Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 8, 2013

ပုစွန်ဆိတ်အစပ်ကြော်


ပုစွန်ဆိတ်လေးများကို ရေစင်အောင် ဆေး၍ရေစစ်ကာ ဒယ်အိုးထဲတွင် ခြောက်ပြီး ရဲလာအောင် လှော်ထားပါ။ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့်ငရုတ်သီး ခြောက် တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက စိမ်းစားငါးပိအနည်းငယ် ထည့်ပြီးမွှေပေးပါ။ ငါးပိကျက်ပြီး အနံ့မွှေးလာလျှင် လှော်ထားသော ပုစွန်ဆိတ်လေးများနှင့်ဆား အနည်းငယ် ထည့်ပြီးမွှေပေးပါ။ပုစွန်ဆိတ်လေးများ ခပ်ခြောက်ခြောက်လေးဖြစ်လာပြီး ဆီပြန်လာပါက အပေါ့၊အငံ မြည်းကာ အရသာကောင်းမွန်သော ပုစွန်ဆိတ်အစပ်ကြော်လေး သုံးဆောင်လို့ ရပါပြီရှင်။ (၃၀၊၀၄၊၂၀၁၃ နေ့တွင်တင်ခဲ့သော ပုစွန်ဆိတ်အစပ်ကြော်ကို ချက်နည်းနှင့်တကွပြန်တင်ပေးတာပါ)

No comments:

Post a Comment