မန္တလေး၊ စက်တင်ဘာလ ၁၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကျူးကျော်တဲတွင် နေထိုင်သူ
တစ်ဦးထံမှ ငါးထောင်တန်နှင့် တစ်ထောင်တန် ငွေစက္ကူအတုများ တွေ့ရှိပြီးနောက်
အဆိုပါ ငွေစက္ကူအတု ကိုင်ဆောင်သူ၏ ဇနီးနှင့် သားဖြစ်သူကို စက်တင်ဘာလ ၉
ရက်နေ့တွင် ထပ်မံဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂) ရဲစခန်းထံ စုံစမ်းသိရှိရသည်။
အဆိုပါ ငွေစက္ကူအတုများ ယင်းအိမ်တွင် ဆက်လက်ကျန်ရှိနေသည်ကို တရားခံ၏
ဇနီးနှင့် သားဖြစ်သူက လာရောက် အပ်နှံခြင်း မရှိသည့် အတွက် ဆက်လက် အရေးယူ
ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
အောင်မြေသာစံမြိုနယ်၊ အိုးဘို ရွှေကျင်ရပ်ကွက်၊ တာဘောင်ဘေးရှိ
ကျူးကျော်တဲတွင် နေထိုင်သူ ရာဆင်း (ခ) ဦးကျော်စိန် (၆၅) နှစ်၏ အိမ်အား
စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် သတင်းအရ ဝင်ရောက် ရှာဖွေရာ
ငါးထောင်တန် ငွေစက္ကူအတု ၆၂ ရွက်နှင့် တစ်ထောင်တန် ငွေစက္ကူအသေး ၅၀၅ ရွက်၊
စုစုပေါင်းတန်ဖိုး ၈ သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ဦးရာဆင်း (ခ)
ဦးကျော်စိန်၏ အစစ်ခံ ထွက်ဆိုချက်အရ သိရသည်။
ငွေစက္ကူအတုဖြင့်
နွားလေးကောင်အား မတ္တရာမြို့နယ်၊ ကျောက်တံတားရွာ နွားပွဲဈေးသို့ သွားရောက်
ဝယ်ယူခဲ့သည် ဆိုသည့် ထွက်ဆိုချက်မှာ မခိုင်လုံသဖြင့် ၎င်း၏နေအိမ်သို့
စက်တင်ဘာလ ၈ ရက်နေ့ တွင် ထပ်မံရှာဖွေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ဦးရာဆင်း (ခ)
ဦးကျော်စိန်၏ ထွက်ဆိုချက်အတိုင်း သွားရောက် ရှာဖွေရာ ကြက်ခြံနှင့်
ဆိတ်ခြံခေါင်မိုးတို့တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်လျက် ဝှက်ထားသည့်
ငွေစက္ကူများကို မတွေ့ရှိ၍ ဇနီးဖြစ်သူ ဒေါ်ချစ်စုအား စစ်မေးရာ အဆိုပါ
ငွေအတုများအား စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဦးကျော်စိန်၏ ပထမဇနီး၏
သားဖြစ်သူ ဇော်မင်းဦးထံ ပေးအပ်ခဲ့ကြောင်း၊ ကြက်ခြင်းထဲတွင် ဝှက်ထားသော
ငွေစက္ကူများအား စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ၎င်း၏ အိမ်အရှေ့ဘက်
ရေအနည်းငယ်ရှိသော ရေမြောင်းထဲသို့ လွှင့်ပစ်ခဲ့သည်ဟု ပြောကြားကြောင်း၊
ဦးကျော်စိန်၏ သားနေအိမ်သို့ သွားရောက် စစ်ဆေးရာ ငွေအတုများကို
ကြွပ်ကြွပ်အိတ်နှင့် ထည့်လျက် အိမ်သာမြေကျင်းထဲသို့ လွှင့်ပစ်ထားကြောင်း၊
ရေမြောင်းထဲသို့ လွှင့်ပစ်လိုက်သည့် ၅၀၀၀ တန် ငွေစက္ကူအတု ၃၆ ရွက်၊ အိမ်သာ
မြေကျင်းထဲသို့ လွှင့်ပစ်သည့် ၅၀၀၀ တန် ငွေစက္ကူ ၁၆ ရွက်၊ ၁၀၀၀ တန် ငွေစက္ကူ
၆၈ ရွက် စုစုပေါင်း ငွေလေးသိန်းကျော်အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း
အဆိုပါရုံးထံမှ ထပ်မံစုံစမ်းသိရှိရသည်။
ဒေါ်ချစ်စု (ခ)
ဒေါ်ကြည်ကြည်ဝင်းနှင့် ဇော်မင်းဦးတို့အား အဆိုပါ ငွေစက္ကူအတုများ
အားသုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှုတို့အတွက် အောင်မြေသာစံမြို့နယ်ရှိ အမှတ်
(၂) ရဲစခန်းက (ပ)၂၃၂/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉-ခ/၄၈၉-ဂ အရ အရေးယူ
စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 16, 2013
ငွေစက္ကူအတု ကျပ်လေးသိန်းကျော် ထပ်မံတွေ့ရှိ၍ ကိုင်ဆောင်၊ သိမ်းဆည်း ထားသူ၏ ဇနီးနှင့် သားကို ဖမ်းဆီး
ငွေစက္ကူအတု ကျပ်လေးသိန်းကျော် ထပ်မံတွေ့ရှိ၍ ကိုင်ဆောင်၊ သိမ်းဆည်း ထားသူ၏ ဇနီးနှင့် သားကို ဖမ်းဆီး
Reviewed by VC
on
September 16, 2013
Rating: 5
Reviewed by VC
on
September 16, 2013
Rating: 5
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment