Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါဆေးစာများ - Dysuria ဆီးခဏခဏအောင့်လို့ပါရှင်



Dysuria ဆီးခဏခဏအောင့်လို့ပါရှင်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကျွန်မက မြန်မာပြည်မှာ မဟုတ်ပါဘူး။ အသက် ၃၁ နှစ် ထဲမှာပါ။ အိမ်ထောင်ကျတာ ၄ နှစ် ရှိပါတယ်။ ဒီဝေဒနာကို အိမ်ထောင် မကျခင်ကတည်းက ခံစားရတာပါ။ ခဏခဏ ဆီးကျင်ပါတယ်။ အဲ့လို ဖြစ်ရင် ဆီးစပ်ကလဲ အောင့်ပါတယ်။

ဆောင့်ကြောင့် ထိုင်မိလို့ ချက်ချင်း ပြန်ထရင် ဆီးစပ်က မခံမရပ်နိုင်အောင် အောင့်ပါတယ်။ ဆီးသွားတဲ့အခါလဲ အင်္ဂါစပ်က လိုလို အထဲကလိုလို ပူသလိုလို စူးသလိုလို ဘယ်လိုကြီးမှန်းကို မသိပါဘူး ခံစားရပါတယ်။ အလုပ်ကနေလဲ ခွင့် ခဏခဏ ယူရပါတယ်။ ဆေးခန်း သွားပြတိုင်း သူတို့က ပိုးဝင်တယ်လို့ ပြောပါတယ်။ Antibiotic တွေ သောက်ရပါတယ်။ သက်သာတဲ့အခါ ရှိသလို မသက်သာတဲ့ အခါလဲ ရှိပါတယ်။ နေပူထဲ သွားရင်လဲ ဆီးကျင်ပါတယ်။ ရေလဲ သူများထက်ကို ပိုသောက်ပါတယ်။ ရေသောက်တာ များလွန်းလို့ လူကလဲ ဝနေပါတယ်။ ညညဆိုလဲ ရေသောက်ပြီးမှ အိပ်ရပါတယ်။ တကယ်လို့ ညဘက်တွေ ဆီးထထ မသွားရင် မနက်နိုးလာရင် ဆီးကျင်ပါတယ်။ အဲ့လို ဆီးသွားပြီးတိုင်းလဲ ရေပြန်သောက် ရပါတယ်။ တစ်ညကို ၂ ခါ ၃ ခါ ထပြီး ဆီးသွားရပါတယ်။ ဆီးကျင်တဲ့ အခါမျိုးမှာ ကျွန်မ အတွင်းခံတောင် မဝတ်နိုင်ပါဘူး။ လူကလဲ အရမ်းကို မောပြီး နုံးပါတယ်။

အမျိုးသားနဲ့ ဆက်ဆံတဲ့ အခါမှာလဲ အခါတိုင်းနီးပါးလိုလို ဆက်ဆံပြီးတိုင်း ဆီးကျင်ခြင်းကို ခံစားရပါတယ်။ တစ်ခါတစ်ခါ အမျိုးသားနဲ့ မဆက်ဆံဖြစ်တာ တော်တော်ကို ကြာသွားတတ်ပါတယ်။ တစ်ပတ်မှာ တစ်ခါတောင် မနေဖြစ်ပါဘူး။ တစ်ခါ တစ်ခါ လနဲ့ချီပါတယ်။ အဲ့လိုမျိုးတွေ ဖြစ်နေလို့  အမျိုးသားလဲ ကျွန်မ အပေါ်မှာ စိတ်ပျက်သွားမှာ စိုးမိပါတယ်။ ဒီလို ဝေဒနာ ခံစားရတဲ့ အချိန်ဆိုရင် အရမ်းကို ငိုရပါတယ်။ နာကျင်လွန်း သေချင်လောက်တဲ့ထိကို ခံစားရလွန်းလို့ ပါ။ နောက်ပြီး ကျွန်မရဲ့ မိန်းမကိုယ်ကလဲ မကြာခဏ ယားပါတယ်။ မခံမရပ်နိုင်အောင် ယားခြင်းမျိုးလဲ ရှိပါတယ်။ အမြဲတမ်း သန့်စင်ရည် နဲ့လဲ ဆေးပါတယ်။ တစ်ခါ တစ်ရံ အနံ့ဆိုးတဲ့ အရည်ကြည်လိုမျိုးလဲ ဆင်းပါတယ်။ ခုလို ဝေဒနာများကို နှစ်နဲ့ချီပြီး ခံစား နေရပါတယ်။ ဆေးခန်းသွားလဲ ခဏသာ သက်သာပြီး ပြန်ပြန် ဖြစ်ပါတယ်။ အနည်းဆုံး တစ်လမှာ သုံးကြိမ်လောက် ခံစားရပါတယ်။ ဒါကြောင့် ဘယ်လို ဝေဒနာမျိုး ခံစားနေရတယ်၊ ဘာတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးစေလိုပါတယ်။

