Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

နှစ်တန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် နေ/စား လပေး ကျောင်းဆရာကို ဖမ်းဆီး

(မဇ္ဈိမ) အသက် ခုနစ်နှစ်ခွဲသာ ရှိသေးသည့် နှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ထွက်ပြေးတိမ်းရှောင်နေ သည့် ကျောင်းဆရာကို  …
အသက် ခုနစ်နှစ်ခွဲသာ ရှိသေးသည့် နှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ထွက်ပြေးတိမ်းရှောင်နေ သည့် ကျောင်းဆရာကို ဖမ်းဆီးရမိပြီဖြစ်ပြီး တရားစွဲတင်ထားသည်ဟု ထန်းတပင်ရဲစခန်းက ဆိုလိုက်သည်။
အဆိုပါ အမှုကို ကိုင်တွယ်နေသည့် ရဲအုပ် ၀င်းညွန့်က “အဲဒီကျောင်းဆရာကို မိထားပြီးပါပြီ၊ အခု တရားစွဲတင်
ဆောင်ရွက်ထားပါတယ်” ဟု အောက်တိုဘာ ၁၇ ရက်က မဇ္ဈိမ၏ မေးမြန်းမှုကို အတည်ပြုပြောခဲ့သည်။
အဆိုပါ တိုင်တန်းမှုမှာ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် လွန်ခဲ့သည့် စက်တင်ဘာ ၈ ရက် ညက
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာယကံရှင်မိသားစုက စက်တင်ဘာ ၉ ရက်နေ့တွင် အမှုဖွင့်တိုင်တန်းထားခြင်းလည်းဖြစ် သည်။
ကျေးရွာတွင် ကျူရှင်ဆရာအဖြစ် သင်ကြားပေးနေသော ကျောင်းဆရာတစ်ဦးထံ ကလေးငယ်အား ပညာ သင်ကြား
ပေးရန်အတွက် အပ်နှင်းထားရာမှ ယခုကဲ့သို့ ကြံစည်ခံရခြင်းဖြစ်သည်ဟု ကြံစည်ခံရသူကလေးငယ်၏ အဖွားဖြစ်သူ က အခင်းဖြစ်စဉ် ရက်ပိုင်းအတွင်းတွင် မဇ္ဈိမကို အတည်ပြု ပြောပြထားသည်။
“ကျွန်မတို့ အဲဒီကျောင်းဆရာကို အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်တိုင်တန်းထားပါတယ်” ဟု အဖွားဖြစ်သူက ပြောပြခဲ့သည်။
ယင်းနေ့ညက ၇နာရီခွဲကျော် အချိန်ခန့်တွင် သမီးငယ်လေးအား စာသင်ကြားပေးနေသော အဆိုပါ ကျောင်းဆရာက
နေအိမ်မီးဖိုခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ရန် အတင်းကြံစည်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အတင်း ရုန်းကန်ပြီး နေအိမ်သို့အရောက် ပြေးလာခဲ့သည်ဟုလည်း ကာယကံရှင် မိသားစု၏ ပြောပြချက်အရ သိရသည်။
ထို့နောက် အဆိုပါ ကျောင်းဆရာမှာ နေအိမ်ပေါ်ထိ လိုက်လာပြီး ကလေးငယ်အား မဟုတ်တာမပြောရန်နှင့် သူ့ ကျူရှင်တွင် လာရောက်သင်ကြားခြင်းမပြုရန် ပြောကြားသဖြင့် ကာယကံရှင်မိသားစုက နှင်လွှတ်ခဲ့ရသည်ဟုလည်း ကလေးငယ်၏ အဖွားဖြစ်သူက ဆိုထားသည်။
ယင်းကြံစည်လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး စွပ်စွဲတိုင်ကြားခံထားရသူမှာ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် တာဝန်ကျနေသော အသက်၂၀ ခန့်ရှိသူ နေ/စား လပေး ကျောင်းဆရာတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြု ထားသည်။
အဆိုပါ စွပ်စွဲခံထားရသူနှင့် ပတ်သက်၍ ထန်းတပင်ရဲစခန်းမှူး ဒု-ရဲမှူးသန်းဌေး က “တိုင်တန်းခံထားရသူက ထွက်ပြေးနေပါတယ်။ ကျွန်တော်တို့လည်း အပတ်တကုတ် လိုက်လံရှာဖွေနေပါတယ်” ဟုလည်း အမှုဖွင့် တိုင်တန်းထားစဉ်က ပြောခဲ့သည်။
ယင်းတိုင်တန်းမှုကို ရဲစခန်းအနေဖြင့် မှုခင်းအမှတ်စဉ် ၁၄၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးရမိ၍ စစ်ဆေးပေါ်ပေါက်ပါကလည်း ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင် အရေးယူရန် ဆောင်ရွက်ထားရှိသည် ဟု တိုင်းရဲဌာနမှ တဆင့်သတင်းထုတ်ပြန် ထားသည်။

No comments:

Post a Comment