Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

မူဆလင်မဟုတ်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အကြမ်းဖက်မှု



ပြီးခဲ့တဲ့စနေနေ့ က ကင်ညာရဲ့ မြို့ တော်နိုင်ရီုဘီမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုကြောင့် အနည်းဆုံးလူ၂၂ ယောက်သေ ဆုံးခဲ့ရပါတယ်။ အကြမ်းဖက်သမားတွေဟာ မူဆလင်မဟုတ်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အနောက်တံခါးဆိုတဲ့မောလ် ထဲမှာ ကလေးများနေ့ ကျင်းပနေ တုန်း အကြမ်းဖက်သမားများ က၀င်ရောက်ပစ်ခတ်သွားခဲ့ တာဖြစ်ပါတယ်။ ရဲချုပ်ဘင်ဆန်က ဒီဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ပါ။ဒီအကြမ်းဖက်မှုပါဝင်တဲ့သူ ၁၀ယောက်ထက်မပိုပါဘူး လို့ ပြောပါတယ်။ဒီအကြမ်းဖက်မှုမှာ အမျိုးသားသုံးယောက်နဲ့  အမျိုးသမီးတဦးပါဝင်တယ်လို့ ရဲအရာရှိတဦးကပြောပါတယ်။
ကင်ညာအစိုးရက အစ္စလာမ်သောင်းကျန်းသူတွေကို ချေမှုန်းဖို့  တပ်ဖွဲ့ တွေစေလွှတ်မှု အပေါ်လက်တုန့် ပြန်ဖို့ အတွက် ဆိုမာလီ သူပုန်အဖွဲ့  အယ်လ်ရှာဘက်ဟာမှာနိုင်ရိုဘီမှာတိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်ဖို့ ၂၀၁၁ ခုနှစ်ကတည်းက သန္နိဌာန်ချထားခဲ့တာပါ။ဒီအနောက် တခါးမောလ်ကို အစ္စရေးလူမျိုးကပိုင်ဆိုင်ပြီး  အခင်းဖြစ်ပွားစဉ်မှာရှိခဲ့တဲ့သူဖြစ်တဲ့ အယ်လီဂျာပြန်ပြောပြတာက  သေနတ်သမားတွေက မူဆလင်တွေကို မတ်တပ်ရပ်ပြီး ဘေး မှာနေဖို့ ကြေငြာပါတယ်။ မူဆလင်တွေကိုဘေးကင်းလုံခြုံစေပြီး   ကျန်တဲ့မူဆလင်မဟုတ် သူတွေကိုပစ်မှတ် ထားတိုက်ခိုက်တာဖြစ်တယ်လို့  ဆိုပါတယ်။

သေနတ်သမားတွေဟာ အေကေ ၄၇သေနတ်တွေနဲ့ လက်လုပ်ဗုံးတွေကိုင်ဆောင် ထားပြီး မောလ်ထဲကို လက်ပစ်ဗုံးတွေ၊သေနတ်တွေနဲ့ အော် ဟစ်ပစ်ခတ်ပြီးတဲ့နောက်  တန်းစီပြီးထွက်သွားတာ ၁၅ ယောက်လောက်ရှိမယ်လို့  ကားရပ်တဲ့နေရာမှာပုန်းအောင်းနေခဲ့တဲ့သူတယောက်ကပြောပါတယ်။
တချို့ လူတွေက တံခါးဝမှပဲပစ်သတ်ခံခဲ့ရပါတယ်။ လူတွေကသူတို့ ကလေးတွေကိုထွက်မပြေးအောင်ဖက်ပွေ့ ထားကြပြီးတချို့ ကတော့ ငိုနေကြပါတယ်။ တနေရာမှာတော့ ၀န်ထမ်းတယောက်က ဒဏ်ရာရတဲ့ကလေးကို  ဈေးဝယ်တဲ့တွန်းလှည်းထဲ ထည့်ပြီးသယ်လာတာကိုတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး) 

သွေးထွက်သံယိုပုံများပါဝင်ပါသည်။
 နှလုံးအားနည်းသူများမကြည့်ပါရန်
 
Kenya mall attackKenya mall shootingFleeing: A child runs to safety across the shopping mallScared: Clearly distressed, this family join hands as they make their way out of the building. Bullet wounds can be seen in the glass behind themCat and mouse: A security officer points out the location of where some of the terrorists may be hiding to his colleagues, all three of whom have their pistols at the readyProtection: A mother and her children lie on the floor as they attempt to hide while the gunmen armed with automatic weapons go on the rampageGunfight: Police are still trying to escort people away from the site where fighting continues Search: Police scour the centre with guns to try and locate the terrorists still holding hostages Shattered glass: A police officer tries to secure an area inside the Westgate Shopping Centre where gunmen went on a shooting spree in Nairobi
Rescue: A policeman carries a baby to safety on the barrel of his gun while a woman ducks for safety behind him
SourceVictim: Rescuers attempt to evacuate a man injured in a shootoutKillings: At least 15 people are believed to be dead, although police have not confirmed a death tollEscape: An injured man who managed to flee the attackers is treated by paramedics outside the shopping centre

နိုင်ရိုဘီမြို့ ကုန်တိုက် တိုက်ခိုက်မှု လူ ၂၀ သေဆုံး


Kenya
ဗွီအိုအေ (မြန်မာဌာန)
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ထဲက ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ ကုန်တိုက်ကြီး တစ်ခုထဲမှာ သေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီးတော့ လေး-ငါး- ၆၀ လောက် ဒဏ်ရာ ရသွားတယ်လို့ ကင်ညာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

Westgate ကုန်တိုက်မှာ သေနတ်သမားတွေက သေနတ်တွေ၊ လက်ပစ်ဗုံးတွေ နဲ့ စနေနေ့အစောပိုင်းတုန်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ကလေးငယ်တွေအပါအဝင် တော်တော်များများလည်း ဒဏ်ရာ ရသွားပါတယ်။ ကုန်တိုက်ထဲမှာ ဆက်ပြီးတော့ ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ ရာနဲ့ချီနဲ့ သေနတ်သမားတွေကြားမှာလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။

ကုန်တိုက်အပေါ် ပစ်မှတ်ထား တိုက်ခိုက်ပုံရတဲ့ ဒီပစ်ခတ် တိုက်ခိုက် မှုတွေကြောင့် ထိတ်လန့်နေကြတဲ့ ဈေးဝယ်အတော်များများ ထွက်ပြေး ခဲ့ကြပါတယ်။ ကုန်တိုက်ထဲကနေ မီးခိုးတွေကိုလည်း ဝင်ပေါက် ထွက်ပေါက်တွေ ကနေတဆင့် မြင်နေရပါတယ်။ ကုန်တိုက်ပတ်လည်ကိုလည်း ရဲတွေက ဝိုင်းထားဆဲ ဖြစ်ပါတယ်။

“ကုန်တိုက်ကို ဓမြတိုက်ဖို့ မအောင်မြင်တဲ့ကြိုးစားမှု” လို့ အစပိုင်းမှာ ရဲတွေက ပြောပါတယ်။ ဒါပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ သတင်း မီဒီယာတွေက သတင်းတွေ ထုတ်ပြန်နေပါတယ်။ Westgate ကုန်တိုက်ဟာ ကင်ညာနိုင်ငံက ကြွယ်ဝချမ်းသာတဲ့ ကင်ညာလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေ အသွားများတဲ့ ကုန်တိုက်ဖြစ်ပါတယ်။

No comments:

Post a Comment