Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 27, 2013

ခရမ်းစွဲ၊ မိုးကုတ်အနီ၊အပြာအစရှိ တွင်းထွက်ကျောက်များ မန်းဈေးကွက်အတွင်း၌ ၀ယ်ယူမှုများပြားနေ



မန္တလေးဈေးကွက်အတွင်း၌ နိုင်ငံခြားဧည့်သည်များက စိန်၊ကျောက်စိမ်းအစရှိသည့် ကုန်ပစ္စည်းများထက် တွင်းထွက် ကျောက်အမျိုးအစားများကိုသာ ပိုမိုဝယ်ယူမှုပြုလုပ်လာကြသည်ဟု တွင်းထွက်ကျောက်ကုန်သည် များထံမှ သိရှိရသည်။

မန္တလေးမြို့ဈေးကွက်အတွင်း၌ ခရမ်းစွဲ၊ မိုးကုတ် အနီ၊ အပြာ ကျောက်၊ ပြာခေါင်းစိမ်း၊ အပြာကျောက်၊ ရောင်စုံ အစရှိသည့် တွင်းထွက်ကျောက်အမျိုးအစားများကို ရောင်းချနေရကြောင်းနှင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင် သူများနှင့် ပြည်ပခရီးသွားများမှာ အများဆုံး လာရောက်ဝယ်ယူနေကြသည်ဟု ကုန်သည်တို့က ဆိုသည်။
`တွင်းထွက်ကျောက်တွေကို လာရောက်ဝယ်ယူမှုများတယ်၊ ပြည်ပ၀ယ်ယူမှုပြုလုပ်တဲ့သူများပါတယ်၊ စိန်က တော့ ၀ယ်ယူမှုတော်တော်လေး နည်းပါတယ်၊ ဒါအပြင် ကျောက်စိမ်းကလည်း သီသန့်ဈေးကွက်တစ်ခုအနေနဲ့ပဲ ၀ယ်ရောင်းရှိတယ်၊ သီးခြားအခုလိုမျိုးလာဝယ်တာမျိုးတော့ မရှိပါဘူး´ဟု မန္တလေးတိုင်းဒေသကြီး ကျောက်မျက်နှင့် လက်ဝတ်ရတနာလုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တွင်းထွက်ကျောက်အမျိုးအစားများ ၀တ်ဆင်မှုပိုင်းဆိုင်ရာများ ပိုမိုပြုလုပ်လာကြခြင်း၊ အရောင်အသွေးစုံလင်စွာ ဖြင့် သက်ဆိုက်ရာ ရွှေ၊ ရွှေဖြူတို့ဖြင့် ဒီဇိုင်းသစ်ထွင်ကာ ၀တ်ဆင်မှုများပြုလုပ်လာကြခြင်း၊ ပြည်ပကုန်သည်များက စိတ်ဝင်စားမှု ပိုလာသောကြောင့် ဈေးကွက်တစ်ခုသဖွယ်ဖြစ်လာပြီး အရောင်းအ၀ယ်လိုက်လာခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှ သိရှိရသည်။
တွင်းထွက်ကျောက်များအရောင်းအ၀ယ်မှာ ယမန်နှစ်ကထက်ပို၍ အရောင်းအ၀ယ်ဖြစ်လာပြီး ၀ါတွင်းကာလ၌ပင် နှစ်စဉ် နှစ်တိုင်းကျောက်မျက်များကို ၀ယ်ယူမှုနည်းပါးလျက်ရှိသော်လည်း ယခုနှစ်တွင် အဆိုပါတွင်း ထွက်ကျောက်များမှာ ပြည်ပ ကုန်သည်များမှ လာရောက်ဝယ်ယူမှုကြောင့် အရောင်းအ၀ယ်ကောင်းမွန်လျက်ရှိသည်ဟု သိရသည်။

`၀ါတွင်းကာလမှာ အရင်က တွင်းထွက်ကျောက် အရောင်းအ၀ယ်ပါးပါတယ်၊ ဒီနှစ်က တစ် ဆင့် ပြန်ရောင်းတဲ့နယ် ၀ယ်လက်တွေလည်းဝယ်တယ်၊ ဆိုင်ဖွင့်တဲ့သူတွေကလည်း ၀ယ်တယ်၊ ပြည်ပဧည့်သည်တွေကလည်း ဆိုင်ရှေ့ ဖြတ်တာနဲ့ ၀ယ်ယူ ကြပါတယ်၊ အများဆုံးကတော့ ခရမ်းစွဲနဲ့ မိုးကုတ်အနီ၊ အပြာကျောက်တွေ ရောင်းနေရပါတယ်”ဟု ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
အဆိုပါကျောက်ဈေးနှုန်းများမှာ အရောင်အသွေး၊ အရည်အသွေး ပေါ်မူတည်၍ အနီးစပ်ဆုံးဈေးနှင့် ပေါက်ဈေးသတ်မှတ်ပြီး အရောင်းအ၀ယ်ပြုလုပ်လျက်ရှိကြောင်း၊ တွင်းထွက်ကျောက် အရည်အသွေးကောင်းမွန်လျှင် ပြည်ပကုန်သည်များအနေဖြင့် တစ်ပွင်တည်း ငါးကလပ် ၊ခြောက်ကလပ်ရှိသည်များကိုပင် ကျပ်သိန်းနှစ်ထောင်တန်သည့် ပမာဏအထိ ၀ယ်ယူမှုများပြု လုပ်လာသည်ဟု ဈေးကွက်အတွင်းမှ ၀ါရင့်ကျောက်သမားကြီးကိုကျော်ခိုင်က ဆိုသည်။
မှ-Myanmar Chronicle

No comments:

Post a Comment