Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

MTV ပွဲဂယက်ကြောင့် Vogue မဂ္ဂဇင်းမျက်နှာဖုံးရှင်ဖြစ်ခွင့် မိုင်လီ လွဲချော်



နာမည်ကျော် Vogue မဂ္ဂဇင်းသည် အစောပိုင်းက မိုင်လီကို မျက်နှာဖုံးရှင်အဖြစ် ရည်ရွယ်ထားသော်လည်း နယူးယော့ခ်တွင် ပြီးခဲ့သည့်လက ပြုလုပ်သော ဖျော်ဖြေမှုနောက်ပိုင်း ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့

MTV ဗီဒီယိုဂီတ ဆုပေးပွဲတွင် ကြီးကြီးမားမား ဝေဖန်မှုများ ကြုံခဲ့ရသည့် ဖျော်ဖြေမှု ပုံစံကြောင့် မိုင်လီဆိုင်းရပ်စ်ကို Vogue မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် လျာထားစာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရှိရသည်။ ရော်ဘင်သစ်ကီနှင့် တွဲဖက်ပြီး ရမ္မက်နှိုးဆွသည့် ပုံစံမျိုး ဖျော်ဖြေမှုများကြောင့် အသက်(၂၀)အရွယ် Popဂီတ ကြယ်ပွင့်ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး သူမကမူ မိမိ၏ လုပ်ရပ်အတွက် အဆိုးမြင်မှုများကို ဂရုမစိုက်ကြောင်း ပြောကြားထားသည်။ နာမည်ကျော် Vogue မဂ္ဂဇင်းသည် အစောပိုင်းက မိုင်လီကို မျက်နှာဖုံးရှင်အဖြစ် ရည်ရွယ်ထားသော်လည်း နယူးယော့ခ်တွင် ပြီးခဲ့သည့်လက ပြုလုပ်သော ဖျော်ဖြေမှုနောက်ပိုင်း ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။


Vogue၏ အယ်ဒီတာချုပ် အန်နာဝင်တိုအာနှင့် နီးစပ်သူ တစ်ဦးက ဝင်တိုအာသည် ဒီဇင်ဘာလထုတ် Vogue မဂ္ဂဇင်းအတွက် မိုင်လီကို အစောပိုင်းက လျာထားသော်လည်း MTV ဆုပေးပွဲ ဖျော်ဖြေမှုကြောင့် အစီအစဉ် ပြောင်းလိုက်ကြောင်း ပြောကြားခဲ့သည်။ ဝင်တိုအာ၏ မိတ်ဆွေ တစ်ဦးက "အန်နာ အနေနဲ့ ခုဖျော်ဖြေမှု တစ်ခုလုံးက မနှစ်မြို့စရာလို့ ယူဆလိုက်ပါတယ်။ ဒါကြောင့် မိုင်လီရဲ့ ဖျော်ဖြေမှုကို အခြေခံပြီး ဆုံးဖြတ်ချက် အပြောင်းအလဲ တစ်ခုကို သူရွေးလိုက်တယ်။ ခုတော့ မဂ္ဂဇင်း မျက်နှာဖုံးအတွက် မိုင်လီကို နေရာပေးတော့မှာ မဟုတ်ပါဘူး"ဟု မှတ်ချက်ပြု သွားခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment