Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 28, 2013

နိုင်ငံတကာ အလှမယ် တို့ ပါဝင်နွှဲပျော် မြန်မာ့အလှ သရုပ်ဖော် ကထိန်ပွဲတော်

28 October 2013 at 22:25

ကထိန် ပွဲတော် ဟူသည် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့၏ အထွတ် အမြတ် ထားရာ ဘာသာရေး ပွဲတော် ပင်ဖြစ်သည်။ အဆိုပါ ပွဲတော်ဖြစ် တည်လာပုံမှာ သာဝတ္ထိ ပြည်ဇေတဝန် ကျောင်းတော်တွင် သီတင်း သုံးနေ တော်မူသော မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကို ဖူးမြော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်း သုံးကျိပ်တို့က ဝါဆို ဝါကပ်ရာ ဖြစ်သည့် ကေတပြည်မှ ဝါကျွတ်ချိန် ခြေကျင် ကြွချီလာရာ မိုးသည်းထန်စွာ ရွာသွန်း၍ ရဟန်း အားလုံး မိုးရေစို စွတ်ကုန်ကြပါသည်။
ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့
ယင်းသို့ မိုးရေ စိုစွတ်နေသည့် သင်္ကန်းဖြင့် ရဟန်း အားလုံးက ကြွချီ ဖူးမြော် ကန်တော့ကြသည်ကို ဗုဒ္ဓ မြတ်စွာ ဘုရားရှင်က မြင်တော်မူ သောအခါ အဆိုပါ ဒါန ခရီး သည် ရဟန်းများ အပေါ် အကြောင်းပြုပြီး ပူရိမ ဝါကပ်ခြင်း အတွက် ကုံလုံပြည့်စုံသူ များဖြစ်၍ ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့ ရာမှဖြစ်တည် လာခဲ့ သည်။ ကထိန် ပွဲတော်ကို မြန်မာနိုင်ငံ တွင် ရှေး ပုဂံခေတ် လက်ထက်က စတင် ကျင်းပ လာရာ ယနေ့ထက် ထိ တိုင် ရှေးမူ မပျက် အစဉ်အလာ အတိုင်း ခြိမ့်ခြိမ့်သဲသဲ စည်ကား စွာ ကျင်းပ လျက်ရှိကြသည်။ ကျမ်းဂန်တော် များ မှာ ကထိန်ပွဲ ခင်းရာ၌ သင်္ကန်းဆက် ကပ်ခံကြ ရသော ရဟန်းတော် များ သည် ကထိန် အာနိသင် ငါးပါးခံစား ကြရသည် ဟု ဆိုထားပါသည်။

ကထိန်အာနိသင်ငါးပါး-

၁။ အနီးရှိ ရဟန်းတို့အား မပန်ကြား ဘဲ မြို့တွင်းရွာတွင်းသို့ဝင်ထွက် သွား လာနိုင်ခြင်း။
၂။ တိစီဝရိတ်ထင်သော သင်္ကန်ကို မယူဆောင်ဘဲ သွားလာနိုင်ခြင်း။
၃။ ရသမျှ သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ အလို ရှိသလောက် ထားရှိသုံးဆောင်နိုင်ခြင်း။
၎။ မအပ်စပ်သော အသုံး အနှုန်းဖြင့် ပင့်ဖိတ်ခြင်း ၊တောင်းခံခြင်းဖြင့် ရရှိ သည်ကို ခံယူသုံးဆောင်နိုင်ခြင်း။
၅။ ကထိန်ခင်းရာ ကျောင်းတိုက် အတွင်း ဖြစ်ပေါ် ရရှိလာသော သင်္ကန်း တို့ကို ကထိန်ခင်းသော ရဟန်းတို့ သုံးစွဲ နိုင် ခြင်း တို့ပင်ဖြစ်ပါသည်။ ထိုကထိန် အာနိ သင် ငါးပါးကို ရဟန်းများသည် တပေါင်း လပြည့်နေ့အထိ ရရှိခံစားနိုင်သည်။
သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန် ဆောင်မုန်း လပြည့်နေ့အထိ ကျင်းပ    
“ကထိန်ပွဲတော်” သည် ဗုဒ္ဓဘာ သာဝင် မြန်မာ လူမျိုးတို့၏ မွန်မြတ် သော အလှူဒါန ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ ကျင်းပကြသည်။ ရဟန်း သံဃာတော်များကို ဉတ်သင်္ကန်း အပြင် ပရိအက္ခရာ ရှစ်ပါးစုံလင်စွာ ဆက် ကပ်လှူဒါန်း ကြရာမှာ ဝါတွင်း သုံးလပတ် လုံးဝါမကျိုး မပျက်ဘဲ ပဝါရဏပြုသည့် ရဟန်းသံဃာ တို့သီတင်း သုံးရာကျောင်း တိုက်တွင်သာ ခင်းကျင်းကြသည်။

နိုင်ငံတကာ အလှမယ်တို့ နှင့်မြန်မာ့ အလှသရုပ်ဖော် ကထိန်ပွဲတော် အမှတ်တရ
ဆီးဂိမ်း အားကစား လှုံ့ဆော်ရေး ဖျော်ဖြေပွဲမှာ ပါဝင် ဆင်နွှဲခဲ့ပြီး ပရဟိတ ခရီးစဉ် အဖြစ် ညောင်ဦးမြို့သို့ သွား ရောက်ခဲ့သူ နန်းခင်ဇေယျာနှင့် နိုင်ငံ တကာ အလှမယ် ငါးဦးတို့ကို မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော် တစ်ခုဖြစ် သော ကထိန် ပွဲတော် ပုံရိပ် အလှပုံ ဖော်ရန် Asian Fame Media Group က စီစဉ်ရာ ဆီးဂိမ်း အားကစား လှုံ့ ဆော်ရေး ဖျော်ဖြေပွဲ မှာ ပါဝင်တင် ဆက်ခဲ့သည့် နိုင်ငံတကာ အလှမယ် ခြောက်ဦး အနက် ပြင်သစ် အလှမယ် Marion Ame’ lineau က ဖျော်ဖြေပွဲ ပြီးဆုံး သည်နှင့် ပြင်သစ်နိုင်ငံ သို့ ပြန်သွားသဖြင့် ကျန်ရှိသည့် နိုင်ငံတကာ အလှမယ် ငါးဦးက ပေါ်ပြူလာ ၏ ကမ်းလှမ်းမှုကို စိတ်ဝင်တစား လက်ခံခဲ့ကြသည်။ မြန်မာ့ အလှ တစ်ပါးဖြစ် သည့် ကထိန် ပွဲတော်ပုံရိပ် အမှတ်တရ ပုံဖော် ရိုက်ကူးရန်  အလှမယ်များ သည် ညောင်ဦးမှ ပြန်လည် ရောက်ရှိသည့် အောက်တိုဘာ ၂၃ ရက်နေ့ မှာပင် ညနေပိုင်း ၌ ကထိန်ပွဲတော် ပုံရိပ်အလှရှုခင်း အတွက် Asian Fame Media Group သို့ တက်ကြွစွာ စုရုံး ရောက် ရှိလာခဲ့ကြပြီး အချိန်လုကာ စီစဉ်ဆောင်ရွက် ရသည့် ကြားကပင်  နိုင်ငံတကာ အလှမယ် တို့သည်ပေါ်ပြူလာ ၏မေးခွန်း များကို စိတ်ပါလက်ပါ မဆိုင်းမတွ ရေးသား ဖြေကြားပေးခဲ့ကြသေးသည်။
နိုင်ငံတကာ အလှမယ်တို့ရဲ့ မြန်မာ့ရိုးရာ ကထိန်ပွဲပေါ်အမြင်

