Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 19, 2013

ကားပြပွဲသို့ လာရောက်ကြည့်ရှုရုံ ဖြင့် Toyota ကားသစ်တစ်စီး ရရှိမည်


Thursday, September 19, 2013

မြန်မာနိုင်ငံတွင် ကျင်းပမည့် Yangon International Auto Show သို့ လာရောက်ကြည့်ရှုရုံဖြင့် Toyota ကားသစ်တစ်စီး ရရှိမည် ဖြစ်ကြောင်း “Smart Business Group”မှ သိရသည်။

အဆိုပါ ကားပြပွဲကို အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ မိုင်ဒါ ကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင် ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသူများ၊ ကား အရောင်းပြခန်းများမှ အိမ်စီးနှင့် လုပ်ငန်းသုံး ယာဉ်များ၊ စက်ယန္တရားကြီးများ၊ ကား ဘက်ထရီနှင့် ကား တာယာများ၊ ကား အင်ဂျင်ဝိုင်နှင့် အခြား စက်ဆီ၊ ချောဆီ ရောင်းဝယ်ရေး လုပ်ငန်းများ၊ ကား အလှဆင် ပစ္စည်းများ၊ ကား ကက်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကား အပိုပစ္စည်းများ၊ ကားတာယာ ကွန်ပေါင်းပန်းတင် လုပ်ငန်းများ အပါအ၀င် အခြားဆက်စပ်လုပ်ငန်းနှင့် ပစ္စည်းများကို အရောင်းပြခန်းများ စသည်ဖြင့် ပြခန်းပေါင်း လေးရာကျော် ဖွင့်လှစ်ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကားပြပွဲကြီးတွင် Showroom များ၊ ကားကုမ္ပဏီများ သာမက ကားဝယ်/ရောင်းများ၊ ကား ပွဲစားများနှင့် မိမိတို့၏အိမ်စီးကားများ ရောင်းချလိုသော တစ်ဦးချင်း ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း ပြပွဲ အတွင်း သတ်မှတ်နှုန်းထား ပေးသွင်း၍ ပါဝင်ပြသ ရောင်းချနိုင်ရန် စီစဉ်ပေးထားကြောင်း “Smart Business Group မှ သိရသည်။

ပြပွဲပြသချိန် ကာလအတွင်း လာရောက်ကြည့်ရှုရုံဖြင့် လူတစ်ဦးလျှင် ကံစမ်းမဲတစ်စောင်အား အခမဲ့ ကံစမ်းခွင့်ရရှိမည် ဖြစ်သလို ကားတစ်စီးဝယ်ယူသူ၊ သို့မဟုတ် ကားတစ်စီး မှာယူရုံဖြင့် အထူး ကံစမ်းမဲ လက်မှတ်တစ်စောင် ရရှိမည်ဖြစ်သည်။ ကံစမ်းခွင့်ရရှိသူများ အတွက် ပထမဆုအဖြစ် Toyota ကားအသစ် တစ်စီးကို တာဝန်ရှိသူများမှ မဲနှိုက် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး အခြား ဆုမဲများ အနေ ဖြင့် တီဗီ၊ ရေခဲသေတ္တာ၊ ဒီဗီဒီ၊ ထမင်းပေါင်းအိုးနှင့် အခြား ဆုမဲ တစ်ရာကျော်ကို နေ့စဉ် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်များအား အပြိုင်အဆိုင် ဈေးနှုန်း လျှော့ချရောင်းချမည့် အဆိုပါကားပြပွဲတွင် ပြခန်းများ ပါဝင်ပြသ ရောင်းချလိုပါက ပြပွဲကျင်းပရေးကော်မတီ Smart Business Group ဖုန်း ၀၁ ၆၅၆ ၈၇၅၊ ၀၁ ၆၅၆ ၇၄၃၊ ၀၉ ၇၃၀ ၁၄၇၇၇၊ ၀၉ ၅၀၉ ၉၀၇ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

Automobile Journal

No comments:

Post a Comment