Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

မွေးနေ့အမှတ်တရအဖြစ် Playboy အတွက် ဓာတ်ပုံအရိုက်ခံမည့် ကိတ်မော့စ်



သူမ၏ အသက်(၄၀)ပြည့် အမှတ်တရ အထူးအစီအစဉ်အဖြစ် Playboy မဂ္ဂဇင်းတွင် ညို့အားပြင်းပြင်း ပကတိ အလှဓာတ်ပုံ အရိုက်ခံရန် ကိတ်မော့စ်က သဘောတူညီလိုက်သည်။ လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။ ဗြိတိသျှ နာမည်ကျော် မော်ဒယ်လ်ကို အဆိုပါ အထူးထုတ်အတွက် Playboyက ချဉ်းကပ် ကမ်းလှမ်းခဲ့ပြီး ကိတ်ကလည်း လက်ခံခဲ့ခြင်း ဖြစ်သည်။ Playboy၏ အယ်ဒီတာ ဒါရိုက်တာ ဂျင်မီဂျယ်လီနက်ခ်က လော့စ်အန်ဂျလိစ်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ကိတ်သည် အထူးထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးအတွက် အသင့်တော်ဆုံး မိန်းကလေး ဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးသွားသည်။

"Playboyဟာ တစ်ကမ္ဘာလုံး သိထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။ ဒီအတွက် Playboy အထူးထုတ်မှာ တစ်ကမ္ဘာလုံး လူသိများတဲ့ စံပြမော်ဒယ်လ် တစ်ယောက်ကို ကျွန်တော်တို့ လိုချင်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ အယ်ဒီတာအဖွဲ့အတွက် လူရွေးချယ်ဖို့ တွန်းအားပါပဲ။ ခုတော့ မော်ဒယ်လ်
လောကရဲ့ အကြီးမားဆုံး ကြယ်ပွင့်တစ်ယောက်ကို ကျွန်တော်တို့
ရွေးချယ်နိုင်ခဲ့ပါပြီ။ Playboyရဲ့ နှစ်(၆၀)ပြည့် အစီအစဉ်အတွက် ကိတ်ဟာ လုံးဝ ပြီးပြည့်စုံတဲ့ လက်တွဲဖော် ဖြစ်ပါလိမ့်မယ်"ဟု ဂျင်မီက ပြောကြား
သွားသည်။ Playboy မဂ္ဂဇင်းကို ထူထောင်သည့် ဟုဂ်ျဟက်ဖ်နာက "ကိတ်ဟာ တစ်ကမ္ဘာလုံးအဆင့် ကျော်ကြားတဲ့ နာမည်ကြီး တစ်ယောက်ပါ။
မော်ဒယ်လ်လောကရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

သူဟာ လိင်ဆွဲဆောင်မှု ပုံရိပ်နဲ့ အဆင့်မြင့် မော်ဒယ်လ်ဗီဇတို့ကြားက
ပေါင်းကူးမှုလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုအတွက် သဘာဝအကျဆုံး သင့်တော်သူပါပဲ"ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

No comments:

Post a Comment