အဖြူဆင်းတာကို သပ်သပ်ရေးထားတာ ပါးလိုက်ပါမယ်။ Vaginal discharge (Leucorrhoea) မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

ဆီးလမ်းပိုးဝင်တာဟာ အမျိုးသမီးတိုင်း တခါမဟုတ် တခါ ဖြစ်ကြရတယ်။ အပျိုလေးတွေရော၊ အိမ်ထောင်ကျခါစ၊ ဒါမှမဟုတ် လိင်ဆက်ဆံဘူးခါစ၊ ကလေးအမေတွေ အားလုံး ဖြစ်တတ်တယ်။ အိမ်ထောင်ကျခါစ ဖြစ်တာကို Honeymoon sickness လို့တောင် ခေါ်တယ်။

ထိပ်ဖျားက စရရင် Urethritis ဆီးလမ်းဝပြွန်ရောင်တာ၊ ဆီးအိမ်ကနေ အပြင်ထွက်စေတဲ့ပြွန် ဖြစ်တယ်။ အမျိုးသားတွေက ရှည်ပြီး၊ အမျိုးသမီးတွေမှာ တိုတယ်။ ဒါ့ကြောင့် အပြင်ကနေပိုးက ပိုပြီးလွယ်လွယ်နဲ့ ဝင်လာစေနိုင်တယ်။ STD လိင်ကတဆင့် ကူးစက်ပိုးတွေ အပါအဝင် တခြား ပိုးတွေလည်း ဖြစ်နိုင်တယ်။ ပိုးဆိုတာ ဗက်တီးရီးယား၊ ဖန်းဂတ်စ်၊ ဗိုင်းရပ်စ် စုံတယ်။ စအိုနဲ့ နီးလို့ အစာလမ်းကပိုး ဆီးလမ်းကို ဝင်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမျိုးက ယောက်ျားတွေမှာ အဖြစ်နည်းတယ်။ အမျိုးသမီး တွေမှာ ဆီးလမ်းဝပြွန်ရောင်ရာကနေ Cystitis ဆီးအိမ်ပါ ရောင်လာစေတတ်တယ်။ လိင်ဆက်ဆံဖက် အဖေါ်ကိုပါ ကူးစက်နိုင်တယ်။

STD ထဲက Gonorrhea (ဂနိုရီးယား) ယောက်ျားမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာလည်း Urethra ဆီးထွက်ပြွန်၊ Vagina မွေးလမ်းကြောင်း၊ Cervix သားအိမ်ဝ၊ Uterus သားအိမ်၊ Ovaries and Fallopian tubes မျိုးဥအိမ်နဲ့ သားအိမ်ပြွန် တွေအထိ ရောက်နိုင်တယ်။ Chlamydia နဲ့ Herpes simplex virus တွေလည်းဖြစ်တယ်။ Trichomonas ဆိုတဲ့ Parasite (ပါရာဆိုက်) ကလည်းဖြစ်စေနိုင်တယ်။ Escherichia coli ဗက်တီးရီးယား ကြောင့်လည်းဖြစ်တယ်။

