Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 19, 2013

ချစ်သူနဲ့လက်တွဲတော့မယ့် Nကိုင်ရာ



၁၉.၉.၂၀၁၃၊ ကြာသပတေးနေ့

သီချင်းအေးအေးလေးများဖြင့် ပရိသတ်အားပေးမှု အခိုင်အမာရခဲ့သော အဆိုတော် N ကိုင်ရာက ချစ်သူနှင့် အောက်တိုဘာလတွင် လက်ထပ်တော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၅ ရက် တွင် ရန်ကုန်မြို့ရှိ ကချင်နှစ်ခြင်းဘုရားကျောင်း၌ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်တွင် ဆီဒိုးနား၌ မင်္ဂလာညစာစားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း N ကိုင်ရာ က ပြောသည်။
““တောင်ကြီးမှာ သီချင်းသွားဆိုရင်းနဲ့တွေ့တာပါ။ အခု မင်္ဂလာကိစ္စနဲ့ အလုပ်ရှုပ်နေတော့ ဒါပြီးမှပဲ အခွေထွက်ဖြစ်မယ်ထင်တယ်”” ဟု N ကိုင်ရာက ပြောသည်။

N ကိုင်ရာ၏ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ် ““လေဒီ ကိုင်ရာ”” ဗီစီဒီအတွက် သီချင်းလေးပုဒ်ကို တရုတ်နိုင်ငံတွင် ရိုက်ကူးခဲ့ပြီး ကျန်သီချင်းများကို ပြည်တွင်းတွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
““လေးပုဒ်က တရုတ်နိုင်ငံမှာ ရိုက်ခဲ့တယ်။ ကျန်တာတော့ ဒီမှာပဲရိုက်မယ်။ တရုတ်ပြည်က ဒါရိုက်တာနဲ့ပဲ ရိုက်ခဲ့တာ ဒီကတော့ ပါသွားတာပေါ့။

ကိုင် သီချင်းလေးပုဒ်မှာ အဲဒီရောက်တော့ သီချင်းနှစ်ပုဒ်အတွက် တရုတ်မော်ဒယ်တစ်ယောက် ငှားတယ်။ ကိုင်ပဲ သရုပ်ဆောင်ထားတယ်”” ဟု Nကိုင်ရာက ဗီစီဒီရိုက်ကူးမှုအကြောင်းကို ပြောသည်။

စီးရီးနာမည်ကို တေးသီချင်း နာမည်ပေးထားခြင်းမဟုတ်ဘဲ ““လေဒီကိုင်ရာ”” ဟု အမည်သီးသန့်ပေးထားကာ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ Rခိုင်၊ လင်းလင်း၊ အောင်ကိုမြင့်တို့ ရေးသားပြီး ၂၀၁၂ စက်တင်ဘာလက စီဒီထွက်ရှိ ထားသည်။

7day daily


မြန်မာ့လင်းရောင်ခြည်

No comments:

Post a Comment