Hanna Carson (Ms. Newzealand)
“ဒီကိုလာပြီး ကထိန် မြင်ကွင်း အလှဓာတ်ပုံ ရိုက်ကူးရတဲ့ အတွက် ကျွန်မ အရမ်းကံကောင်း သူလို့ခံ စားမိပါတယ်။ အခုလို ရိုးရာ ယဉ်ကျေးမှု ဝတ်စုံ တွေဝတ်ရတာ ကိုလည်း နှစ် သက် မြတ်နိုး ပါတယ် ။မြန်မာလူမျိုး  တွေနဲ့ ဆုံတွေ့ ခွင့်ရတာကိုလည်း ပျော်ရွှင် ကြည်နူး မိပါတယ်”
Giulia Mascala (Ms.Italy   )
“ကျွန်မ ကလည်း အခုလို မြန် မာ့ရိုးရာ ယဉ်ကျေးမှု ဝတ်စုံဝတ် ဆင် ပြီး ကထိန် မြင်ကွင်း အလှဓာတ်ပုံ ရိုက်ကူး ရတာကို နှစ်သက်မြတ်နိုးပါတယ်။ အခုလို ရိုက်ကူးရေး မှာ ပါဝင် ခွင့်ရတဲ့  အတွေ့ အကြုံကြောင့် အများကြီး ဝမ်းသာပါတယ်။ ကျွန်မ အနေနဲ့ ချစ်ခင်ခြင်းနှင့် နူးညံ့ သိမ်မွေ့ခြင်း သဘောကို ကထိန် မြင်ကွင်း ဓာတ်ပုံ ရိုက်ကူးရာ မှာ ခံစား သိမြင်မိပါတယ်”
Xenia Likhcheva (Ms. Estonia)
“ကထိန်မြင်ကွင်း ရိုက်ကွင်းမှာ ခံစား မိတာကတော့ ကျွန်မ သိပ် ကို ဝမ်းမြောက် ဝမ်းသာဖြစ်ရခြင်း ပါပဲ။ ကျွန်မ ကို မြန်မာ လူမျိုး တွေက အခု လို သူတို့ အမြတ် တနိုး တန်ဖိုး ထားပြီး လှပ တင့်တယ်တဲ့ ရိုးရာ ယဉ်ကျေးမှု ဝတ်စုံတွေကို ဆင်မြန်းဖို့ အခွင့်အရေး ပေးကြတာကို အထူး ဝမ်းမြောက်ရ ပါတယ်။ အခု ဓာတ်ပုံ ရိုက်ကွင်း က တအား ကို ရင်သပ် ရှုမောဖွယ် ကောင်း ပါတယ်။ ကျွန်မကို အခုလို အင်မတန် ကျက်သရေ ရှိပြီး အမြင်မှာလည်း တင့်တယ် လှပတဲ့ ရိုးရာ ယဉ်ကျေးမှု ဝတ်စုံ ဆင်မြန်းပေးပြီး အလှဓာတ် ပုံတွေ ရိုက်ကူးပေးကြတဲ့ အတွက် ကိုယ် တိုင်လည်း တကယ့် မြန်မာ အမျိုးသမီး တစ်ယောက်လို ခံစားခွင့် ရအောင် ဖန် တီးပေးကြတယ် လို့ခံစားမိပါတယ်”
Leong Ying Me (Ms. Singapore)
“အခုလို ရည်ရွယ်ချက် ကောင်းပြီး ကထိန်မြင်ကွင်းကို ဖော်ကျူးတဲ့ အလှ ဓာတ်ပုံ ရိုက်ကူးရေးမှာ ပါဝင်ခွင့် ရလို့ ဂုဏ်ယူမိပါတယ်။ နောက်ပြီး လှပ တဲ့ ရိုးရာ ယဉ်ကျေးမှု ဝတ်စုံကို ဝတ်ဆင် ပြီး အလှဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့တဲ့ အတွက်လည်း အထူးပဲ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်”

Dolgion Delgerjav (Ms. Mongolia )
“တအား ပျော်ပါတယ်။ ကျေးဇူး လည်း အထူးတင်ပါတယ်”။ Ms. International 2010 စခန်းသွင်း လေ့ကျင့်စဉ်နှင့် ပြိုင်ပွဲ ကာလ တစ်လျှောက် လုံးမှာ အခန်းဖော်ဖြစ် ခဲ့သည့် နန်းခင်ဇေယျာနှင့် ပတ်သက်ပြီး မွန်ဂိုလီးယား မယ် ဒိုလ်ဂျီယန် ဒယ်လ်ဂါဂျဗ်၏ အမှတ် တရရှိခဲ့သော ထင်မြင်ချက် ကိုလည်း သူကပြောပြရာ “Ms. Nan က Ms. International Beauty Pageant မှာတုန်းက ကျွန်မရဲ့ အခန်းဖော် ဖြစ်ခဲ့ပါတယ်။ သူက တအားလည်း လှတယ်။ ခင်ဖို့ လည်းကောင်းတယ်။ ကူညီတတ် တယ်။ နောက်ပြီး အတွင်း စိတ်ရင်းက ကောင်းပါတယ်။ နန်းကို ကျွန်မ သိပ်ကို ခင်မင်ပါတယ်။ နောက်ပြီး သူ့ကို ကျွန်မရဲ့ ထာဝရ မိတ်ဆွေကောင်း အဖြစ် အမြဲကျေးဇူး တင်မိပါတယ်”

နန်းခင်ဇေယျာ (Ms. Myanmar)
“သူတို့ အနေ နဲ့လည်း ခရီးသွားစရာ ရှိတာကိုတောင် ဖျက်ပြီးတော့ ဒီလို အမှတ်တရ ဓာတ်ပုံ ရိုက်ပေးတာ ကိုကျေးဇူးတင်မိပါတယ်။ ပြီးတော့ ခုလို ကထိန်မြင် ကွင်းလေး ကိုနိုင်ငံတကာ အလှမယ်တွေ နဲ့ အတူ ဓာတ်ပုံရိုက်ခွင့် ရပြီးတော့ သူတို့ကို ရှင်းပြရတာကို လည်း ဂုဏ်ယူပါတယ်။ သူတို့က အထူး အဆန်း ဖြစ်နေတာပေါ့။ ဒါ လှူမယ့် ပစ္စည်း လို့ ပြောပြတဲ့ အတွက် သူတို့ လည်း ဝမ်းသာတာပေါ့။ ညီမတို့ ငယ်ငယ်တုန်း ကဆို ကျောင်းမှာ ကထိန်ခင်းရင် အတန်း သားတွေ ပိုက်ဆံတွေ စုပြီး ဝိုင်းလုပ်ကြ တာပျော် စရာကြီးပါ။ ဒီလှူတဲ့ အလေ့အထကမြန်မာပြည်မှာရှိလို့ဂုဏ်ယူမိပါတယ်”
အလှမယ်များ၏  ပဒေသာပင်နှင့် ကထိန်အလှူတော်ကျင်းပမည်
 နိုင်ငံတကာ အလှမယ် များနှင့် နန်းခင်ဇေယျာ တို့၏ မြန်မာ့ရိုးရာ ထိုင်မသိမ်း ဝတ်စုံများဖြင့် မြန်မာ့ ဟန်ပန်နန်း ဆန်ဆန် ကျက်သရေ မင်္ဂလာအပေါင်း နှင့် ကထိန် ပွဲတော်ကြီး အတွက် ပဒေသာပင် သီးနေဟန် ပုံရိပ်များက မြင်ရသူများကို ကြည်နူးရစေ၏။ ယင်းသို့ နိုင်ငံတကာ အလှမယ်များ ကိုယ်တိုင် သီးခဲ့သည့် ပဒေသာပင် ကိုနိုဝင်ဘာ၂ ရက် နေ့တွင် ရန်ကုန်မြို့ ၊မြောက်ဥက္ကလာပ မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၆ကွေ့ရှိ ဇမ္ဗူအေး ကျောင်းဝင်း အတွင်းတွင် ရှိသော “အာရုံ သစ် လူငယ် ဖွံ့ဖြိုးရေး ပရ ဟိတ ဂေဟာ ကျောင်း” သို့ ပို့ဆောင်ကာ ကထိန်ခင်းကြမည် ဖြစ်၍ အဆိုပါ ကထိန် အလှူတော် အပေါ်အလှမယ် နန်းခင်ဇေယျာက “ပဒေသာပင် သီးတယ် ဆိုတာ သိပ်ကို မွန်မြတ်ပါတယ်။ အဲဒီအတွက် လည်း ပေါ်ပြူလာ မိသားစု တစ်တိုက်လုံး ကိုယ် စားဂုဏ်ယူပါတယ်”ဟု ပြောသည်။
ကထိန်ပွဲတော်အမှတ်တရ
ပေါ်ပြူလာ ဂျာနယ် မျက်နှာဖုံး ရိုက်ကူး နိုင်ရန် ဦးဆောင် ကူညီပေး ပါသော နန်းခင်ဇေယျာနှင့် တကွ အလှမယ် များ၊ ဝိုင်းဝန်း ကူညီပေးခဲ့ ကြပါသော ဝတ်စုံနှင့် လက်ဝတ် ရတနာ -ပြည်စိုးအောင်၊ မိတ်ကပ် အလှ -မိတ်ကပ် ကိုမာ၊ စိုးစိုး၊ ပန်း အလှ- လင်းလင်း၊ အားဖြည့် ကူညီသူ မရည်မွန် (ယဉ်ကျေးမှု တက္ကသိုလ်)၊ ဓာတ်ပုံ-ကိုနိုင် (ပေါ်ပြူလာ) နှင့် Escape Studio အဖွဲ့ကို အထူး ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် အပ် ပါသည်။


 ပေါ်ပြူလာ အယ်ဒီတာအဖွဲ့
Popular Journal

No comments:

Post a Comment