Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

“ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” - အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်၍


အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်၍

မြန်မာ လူမျိုး များ အတွက် မှတ်သားသင့်သော စကားစုများ..အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး

“ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ”
ဟူသော ရှေးရိုးစဉ်လာ စကားမှာလည်း မှတ်သားလိုက်နာဖွယ်ကောင်းလှသည်။၎င်းတို့ မှာ..

“ ပါသုံးပါ “ ဟူသည်
( ၁ ) အကြွေးတွေပါလာသူ၊
( ၂ ) ရောဂါဘယ ပါလာသူ၊
( ၃ ) အပိုစားမည့်သူ ပါလာသူ၊

“ ချာသုံးချာ “ ဟူသည်
( ၁ ) ပညာအရည်အချင်း နုံချာသူ၊
( ၂ ) အကျင့်စာရိတ္တ နုံချာသူ၊
( ၃ ) အလုပ်အကိုင် နုံချာသူ၊

“ ကွာသုံးကွာ “ ဟူသည်
( ၁ ) တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ၊
( ၂ ) အယူဝါဒမတူ ကွာခြားသူ၊
( ၃ ) စိတ်သဘောမတူ ကွာခြားသူတို့ ဖြစ်ကြသည်။

ကျွန်တော် ဖတ်မိသမျှ စာစုများ အား ပြန်လည် မျှဝေပါသည်
မြန်မာတို့၏ ယဉ်ကျေးမှုပုံရိပ်များ

No comments:

Post a Comment