Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

တွေးရခက်သော အင်္ဂလိပ်ဝေါဟာရများ ၅ - တက္ကသိုလ်ထင်ကြီး


အင်္ဂလိပ်သုံးရိုးစကားတစ်ခုမှာ Perish the thought ဖြစ်၍ လုံးကောက်ဘာသာပြန်ရလျှင် ဒီအ တွေးကို သတ်ပစ်လိုက်ဟူ၍ ဖြစ်သည်။ ဤတွင် အဘယ်သို့သော အတွေးလဲ၊ ဘာကြောင့်သတ်ပစ်ရမည်လဲ ဘာကိုတင်စားပြီး ဆိုလိုတာလဲ စသည်ဖြင့် တွေးစရာရှိပါသည်။
ထိုစကားရပ်၏ တင်စားပြောလိုချက်မှာ ဒီလိုဖြစ်ချင်ဖြစ်လာမည်ဆိုသည့်အတွေးကို ဖျက်ဆီးပစ်ပါ။ သတ်ပစ်ပါဟု ဆိုရပါမည်။ မြန်မာအသုံးအနှုန်းနှင့် အနီးဆုံး အဓိပ္ပာယ်မှာ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ၊ ဘုရား သိကြားမလို့ ဒီလိုမဖြစ်ပါစေနဲ့ဟု အဓိပ္ပာယ်ရှိပါသည်။
My mother died about a year ago. Perish the thought that my father will marry again.
ကျွန်တော့်မိခင်သည် တစ်နှစ်ခန့်က ကွယ်လွန်ခဲ့သည်။ ဘုရားသိကြားမ၍ ကျွန်တော့အဖေ နောက် ထပ် အိမ်ထောင်မပြုပါစေနဲ့။
“မိုးတော့မရွာ၊ သို့သော် ရေလောင်းချသလို” It never rains but it pours ဆိုသည့် အင်္ဂလိပ်သုံး ရိုးစကားမှာ အတွေးရခက်ဖွယ်ရှိသည်။ ထိုစကားရပ်၏ အဓိပ္ပာယ်မှာ “ကံဆိုးမသွားလေရာ မိုးဆင့်၍ရွာ၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း” ဆိုသည့် မြန်မာလက်သုံးစကားနှင့် သဘောထားချင်းတူပါသည်။
First he was wrongly charged with embezzlement; then he lost his job. And then he lost his wife. It never rains but it pours.
ပထမ သူသည် ငွေလိမ်လည်မှုဖြင့် မှားယွင်းစွာ အရေးယူခြင်းခံရသည်။ ထို့နောက် အလုတ်ပြုတ် သည်။ တဖန် သူ့ဇနီး ကွယ်လွန်သည်။ နူရာဝဲစွဲ လဲရာသူခိုးထောင်း သဘောမျိုးပါတကား။
“ပေဖြစ်လျှင်ခံ၊ တူဖြစ်လျှင် နှံ” ဟူသော မြန်မာသုံးရိုးစကားကို ခေါင်းထဲ၌ ရှိနေသူများသည် “တူ အောက်ရောက်နေသည်” be under the hammer, come under the hammer ဟူသော စကားရပ်ကို အနှံခံရပြီဟု တွေးကောင်းတွေးမိပေမည်။ စင်စစ် ယခုဖော်ပြသောတူမှာ လေလံရောင်းသူ၏ လက်ရိုက်တူ ကလေးသာဖြစ်၍ လေလံဈေးတည့်သည့်အခါတိုင်း အတည်ပြုသည့်သဘောဖြင့် ထိုတူကလေးဖြင့်ခေါက်ရ သည်။ သို့ကြောင့် ထိုစကားလုံး၏ အဓိပ္ပာယ်မှာ လေလံတင်ခံရခြင်းကို ဆိုလိုသည်။
The factory owner was unable to settle his outstanding debts and his factory came under the hammer.
စက်ရုံပိုင်ရှင်သည် ပေးဆပ်ရန်ရှိသော အကြွေးများကို မပေးဆပ်သောကြောင့် သူ့စက်ရုံမှာ လေလံ အတင်ခံရသည်။
