Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 27, 2013

ကျောက်တုံးဖြင့်ထု၊ ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍သေဆုံးသွားသဖြင့် ကျူးလွန်သူများအား ဖမ်းဆီးအရေးယူ



၂၆-၉-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၇/၆)၊ လမ်း၏အနောက်ဘက်ခြမ်း ပေ(၁၇၀)ခန့်အကွာ Under pass သို့သွားသည့်လမ်းတွင် ““မြတ်အိနြေ်္ဒိ”” ကုမ္ပဏီဝင်းနေ နိုင်မိုး(၃၆)နှစ်တွင် ဦးခေါင်းနောက်စေ့သွေးထွက်ဒဏ်ရာ ၁ ချက်၊ ယာဒူးခေါင်း ၀ဲဘက်ဒဏ်ရာ ၁ ချက်တို့ရရှိကာ လဲကျနေသည်ကို တစ်ဝင်းတည်းနေ ဦးမြင့်စိုးဦး(၆၀)နှစ်မှ တွေ့ရှိသဖြင့် တာဝန်ရှိသူများထံသတင်းပို့ပြီး ညောင်ပင်သာတိုက်နယ်ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွား၍ ကိုဇော်ဇော်အောင်မှ တရားလိုပြုလုပ်တိုင်တန်းရာ ညောင်ပင်သာရဲစခန်း (ပ)၁၆၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။ စစ်ဆေးချက်အရ ၂၅-၉-၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် နိုင်မိုးသည် အရက်သေစာသောက်စားမူးယစ်ပြီး ““မြတ်အိနြေ်္ဒိ”” ကုမ္ပဏီဝင်းအတွင်း ဒါရိုက်တာနှင့် ၀န်ထမ်းများအား အော်ဟစ်ဆဲဆိုရမ်းကားပြီး ကုမ္ပဏီဝင်းအပြင်သို့ထွက်သွားခဲ့ကြောင်း၊ နာရီဝက်ခန့် အကြာ ကုမ္ပဏီအနီး ညောင်ပင်သာ-ဆိပ်ကြီး မြေသားလမ်းဘက်မှ သူခိုးသူခိုးဟု အော်ဟစ်ရိုက်နှက် သံများ ကြားရကြောင်း သိရှိရသည်။ ၎င်းနေ့ ၁၉၅၀ အချိန် ““မြတ်အိနြေ်္ဒိ”” ကုမ္ပဏီဝင်းနေ ၀င်းဇော်(၂၉)နှစ်အား စစ်မေးရာ သေဆုံးသူနိုင်မိုး အား သူခိုးသူခိုးဟုအော်ဟစ်၍ လိုက်လံထိုးကြိတ် ရိုက်နှက်ရာတွင်ပါဝင်ခဲ့ကြောင်း၊ ၎င်းမှ ကျောက်တုံးဖြင့်ထုပြီး တစ်ဝင်းတည်းနေသူများဖြစ်ကြသည့် ဇော်မြင့်(၃၆)နှစ်၊ သက်နိုင်ဝင်း(၂၄)နှစ်၊ ဟိန်းမင်းဦး(၂၉)နှစ်၊ ဖုန်းကျော်(၅၁)နှစ်၊ ဦးတင်ဝင်း(၅၅)နှစ်၊ မောင်မျိုး(ခ) မျိုးကြီး(၂၆)နှစ်၊ ဇော်မင်းထက်(၂၁)နှစ်၊ ရဲရင့်အောင်(၂၅)နှစ်တို့မှ ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်ရာတွင် ပါဝင်ကြောင်းသိရသဖြင့် ၀င်းဇော်ပါ(၉)ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment