Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2013

X-Men မှ ဇာတ်ရုပ်အကြောင်း ပြောပြခဲ့သည့် ဂျနီဖာလောရင့်စ်



ဂျနီဖာသည် X-Men ဇာတ်ကားများတွင် ဒုတိယမြောက် ပါဝင်မှုအဖြစ် Days of Future Pastတွင် ရုပ်ပြောင်းရုပ်လွှဲ ဖန်တီးရှင် Mystiqueအဖြစ် သရုပ်ဆောင်ထားသည်။

X-Men ဇာတ်ကားသစ်တွင် သူမအနေဖြင့် အဝတ်မပါဘဲ ဆေးပြာများခြယ်ကာ သရုပ်ဆောင်ခဲ့ရကြောင်း ဂျနီဖာ လောရင့်စ်က ပြောကြားခဲ့သည်။ ဂျနီဖာသည် X-Men ဇာတ်ကားများတွင် ဒုတိယမြောက် ပါဝင်မှုအဖြစ် Days of Future Pastတွင် ရုပ်ပြောင်းရုပ်လွှဲ ဖန်တီးရှင် Mystiqueအဖြစ် သရုပ်ဆောင်ထားသည်။ ဂျနီဖာသည် X Men နောက်ဆုံးထွက် ဇာတ်ကား First Classတွင်လည်း အဆိုပါ ဇာတ်ရုပ်အတွက် တစ်ကြိမ်ပါဝင်ထားပြီး ဖြစ်သည်။ Silver Linings Playbook စတား ဇာတ်ဆောင်မင်းသမီးက "အဲဒီဇာတ်ရုပ်အတွက် ကျွန်မ အဝတ်အစားတွေ ချွတ်ထားခဲ့ရပါတယ်။ Mystiqueရဲ့ ပုံရိပ်ဟာ နည်းနည်းတော့ အပြောင်းအလဲတွေ ရှိလာတယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ဆေးသားကတော့ တူတူပါပဲ။ ဒါပေမဲ့ ဇာတ်ကားအရ Mystiqueရဲ့ သရုပ်သဏ္ဍန်က အပြောင်းအလဲတွေ ဖြစ်သွားတယ်"ဟု မှတ်ချက်ပြုခဲ့သည်။


သူမက "အဲဒီဇာတ်ကားမှာ (၁၉၇၀)ပြည့်နှစ် ဝန်းကျင်က ဖက်ရှင်တွေကို ဝတ်ရတာကိုတော့ ကျွန်မစိတ်ထဲမှာ သဘောကျမိတယ်"ဟုလည်း ဆိုသည်။ ဂျနီဖာသည် အဆိုပါ ဇာတ်ကားကို ရိုက်ကူးရင်း ချစ်သူဟောင်းဟော့တ်နှင့် ပြန်လည် နီးစပ်လာကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ယင်းတို့နှစ်ဦးသည် (၂)နှစ်မျှ အတူတွဲ Dateခဲ့ကြသော်လည်း ဇန်နဝါရီလက လမ်းခွဲဖြစ်ခဲ့သည်။ နစ်ကိုလက်စ်သည် First Classတွင်ရော Days of Future Pastတွင်ပါ The Beastအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။


Days of Future Pastတွင် ဂျနီဖာနှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည့် ဂျိမ်းစ်မက်အေဗွိုင်က ဂျနီဖာသည် ငယ်ငယ်ရွယ်ရွယ်နှင့် အော်စကာဆုရှင် ဖြစ်လာသည့်တိုင် ပြောင်းလဲမသွားဟု ပြောကြားခဲ့သည်။ Professor X၏ ငယ်ဘဝ ဇာတ်ရုပ်ကို တာဝန်ယူခဲ့သည့် ဂျိမ်းစ်က "ဂျနီဖာက ဘာမှ မပြောင်းလဲပါဘူး။ အရင်ဇာတ်ကား ရိုက်ခဲ့တုန်းက မိန်းကလေးအဖြစ်ပဲ ရှိနေတုန်းပါ။ သူရခဲ့တဲ့ အောင်မြင်မှုတွေက သူ့ရဲ့ စိတ်ဓာတ်ပိုင်းကို မပြောင်းလဲစေပါဘူး။ ဒါကြောင့်လည်း ဂျနီဖာကို ကျွန်တော်တို့ သဘောကျကြတာပါ"ဟု မှတ်ချက်ပြုသွားသည်။

Planet

No comments:

Post a Comment