မနေ့ ကတော့ စိတ်အရှည်ဆုံးသတို့ သမီးတစ်ယောက် အကြောင်းသတင်းထဲဖတ်ခဲ့ရပြီး ဒီနေ့  နမော်နမဲ့ အနိုင်ဆုံး လို့ သတ်မှတ်ရမယ့် သတို့ သားတစ်ယောက်အကြောင်းဖတ်လိုက်ရပါတယ်။
မက်အာဒယ်ကို ကမ္ဘာပေါ်မှာနမော်နမဲ့အနိုင်ဆုံးသတို့ သားအဖြစ် သတ်မှတ်ရမလားမသိပါ ဘူး။မင်္ဂဆောင် မယ့်ရက် ကိုတောင် မေ့ တဲ့ တော်တော်ကိုနမော်နမဲ့နိုင်တဲ့ သတို့ သားပါ။
နေးလ်မက်အာဒယ်ဆိုတဲ့ အသက်၃၆နှစ်အရွယ်သတို့ သားဟာ စိန့် ဂျော့ခန်းမမှာ ဗုံးထောင်ထားတယ်လို့  လိမ်ညာပြီးသတင်းပေးမှုနဲ့ အဖမ်းခံထားရပါတယ်။
မက်ဟာ အေမီဝီလျံဆိုတဲ့အမျိုးသမီးနဲ့ လက်ထပ်ကြဖို့ ခမ်းမငှားရမ်းဖို့ လစ်ဗာပူးကမှတ်ပုံတင်ဌာနမှာ ဧပြီလက စာရင်းပေးခဲ့ပါတယ်။ ဌာနက တရားဝင်အခမ်းအနားလုပ်ဖို့ အတွက် အချက်အလက်တွေဖြည့်ဖို့  လက်ထပ်ခွင့်စာရွက်စာတမ်းတွေ ကို ပေးလိုက်ပါတယ်။
လက်ထပ်ရမယ့်နေ့ ကိုရောက်မှ မက်ဟာ ဒီစာရွက်စာတမ်းတွေမဖြည့်ရသေးပဲ မင်္ဂလာအခမ်းအနားလုပ် မယ့် ခန်းမ ကိုလည်းကြိုတင်မငှားရမ်းထားရသေးကြောင်းသတိရပါတော့တယ်။ပြာယာခတ်
ကြံရာမရ ဖြစ်နေ တဲ့သတို့ သားဟာ နောက်ဆုံးတော့လုပ်မိလုပ်ရာလုပ်တော့တာပါပဲ။ သူ့ အိမ်နားကဖုန်းရုံကိုသွားပြီး မင်္ဂလာပွဲကျင်းပမယ့် စိန့် ဂျော့ ခန်းမကို ဒီလိုဖုန်းဆက်လိုက်ပါတယ်။
"စိန့် ဂျော့ခန်းမထဲမှာ ဗုံးတစ်လုံးရှိတယ်။ ၄၅မိနစ်အတွင်းပေါက်ကွဲတော့မယ်"ပြောပြီးတာနဲ့ ဖုန်းကိုချက်ခြင်းချလိုက်ပါတယ်။
ခန်းမထဲကလူတွေလည်းအကုန်ရုပ်ရုပ်သဲသဲထွက်ကြ၊ရဲတွေရောက်လာပြီးဗုံးရှာကြနဲ့ အကုန်အလုပ်ရှုပ် ကုန်ပါတယ်။တစ်နာရီလောက်အကြာမှာ ခန်းမပြန်ဖွင့်ပါတယ်။
ခန်းမငှားထားတယ် လို့ ထင်တဲ့သတို့ သမီးကရောက်လာတဲ့အခါ မက်အာဒယ်နာမည်နဲ့ ခန်းမကို ကြိုတင်ငှားရမ်းထားတဲ့သူမရှိဘူးဆိုတာပေါ်လာပါတော့တယ်။
အဲဒီမှာ ရဲကစုံစမ်းစစ်ဆေးလိုက်တဲ့ အခါ ဗုံးလှန့် တဲ့တရားခံ မက်အာဒယ်ဆိုတာပေါ်လာတော့တာပါပဲ။
သတို့ သားကြီးကတော့ လစ်ဗာပူးကရောင်းတရားရုံးမှာမနေ့ ကရုံးတက်တာတွေ့ လိုက်ရပြီး ဒီလအတွင်းမှာ သူ့ အမှုကိုအမိန့် ချမယ်လို့ သိရပါတယ်။
(ကဲ....ဘယ်လောက်နမော်နမဲ့နိုင်လိုက်တဲ့ သတို့ သားလည်းလို့ ။ မင်္ဂဆောင်မယ့်ရက်တောင်မေ့ရ တယ်လို့ ဗျာ။)
the melting pot 4 u

source

No comments:
Post a Comment