Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

အလုပ်ခွင်မပျက် ပညာသင်ကြားရင်း ဘွဲ့နှစ်မျိုး ရယူနိုင်

မြန်မာနိုင်ငံ ပညာရေး ဝန်ဆောင်မှု (Education Services) အတွက် နိုင်ငံတကာအဆင့် အရည်အသွေး စံချိန်မီ ISO လက်မှတ် ရရှိထားသော MCC Training Institute အနေဖြင့် ယခုနှစ် စက်တင်ဘာလက နေပြည်တော် ဒေသတွင် Campus  တွင် စတင် ဖွင့်လှစ်ထားပြီး ဖြစ်ရာ  အဆိုပါ Campus  တွင် ပုံမှန်တန်းခွဲများ သာမက အလုပ်ခွင်မပျက် ပညာသင်ကြားလိုသူများ အတွက် စနေ၊ တနင်္ဂနွေ (Part Time) သင်တန်းများပါ တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း MCC.i  နေပြည်တော် Campus မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

Part Time သင်တန်းကြေး အနေဖြင့် ပုံမှန်ထက် ကုန်ကျစရိတ် သက်သာစေပြီး အချိန်အားလပ်ရက် မရသော ဝန်ထမ်းများနှင့် လုပ်ငန်းခွင် ဝင်နေသူများကို ကျောင်းတက်နိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ပထမနှစ်အတွက် ကျပ်ခုနစ်သိန်း၊ ဒုတိယနှစ်အတွက် ကျပ်ကိုး သိန်းခွဲနှင့် တတိယနှစ် အတွက် ကျပ် ၁၈ သိန်းခွဲ သတ်မှတ်ထားကြောင်း၊ စာမေးပွဲအတွက် ဗြိတိသျှ ကောင်စီမှ သတ်မှတ်ထားသော ပညာသင်အတန်းလိုက် ကျသင့်မှု ရှိကြောင်း သိရသည်။

"Part Time မှာတော့ ပုံမှန် တန်းခွဲတွေမှာ ပါတဲ့ အင်္ဂလိပ်စာနဲ့ On Job Training မပါဝင်ပါဘူး။ ဒါကလည်း ပြဿနာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ လက်ရှိ ရှိနေတဲ့သူတွေကပဲ တက်တဲ့ သင်တန်းဆိုတော့ ကျန်တာကတော့ ပုံမှန်တန်းတွေ သုံးရက်နဲ့ တတ်တဲ့ သင်ခန်းစာကို နှစ်ရက်နဲ့ လိုက်သင်ရတဲ့ သဘောပဲ ရှိပါတယ်။ သင်တန်းချိန်ကတော့ စနေ၊ တနင်္ဂနွေ နံနက် ၉  နာရီ ကနေ၊ ညနေ ၄  နာရီအထိပါပဲ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။


တက်ရောက်နိုင်မည့် ဘွဲ့သင်တန်းများမှာ B.SC (Hons) Business IT Course နှင့် B.SE Engineering Course နှစ်ခုဖြစ်သည်။ MCC.i Nay  Pyi Taw Campus ဖုန်း - ၀၆၇-၄၂၁၆၁၇ Ext : 108 နှင့် ၀၆၇-၄၂၁၃၄၅ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

ကျော်ဇေယျ
အတွဲ (၁၄)၊ အမှတ် (၃၆)
Internet Journal

No comments:

Post a Comment