စလေဦးပုညသည် မေတ္တာစာတစ်ခု၌ “ပါးစပ်နှင့် မအား၊ လဲ၍ ထားသကဲ့သို့” ဟူ၍ ဖိဖိနှိပ်နှိပ် နှိုင်း ယှဉ်ရေးခဲ့ဖူးသည်။ ထိုစကားနှင့် ခပ်ဆင်ဆင် အင်္ဂလိပ်သုံးရိုးစကားမှာ “ခြေထောက်ကဲ့သို့သောလက်ရှိ သည်” တစ်နည်းဆိုရလျှင် “ခြေထောက်နှင့် လက်လဲထားသကဲ့သို့” ဟူသော to have a hand like a foot စကားရပ်ဖြစ်သည်။ ဦးပုညကဲ့သို့ ဖိဖိနှိပ်နှိပ် ပြောခြင်းမဟုတ်သော်လည်း လှောင်သံပါသည်။ အဓိပ္ပာယ်မှာ ဘာပဲကိုင်ကိုင် လက်မမြဲ၊ လက်ဖြင့်ဘာပဲလုပ်လုပ် သပ်သပ်ရပ်ရပ်မရှိဟု ဆိုခြင်းဖြစ်သည်။
You'll break it if you are not careful. You have a hand like a foot.
သတိထားကိုင် ကွဲသွားမယ်။ မင်းက တယ်ပြီး လက်မြဲတဲ့ကောင်မဟုတ်ဘူး။
Be careful. You've butter-fingers. သတိထား မင်းမှာ ထောပတ်နဲ့လုပ်ထားတဲ့လက်ချောင်းတွေ ရှိတယ်ဟုဆိုလျှင် အဓိပ္ပာယ်ရှင်းမယ် မဟုတ်ပေ။ သဘောမှာ ကိုင်တွယ်သမျှ လွတ်ကျတတ်ခြင်း၊ လက်မမြဲ ခြင်းကိုပင် ဆိုလိုသည်။
လက်မမြဲသည်ပင် one's fingers are all thumbs ဟူ၍ လည်းကောင်း၊ to have ten thumbs ဟူ၍လည်းကောင်း သုံးနှုန်းကြသည်။
“အမြီးနှစ်ခွပေါက်သည့်ခွေးကဲ့သို့” to be like a dog with two tails ဆိုရာ၌ အင်္ဂလိပ်တို့သည် ထို သို့သော ခွေးမျိုးခံစားရသောစိတ်ဓာတ်ကိုထည့်၍ စဉ်းစားဟန်တူသည်။ ခွေးတို့အတွက် အမြီးသည် သဘောကျသောအခါ နှန့်ရသော ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်ရာ အလွန်သဘောကျလာလျှင် အမြီးတစ်ခု ထက် အမြီးနှစ်ခုဖြင့် နှန့်ရပေလိမ့်မည်ဟု အင်္ဂလိပ်တို့ တွေးကြဟန်တူသည်။ သို့ကြောင့်လည်း ထိုသုံးရိုး စကားမှာ အလွန်ကျေနပ်ဝမ်းသာရခြင်းကို ဖော်ညွှန်းခြင်းဖြစ်၏။
He has just bought a brand new car and he is like a dog with two tails.
သူ ကားအသစ်ကျပ်ချွတ်တစ်စီး ဝယ်ပြီးကာစဖြစ်၍ သူသည် အလွန်ကျေနပ်ဝမ်းသာနေသည်။
To worship one's watches ဆိုသည့် ခေတ်သုံးဝေါဟာရမှာ နာရီကို ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့ သို့ ကိုးကွယ်ခြင်းကို မဆိုလို။ အချိန်ဇယားဖြင့် အလုပ်လုပ်တတ်၊ နေတတ် ထိုင်တတ်သူကို ဆိုလိုသည်။
Most of the urban workers are those who worship their watches.
များသောအားဖြင့် မြို့နေအလုပ်သမားများသည် အချိန်ဇယားကို မျက်ခြည်မပြတ်ကြည့်၍ အလုပ် လုပ်ကြသူများဖြစ်သည်။
နာရီ၌ နှစ်မျိုးနှစ်စားရှိသည်။ watch မှာ အိတ်ဆောင်သို့မဟုတ် လက်ပတ်နာရီမျိုးဖြစ်၍ clock မှာ မိမိနှင့်အတူ အလွယ်တကူသယ်ဆောင်မသွားနိုင်သော နာရီ၊ စားပွဲတင်၊ တိုင်ကပ် စသည့် နာရီမျိုးဖြစ် သည်။
