Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 28, 2013

Singapore မှာ စခဲ့တဲ့ ဘ၀ခြေလှမ်းကို UK နိုင်ငံမှာ ဆက်လျှောက်လှမ်း နိုင်ဖို့ ကြိုးစားခဲ့ရတဲ့ မတင်သန္တာဦး ရဲ့ အတွေ့အကြုံ



ကျွန်မအမည်က တင်သန္တာဦး ပါ။ ကျွန်မက စင်ကာပူမှာထင်ရှားတဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းကေ
န Advanced Diploma in Business Management ကို ရရှိခဲ့ပါတယ်။ စင်ကာပူအစိုးရကထုတ်ပေးထားတဲ့ ကျောင်းသားဗီဇာကလည်း သက်တမ်းမကုန်သေးတော့ UKမှာရှိတဲ့ University of Northumbria တက္ကသိုလ်မှာ B.A (Hons) International Business Management နောက်ဆုံးနှစ်ကို တက်ရောက် ဖို့ ကျောင်းမှာဖွင့်လှစ်ထားတဲ့ဌာနတစ်ခုဖြစ်တဲ့ -------- ကနေ တဆင့် လျှောက်ခဲ့ပြီး University of Northumbria ရဲ့ ကျောင်းလခ ကိုပါ တပါ တည်းသွင်းခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ UK ဗီဇာ လျှောက်ဖို့ အတွက် CAS Letter ကို စောင့်ခဲ့ရပါတယ်။ CAS Letter ကလည်း ကျောင်းလခ သွင်းပြီး ပြီးချင်း ကျလာတာမျိုးမဟုတ်ဘဲ ကျောင်းဖွင့်ခါနီး မှ ကျလာတော့ စင်ကာပူမှာ အစိုးရကထုတ်ပေးထားတဲ့ ကျောင်းသား ဗီဇာသက်တမ်း က လည်း အဲဒီအချိန်မတိုင်ခင်ထဲကကုန်သွားခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာခဲ့ ရပါတယ်။ အဲဒီပြန်လာပြီးတဲ့နောက်မှာ စင်ကာပူက ကျောင်းနဲ့ဆက်သွယ် တာ ကောင်းကောင်းအဆက်အသွယ်မရခဲ့ပါဘူး။ UK ဗီဇာလျှောက်ဖို့အတွက် ကို လည်း စင်ကာပူနိုင်ငံက ကျောင်းမှာ လက်ရှိကျောင်းတက်ရောက်နေတာ မဟုတ်တဲ့အတွက် ကျောင်းဘက်ကနေ ဗီဇာအတွက် အကူအညီ မပေးနိုင် ကြောင်းပြောခဲ့သလို ကျွန်မကိုလည်း UK ဗီဇာလျှောက်တာဟာ လွယ်ကူ ကြောင်းနှင့် ဘာမှထွေထွေထူးထူးလုပ်စရာမလိုကြောင်းကိုပါ ပြောခဲ့ ပါသေးတယ်။ CAS Letter မှာငွေသွင်းထားတဲ့ amount မှာ Full payment ဖြစ်ရမဲ့အစား ၅၀% နှန်းပဲရရှိတယ်လို့ဖေါ်ပြချက်ကိုလည်း ပြင်ပေး ဖို့တောင်းဆိုခဲ့ပေမယ့် လုပ်မပေးနိုင်ကြောင်း အကြောင်းပြန်ကြားချက်ကိုပဲရခဲ့ပါတယ်။

တကယ်တမ်းလက်တွေ့ကျတော့ ကျောင်းခေါ်စာလက်ထဲမှာရှိရုံနဲ့ UK ဗီဇာက လွယ်လွယ်ကူကူနဲ့ လျှောက်လို့ရတာမဟုတ်ပါဘူး။ တစ်ခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အခြားလုပ်ဆောင်ရမည့် အချက်တွေ အမျိုးမျိုး ရှိတယ် ဆိုတာကို ကျွန်မနောက်ပိုင်းမှာ လေ့လာမှ သိရှိခဲ့ရပါတယ်။ အဲဒီလို အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့ကျွန်မဟာ UK ဗီဇာကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို အကြံဥာဏ်ပေးနိုင်မဲ့သူကို စုံစမ်းတဲ့အခါမှာ ကျွန်မကို အမှန်တကယ်ကူညီပေးနိုင်ခဲ့တဲ့ Future Way နဲ့ ဆက်သွယ်မိပါတယ်။ 

Future Way ဟာ Education UK က နေပေးတဲ့ UK အသိအမှတ်ပြု Certificate for Agent ကိုလည်း ရရှိထားပြီး UK မှာရှိတဲ့ တက္ကသိုလ် ကောလိပ်တွေမှာ ကျောင်းတက်ဖို့ လျှောက်ထားခြင်းနဲ့ ပတ်သက် ပြီးတော့လည်း အတွေ့အကြုံအပြည့်အ၀ရှိထားတဲ့ ပညာရေးအတိုင်ပင်ခံ ဖြစ်ပါတယ်။ Future Way ကို ရောက်သွားပြီဆိုထဲက ကျောင်းသားတစ်ဦးရဲ့ ကျောင်းလျှောက်ထားမှုအခြေအနေကိုမေးမြန်းပြီး ဘယ်စာရွက် စာတမ်းတွေ ကိုလိုအပ်တယ် ၊ ဘယ်စာရွက်စာတမ်းတွေကဖြင့် မလိုအပ်တာတွေကို တိကျပြတ်သားစွာ အကြံပြုပေးပါတယ်။ Future Way မှာရှိတဲ့ တာဝန်ရှိ သူတွေဟာ ကျွန်မကိုလိုအပ်ချက်တွေကို တစ်ယောက်ပြီးတစ်ယောက် တစ်ခုပြီးတစ်ခု အသေးစိတ်မေးတဲ့အတွက်ကျွန်မအချိန်တော်တော်ပေးပြီး ဖြေကြားခဲ့ရပါတယ်။ ဒီအတွက် Time Consuming ဖြစ်တဲ့အတွက် ဘာလို့များဒီလောက်တောင် အချိန်ယူပြီး မေးခွန်းတွေမေးလဲလို့ထင်မိတယ်။

ဒါပေမယ့် Future Way ရဲ့ UK မှာရှိတဲ့ ရုံးခွဲကြောင့်လည်း University of Northumbria နဲ့ ချိတ်ဆက်ပြီးလုပ်ရတဲ့ လုပ်ငန်းစဉ်တွေကို ပိုမို အဆင်ပြေ မြန်ဆန်စေပါတယ်။ ဗီဇာလျှောက်ဖို့အတွက်လည်း ကျောင်းလခ အပြည့်အ၀ ပေးပြီးကြောင်းပါရှိတဲ့ CAS Letter ကို နောက်တစ်ကြိမ်ပြန်ရအောင် Future Way က ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ ဗီဇာ အင်တာဗျူး ဖြေဆိုဖို့အတွက် အတွေ့အကြုံ အပြည့်အ၀ရှိတဲ့ Guide နဲ့ အင်တာဗျူး ဘယ်လိုဖြေဆိုရမလဲဆိုတာရယ်၊ ဆောင်ရန်၊ ရှောင်ရန်တွေကိလည်ုး ပြင်ဆင်ပေးပါတယ်။

အဲဒီလို Future Way က ကူညီဆောင်ရွက်ပေးလို့ UK ဗီဇာ ကိစ္စတွေ အားလုံး အဆင်ပြေသွားခဲ့ပါတယ်။ ဗီဇာလျှောက်ထားတဲ့အခါ ဗီဇာ ရမရ သိရဖို့အတွက် လေးပတ်လောက်စောင့်ရပါတယ် ကျွန်မ သူငယ်ချင်းတွေ အားလုံးက သုံးပတ်လောက်နဲ့ ဗီဇာကျတော့ ကျွန်မပိုပြီးစိတ်ပူရတာပေါ့။ အဲဒီအချိန်မှာ Future Way က သံရုံးကို ဖုန်းဆက်ပြီးမေးတော့ ညီမတို့ အင်တာဗျူးဖြေတဲ့အသုတ်က သုံးပတ်ကျော် လေးပတ်လောက်အထိ ကြာမှာဖြစ်တယ်ဆိုတဲ့အကြောင်းသိရတော့မှ နည်းနည်းစိတ်ဖြေသာရာ ရပါတယ်။ 

ရက်ပေါင်းသုံးဆယ်ပြည့်ပြီးတဲ့နောက် မှာ ဗြိတိသျှသံရုံးက ဖုန်းဆက်ပြီး အဖြေလာယူဖို့ပြောတဲ့အချိန်မှာတော့ စိတ်ထဲမှာ ၀မ်းသာရမလို ၀မ်းနည်းရမလို ဖြစ်နေတာပေါ့။ နောက်တော့ ဗီဇာတကယ်ရပြီဆိုတာ သိလိုက်တော့ အတိုင်းမသိဝမ်းသာရပါတယ်။

ကျွန်မကို တကယ်ပံ့ပိုးကူညီပေးခဲ့တဲ့ မိဘ၊ မိတ်ဆွေတွေနဲ့ Future Way ကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ 

ကျွန်မလိုဘဲ UK မှာကျောင်းတက်ဖို့အခက်အခဲဖြစ်နေတဲ့ သူငယ်ချင်းများ အတွက် ကြိုတင်ပြင်ဆင်ဖို့ အချက်လေးတွေမျှဝေပေးချင်ပါတယ်။ အဓိကကတော့ Observation Skill ကောင်းဖို့လိုပါတယ်။ ကျောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကိုယ့်အတွက်ကော၊ ဗီဇာအင်တာဗျူး ဖြေတဲ့အချိန်မှာ အောင်မြင်စွာဖြေဆိုနိုင်ရန်အတွက်ပါ လေ့လာထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်သွားမဲ့နိုင်ငံ၊ လူမျိုး နဲ့ နေရာဒေသ ဓလေ့စရိုက်တွေကိုလည်း လေ့လာသိရှိထားရပါမယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်း အတွေ့အကြုံရှိတဲ့ သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ကျွန်မလိုဘဲ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် အားလုံးသော ညီအစ်ကို မောင်နှများ လိုရာခရီးကို ချောချောမွေ့မွေ့နှင့် အခက်အခဲ မရှိရောက်လှမ်းနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်ကို လှမ်းနိုင်သော သားကောင်းသမီးများ ဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ တကယ့်ကို စိတ်ရင်းစေတနာဖြင့် UK ဗီဇာနဲ့ ပတ်သက်ပြီး ကူညီအကြံပေးခဲ့တဲ့ Future Way ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

တင်သန္တာဦး
B.A (Hons) International Business Management
University of Northumbria

No comments:

Post a Comment