဲဒီတော့ တိုးမယ်ဆိုလည်း တစ်နှစ်ထဲ မဟုတ်ဘဲ တစ် သက်လုံးတိုးပေးမှ ရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံတော်သမ္မတ အကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ကျန်းမာရေးလုပ်ငန်းစဉ်များတွင် ကုသရေးထက် ကာကွယ်ရေးသည် အရေးကြီးပြီး ကျန်းမာရေး အာမခံစနစ်လည်း ရှိရန်လိုအပ်ကြောင်း ပြောကြားသည်။
“ကျန်းမာရေး အာမခံရှိပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလည်း ရှိဖို့ လိုအပ်တယ်။ နိုင်ငံတော်က လုပ်ပေးတာလည်း လုပ်ပေးတာပေါ့။ တစ်ဦးချင်း တစ်ယောက်ချင်းကလည်း ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျန်းမာရေးစနစ်ကို အစိုးရနှင့် ပုဂ္ဂလိက နှစ်မျိုးပေါင်းစပ်ထားသည့် Public private mix ကို ကျင့်သုံးနေပြီး ကုသ ရေး လုပ်ငန်းများကို ပုဂ္ဂလိကမှ တာဝန်ယူနိုင်ပြီး ကျန်သည့်လုပ်ငန်းစဉ်များကို အစိုးရက တာဝန်ယူကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ရေးသားသူ - မေလွင်
People power
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 21, 2013
ကျန်းမာရေးဘတ်ဂျက် တိုးသော်လည်းထိရောက်သည့် စောင့်ရှောက်မှု မရသေး
ကျန်းမာရေးဘတ်ဂျက် တိုးသော်လည်းထိရောက်သည့် စောင့်ရှောက်မှု မရသေး
Reviewed by VC
on
October 21, 2013
Rating: 5
Reviewed by VC
on
October 21, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment