Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

Nauruကျွန်းပို့ခံရတဲ့ အထဲမှာ မြန်မာတွေပါဝင်



နောက်ဆုံးရေးသားချိန် 13 September 2013, 7:51 AEST

သြစတြေးလျနိုင်ငံ ခရစ္စမတ်ကျွန်း ထိန်းသိမ်းစခန်းကနေ Nauru ကျွန်းကို ပို့ဆောင်လိုက်တဲ့ ခိုလုံခွင့်တောင်းခံသူမိသားစုတွေထဲမှာ မြန်မာနိုင်ငံက လူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

မနေ့က Nauru ကျွန်းကို ပို့ဆောင်လိုက်တဲ့ ခိုလုံခွင့်တောင်းခံသူအုပ်စုထဲမှာ ၃၁ ယောက်ပါဝင်ပြီး သူတို့တွေဟာ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံကလူတွေဖြစ်ပြီး အဲဒီထဲမှာ အသက်အငယ်ဆုံးက ၆နှစ် အရွယ်ဖြစ်တယ်လို့ Nauru အစိုးရက ပြောပါတယ်။

သြစတြေးလျရေပိုင်နက်ထဲကို မနေ့က တရားမ၀င် ၀င်ရောက်လာတဲ့ လှေထဲမှာ မြန်မာနိုင်ငံက လူတွေလည်းပါတယ်လို့ သိရပါတယ်။

တရားမ၀င် ၀င်ရောက်လာတဲ့လှေကို သြစတြေးလျ ရေတပ်က ဖမ်းမိခဲ့တာဖြစ်ပြီးတော့ သြစတြေးလျ ပိုင်နက်မှာရှိတဲ့ ခရစ္စမတ်ကျွန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အခုရောက်လာတဲ့လှေဟာ သြစတြေးလျ အတိုက်အခံပါတီ ညွန့်ပေါင်းအစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ဖမ်းမိတဲ့ တတိယ မြောက်လှေဖြစ်ပါတယ်။

မနေ့ကပဲ သြစတြေးလျရေတပ်ကလည်း ခိုလုံခွင့်တောင်းခံသူ ၇၄ဦး တင်ဆောင်လာတဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ လှေတစင်းကို ဖမ်းမိခဲ့ပြီး ခရစ္စမတ်ကျွန်းကိုပို့ဆောင်လိုက်ပါတယ်။ အခုဖမ်းခဲ့တဲ့ လှေဟာ သြစတြေးလျ အတိုက်အခံပါတီ ညွန့်ပေါင်းအစိုးရသစ်တက်လာကတည်းက တတိယမြောက် ဖမ်းမိခဲ့တဲ့လှေဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဗုဒ္ဓဟူးနေ့က မွတ်စလင် ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀ ကျော် တင်ဆောင်လာတဲ့လှေတစင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ မနေ့က ဆိုက်ရောက်လာခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ခိုလုံခွင့်တောင်းခံသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ကြပြီးတော့ အသက် ၁၅နှစ်နဲ့ ၄၀ ကြားမှာရှိပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဖက်ကနေ လာတာဖြစ်တယ်လို့ ယူဆ နေကြပါတယ်။

Nauru ကျွန်းထိန်းသိမ်းရေးစခန်းကိုလေယာဉ်နဲ့ရောက်လာတဲ့ ခိုလုံခွင့်တောင်းခံသူတွေ (Credit: ABC licensed)

Radio Australia - Myanmar

No comments:

Post a Comment