clock နှင့် စပ်လျဉ်းသော သုံးရိုးစကားတစ်ခုမှာ clock watcher “နာရီကို ကြည့်နေသူ” ဖြစ်သည်။ အလုပ်ကို စိတ်မဝင်စား၊ အလုပ်သိမ်းချိန်ကိုသာမျှော်၍ နာရီကိုပဲကြည့်နေသူဟု အဓိပ္ပာယ် အပြည့်အစုံပေး သည်။
In my team of workers there are no clock-watchers.
ကျွန်ုပ်နှင့် အတူတူလုပ်သည့် အလုပ်သမားများတွင် အလုပ်သိမ်းချိန်ကိုသာ စိတ်စော၍ မျှော်နေသူ များ မရှိ။
To face the music ဟူသော သုံးရိုးစကားကို ဗြိတိသျှကရော၊ အမေရိကန်ကပါ သုံးနှုန်းကြသည်။ သို့သော် အဓိပ္ပာယ်မှာ အနည်းငယ်ကွဲပြားသည်။
“ဂီတနှင့်ရင်ဆိုင်သည်” ကို အမေရိကန်အသုံးအနှုန်းအရ အန္တရာယ်ရှိသောအခြေအနေ၊ မနှစ်မြို့ ဖွယ်အခြေအနေ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာကို ရင်ဆိုင်ရသည်ဟု ဆိုလိုသည်။
ဗြိတိသျှအသုံးအနှုန်းမှာမူ ထိုသို့သော အခြေအနေတို့ကို ကြံ့ကြံ့ကြီးရင်ဆိုင်သည်ဟု ကြိယာဝိသေ သနထည့်၍ အဓိပ္ပာယ်ပေးသည်။
Dr.Verwoerd will have to face the music of his opponents' criticisms of apartheid.
ဒေါက်တာဗာဝပ်သည် အသားအရောင်ခွဲခြားသည့် ဝါဒနှင့် ပတ်သက်၍ အတိုက်အခံများ၏ ဝေဖန် ချက်များကို ကြံ့ကြံ့ကြီး ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
Ba Shan dres a caricature of the school teacher on the blackboard. When he was asked to report to the Head Master he said: "I guess I'll have to face the music."
ဘရှမ်းသည် အတန်းဆရာ၏ ရုပ်ပြောင်ကို အတန်းသင်ပုန်းပေါ်၌ ဆွဲခဲ့သည်။ ဆရာကြီးက သူ့ထံ လာရန် ခေါ်သောအခါ သူက “ငါတော့ အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မှာပဲ“ဟု ပြောသည်။
Game ဟူသော အင်္ဂလိပ်စကားသည် ကစားပွဲဟူ၍လည်းကောင်း၊ အမဲလိုက်ရာ၌ ရရှိသော အမဲ ကောင်၏ အသားဟူ၍လည်းကောင်း အဓိပ္ပာယ်နှစ်မျိုးရသည်။
To give the game away ဆိုသောအခါ၌မူ ထိုစကားရပ်၏ အဓိပ္ပာယ်သည် ကစားပွဲနှင့်လည်း မဆိုင်၊ အမဲကောင်၏ အသားနှင့်လည်း မဆိုင်၊ လျှို့ဝှက်ချက်တခုခုကို ဖွင့်ပြောသည်ကို ဆိုလိုခြင်းဖြစ် သည်။
My wife and I planned a surprise gift for our only daughter but my wife gave the game away when she made a slip of the tongue.
ကျွန်တော့်ဇနီးနှင့် ကျွန်တော်သည် ကျွန်တော်တို့၏ တစ်ဦးတည်းသောသမီးကို လက်ဆောင်တစ်ခု မမျှော်လင့်ဘဲ အံ့အားသင့်သွားအောင် ပေးဖို့ စီစဉ်ထားသည်။ သို့သော် ကျွန်တော့်မိန်းမက စကားတစ်ခွန်း လွှတ်ခနဲထွက်သွားသောကြောင့် ထိုလျှို့ဝှက်ချက်မှာ ပေါ်သွားရသည်။

တက္ကသိုလ်ထင်ကြီး

No comments:

Post a Comment