လက္ခဏာတွေကတော့ ဆီးသွားရင် နာမယ်၊ ဆီးပူမယ်။ ဆီးခဏခဏ သွားခြင်မယ်၊ ဆီးကို ဒရောသောပါး သွားခြင်မယ်။
ရောဂါလက္ခဏာ မပေါ်ဘဲ ပိုးရှိနေနိုင်တယ်။ Gonorrhea နဲ့ Chlamydia ကြောင့်ဆိုရင် ယောက်ျားမှာ တခုခုပါ ဆင်းနိုင်တယ်။ ဆေးမကုဘဲထားရင်၊ ဆေးပါတ်မလည်ရင် Urethra ကျဉ်းသွားစေတတ်တယ်။ ပြည်ထွက်လာနိုင်တယ်။ နောက်ပိုင်း အထက်တက်ပြီး Bladder ဆီးအိမ်၊ Kidneys ကျောက်ကပ်တွေ ရောင်လာနိုင်တယ်။

Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
• ယောက်ျားတွေ STD ဖြစ်ရင် Gonorrhea အတွက် Injection Ceftriaxone နဲ့ Chlamydia အတွက် Azithromycin ဒါမှမဟုတ် Doxycycline သောက်ရမယ်။ တခြားပိုးဆိုရင် Septein ဒါမှမဟုတ် Ciprofloxacin ဆေး သောက်ခိုင်းတယ်။ ဗိုင်းရပ်စ် ဆိုရင် Acyclovir ပေးတယ်။
• လိင်ဆက်ဆံပြီးရင်တောင်မှ ပဋိဇီဝဆေး တကြိမ်သောက်ဘို့ ညွှန်တယ်။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။
• အမျိုးသမီးတွေ Cystitis ဆီးအိမ်ရောင်ရင် Antibiotic ပဋိဇီဝဆေးတွေ ပေးရတယ်။
o Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) 1 tablet 2 times a day for 4-5 days or ဆေးပြား တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o Nitrofurantoin 100 mg ၁ ပြား ၂-၄ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
o Amoxacilin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o လိင်ဆက်ဆံဘက် အသစ်ကနေဖြစ်ရင် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်။
• လေနာဆေး Antacid (Magnesium hydroxide) tablet ကို တခါသောက် ၁ ပြား တနေ့ ၃ ကြိမ်၊ ဆီး အက်စစ်ဓါတ်နည်းအောင်ပေးသေးတယ်။
• နာတာ သက်သာအောင် Hyoscine (Spasmogin or Buscopan) ကို တခါသောက် ၁ ပြား တနေ့ ၂-၃ ကြိမ်၊

ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ စစ်တာပါ။

ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။ ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။ လိင်မဆက်ဆံမီ ရေဆေးပါ။ အမျိုးသမီးသုံး Feminine hygiene sprays and scented douches ဆိုတာတွေ မသုံးပါနဲ့။

ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။
• Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။
• Water ရေ များများ သောက်ပါ။
• အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ Grains, Beans, Corn, Cranberries, Prunes, Plums, Yeast, Sour cream, Butter milk, Yoghurt အက်စစ်ဓါတ် များစေပါတယ်။
• Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach တွေကို အသင့်အတင့် စားနိုင်တယ်။
• Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။
• အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။
• Processed syrups (Packaged fruit juices, Sauces, pickles and artificial sweeteners) တွေကို အက်စစ် များနေသူတွေ ရှောင်သင့်တယ်။

Dr. တင့်ဆွေ
၆-၁၂-၂ဝ၁ဝ

No comments:

Post a Comment