Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

ရတနာပုံတက္ကသိုလ်စာမေးပွဲစတင် ဖြေဆိုသည့်နေ့တွင်ရေ၀င်နစ်မြုပ် မှုကြောင့်နာရီများစွာ ယာဉ်ကြော ပိတ်ဆို့ခဲ့ပြီး ကျောင်းသားကျောင်းသူ များအခက်အခဲဖြစ်ပေါ်




Tuesday, September 17, 2013

ရေနစ်မြုပ်မှုကြောင့်ရတနာပုံတက္ကသိုလ်သို့ သွားသည့် လမ်းပေါ်တွင်ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေသည်ကိုစက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်ရ ရတနာပုံတက္ကသိုလ်စာမေးပွဲများ စတင်ဖြေဆိုသည့်စက်တင်ဘာ ၁၆ ရက်တွင် ကျောင်းဝင်းအတွင်းအပြင်လမ်းများ ရေ၀င်နစ်မြုပ်မှုကြောင့် နာရီများစွာ ယာဉ်ကြောပိတ် ဆို့ခဲ့ပြီးသွားလာမှုအခက်အခဲဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

တောင်သမန်အင်း ရေလျှံမှုကြောင့် အင်းအနီး ၀န်းကျင်ရှိ ကျေးရွာများ ရေ၀င်နစ်မြုပ်ကာ ရတနာပုံ တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ကျောင်းအ၀င်အထွက လမ်းများအထိ ရေ၀င်နစ်မြုပ်ခဲ့မှုကြောင့် ရတနာပုံတက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ရန်ကုန်-မန္တလေးကားလမ်းနို့ချက်လမ်းမှ အ၀င်အထွက် ပြုလုပ်ရန်အသိပေး ထားကြောင်းသိရသည်။

''စာမေးပွဲဖြေဖို့မနက်က ကျောင်းသွားတော့ လမ်းတွေပိတ်နေလို့ဆိုင်ကယ်မောင်းလို့ရတဲ့ နေရာအထိပဲဝင်ပြီးအမြန်လမ်းမကြီးခုံးတံတား နေရာကနေ ကျောင်းကို လမ်းလျှောက်သွား ရတယ်။ တစ်နာရီလောက် လမ်းလျှောက်ပြီးမှ စာမေးပွဲ အခန်းထဲကိုရောက်တယ်။ အခန်းထဲရောက်တော့နောက်ကျနေပြီ'' ဟု မြန်မာစာ အဓိက ကျောင်းသား တစ်ဦးက ပြောကြားသည်။

''မနက်ကပြောသလောက်မဆိုးသေးဘူး။ အ၀င်ပဲရှိတယ်။ နေ့လယ် ပိုင်းရောက်တော့မနက်ပိုင်းဖြေပြီးပြန်လာတဲ့ သူတွေနဲ့နေ့ခင်းပိုင်းဖြေဖို့ လာတဲ့သူတွေနဲ့ လမ်းပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊လူတွေနဲ့အကုန် ကျပ်ပိတ်ကုန်တယ်။ ကျောင်းသူ တချို့ဆိုရင် ဆက်မတိုးဘဲ ထိုင်ငိုနေ တာတောင် တွေ့ရတယ်'' ဟုပထမနှစ် ဇီဝဗေဒကျောင်းသားတစ်ဦးက ပြောကြားသည်။ ရတနာပုံ တက္ကသိုလ်ကျောင်း သို့အ၀င်အထွက်နှစ်လမ်း ရှိရာတွင်တောင်မှမြောက်သိ ဖောက်လုပ်ထားသည့်အင်းပတ်လမ်းတွင် ရေကျော်နေမှုကြောင့်ဖြတ်သန်းသွားလာခွင့် မပြုရန်ယာယီတားမြစ်ထားကြောင်း သိရသည်။

''အင်းပတ်လမ်းက သွားလို့မရတော့ဘူး။ ဆိုင်ကယ်မြုပ်လုနီးနီးကိုရေက လမ်းပေါ် ကျော်နေပြီ။ အ၀င်အထွက် တစ်လမ်းပဲရှိတော့ပိုဆိုးတာပေါ့။ အခုလိုလမ်းမှာ ခက်ခက်ခဲခဲစိတ်ညစ်ခံပြီး စာမေးပွဲခန်းထဲ ရောက်အောင် သွားတော့လည်း ဘယ်လိုစိတ်နဲ့ စာမေးပွဲ ဖြေကြမလဲ'' ဟု ကျောင်းကြိုပို့ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေးကားလမ်း နို့ချက်လမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှုမှာ နှစ်နာရီကျော်သုံးနာရီနီးပါး ကြာမြင့်ခဲ့ပြီး၂၀၀၄ ခုနှစ်ကလည်းယင်းကဲ့သို့ တောင်သမန်အင်း ရေလျှံမှုကြောင့် ကျောင်းဝင်း အတွင်းအပြင်လမ်းများ ရေ၀င်နစ်မြုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment