CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 27, 2013
အစိုးရစည်ပင်မှ သားသတ်လိုင်စင်ကို သံဃာများက သိန်း ၂၀၀ ကျော်ဖြင့် လေလံဆွဲခဲ့ကြောင်း တိုင်းသံဃနာယက ဆရာတော် ဦးဝံသပါလ မိန့်ကြား
ကျိုက်လတ်၊ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လုံးကျွတ် အမဲသားသတ် လိုင်စင်များကို ယခုနှစ်အတွက် သံဃာတော်များက န၀ကမ္မငွေများဖြင့် စုဆောင်း၍ လိုင်စင်ဆွဲယူခဲ့ကြောင်း ဧရာဝတီတိုင်း သံဃာ့နာယက အဖွဲ့ဝင် ကျိုက်လတ် ကံကျောင်းဆရာတော် ဦးဝံသပါလက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။
ဆရာတော်က ““သိန်း ၂၀၀ ကျော်တယ်။ စည်ပင်ကို သွင်းလိုက်တယ်။ ဘေးမဲ့ပေါ့။ ဒီကျိုက်လတ်မှာ အမဲသားမရှိဘူး။ မရှိဘူး ဆိုတာကတော့ ရှိတော့ ရှိတာပေါ့။ ဒိုင်လျှိုလေးတွေ ကျတော့ ငါတို့လည်း မလိုက်နိုင် ဘူးလေကွာ။ ကျေးရွာကနေ အသိပေးရင်တော့ ချက်ချင်း ဆင်းဖမ်းတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ရိုက်စားနေရင်တော့ တို့လည်း မသိဘူး။ တစ်နှစ်ပဲ ရှိသေးတယ်။ ဒီနှစ်မှစတာ။
ငါတို့က သတ္တ၀ါတွေ ကယ်ဆယ်တာပေါ့ကွာ။ အကျဉ်းချုပ် ငါပြောမယ်။ အခြေခံလေး အကျဉ်းချုပ် ငါပြောမယ်။ ဒီဗလီကနေပြီးတော့ မနှစ်က တစ်ခုပြောမယ်၊ မနှစ်ကတုန်းက သူတို့ ဘယ်လောက်နဲ့စလဲ ဆိုတော့ ဆယ်ကောင်တော့ ကျော်တယ်။ သတ်တာ။ နောက်ဆုံးနှစ်က နှစ်ဆယ့်တစ်ကောင်။ နောက်ကျတော့ အကောင်ရေက ငါးဆယ်ကျော်လာရော။ လမ်းဘေးဈေးရောင်းတဲ့သူ တွေကလည်း တစ်ကောင်၊ နှစ်ကောင်၊ အဲလိုတွေ ဖြစ်လာတော့ ဒကာတွေ၊ ဒကာမတွေ ကလည်း လျှောက်လာတယ်။
လျှောက်လာခဲ့တဲ့ အခါကျတော့ ငါတို့ကလည်း အဲဒါကို လုပ်နိုင်၊ မလုပ်နိုင်၊ သတ္တ၀ါတွေကို ကယ်ချင်ပေမယ့် ကယ်နိုင်၊ မကယ်နိုင် ပြန်စဉ်းစားရတယ်။ နောက်ပိုင်း ညှိနှိုင်း လိုက်တဲ့ အခါကျတော့ ကယ်နိုင်တဲ့အဆင့် ရောက်တဲ့အခါကျတော့ စည်ပင်နဲ့ စကားပြောရသေးတယ်။ အများကြီး။ စည်ပင်က မပေးချင်ဘူးဆိုတာက …သံဃာတွေကနေ ဒီလေလံကို ယူလိုက်ပြီဆိုရင် လာမယ့်နှစ်ကျရင် ကြမ်းခင်းဈေးကလည်း တက်လို့မရဘူး။ အပြိုင်အဆိုင်တွေလည်း မရှိတော့ဘူး။ သူတို့ဘတ်ဂျက် လျော့သွားပြီ။ တကယ်လို့ ပုဂ္ဂလိကတစ်ယောက်က ဆွဲတယ်ဆိုရင် ဈေးပြိုင်တက်ရင် သူ့အတွက် လာဘ်လာဘရှိတယ်။ သူတို့က ဘယ်လောက် ရာခိုင်နှုန်းလဲ မသိဘူးရတယ်။ အခုဆွဲလိုက်တဲ့ အခါကျတော့ ဒါအလှူဖြစ်တဲ့ အတွက် သူတို့အတွက် လာဘ်လာဘလည်း မရှိတော့ဘူး။ နောက်နှစ်ကို စင်ပြိုင်လည်း မရှိတော့ဘူး။ အဲလိုဖြစ်သွားပြီ။ မဆွဲခင်က လေလံရှင်တွေ ရှိပေမယ့် ဒီလေလံကို လေလံ မတင်ဘူး။ ဘုန်းကြီးတွေက စည်ပင်နဲ့ ညှိပြီးတော့ မေတ္တာရပ်ခံ လိုက်ပြီးတော့ မနှစ်က ဈေးနဲ့ ယူလိုက်တာ။ အမှန်ဆိုရင် တကယ့်မူရင်းဈေးက အဲလို သိန်းရာချီ ပေးစရာမလိုဘူး။ တကယ်ဆိုရင် နိုင်ငံတော်အဆင့် ဆွေးနွေးပြီးတဲ့ အခါကျရင် လေလံဈေးကို လျှော့ချပြီးတော့ ယူလို့ရတယ်။ အခုက သိန်း၂၃၀ ဆိုတဲ့ ပိုက်ဆံက နည်းတာ မဟုတ်ဘူး။ အရင်နှစ်က နောက်ဆုံး လေလံဈေးကလည်း အဲလောက်မမြင့်ဘူး။
တိုင်းကနေပြီးတော့ တစ်ဝက်။ ဦးသိန်းအောင်ပေါ့။ ၀န်ကြီးချုပ်က ၅၀ ရာခိုင်နှုန်း လျှော့ပေးတာ။ တို့က တစ်ဝက်။ ငါတို့တစ်ဝက်က တစ်နှစ်တာ ပြည့်စုံသွားတဲ့အတွက် နောက်တစ်နှစ်တာလည်း ပြည့်စုံလောက်တယ်။ ၇၀၊ ၈၀ လောက်ရတယ်။ ငါတို့က ၉၃ အုပ်စု အကုန်လုံး တစ်အုပ်စုကို ငါးသောင်းနဲ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို အခြေခံပြီးတော့ အလှူခံတာ။ တစ်ဦးတည်း သုံးနှစ်စာ လှူတာတွေတောင် ရှိတယ်။ သူတို့လည်း အားတက်သရော စိတ်ပါဝင်စား စွာနဲ့။ ဆိုတော့ တို့က အလုပ်လုပ်တဲ့နေရာမှာ အဆင်ပြေတာပေါ့။
တို့ကျေးရွာတွေ ဆင်းပြီးတော့ စည်းရုံးရေးတရားဟောတယ်။ လယ်တီ ဆရာတော်ဘုရားကြီးပါ ပေးရ တယ်လေ။ ကျိုက်လတ်သား မှန်ရင်ပေါ့။ အမဲသား လှူပြီးသား ဖြစ်ရမယ်။ဧရာဝတီမှာ မအူပင်ရှိမယ်။ ဖျာပုံရှိမယ်။ ဒေးဒရဲရှိမယ်။ ဘိုကလေးရှိတယ်။ ကျိုက်လတ်က နောက်ဆုံးကျ တာပေါ့။ မော်ကျွန်းရှိတယ်။ တို့ကျိုက်လတ်မှာဆိုရင်တော့ လေးမြို့နယ်လုံး ရှိတယ်။ ဖျာပုံခရိုင် လေးမြို့နယ်လုံး ရှိတယ်။ပုသိမ်တို့ ဘာတို့ကျတော့ မပါသေးဘူး။ ပုသိမ်က သိန်းထောင်ချီတယ်။ ၁,၂၀၀ လား၊ ၁,၄၀၀ လားမသိ ဘူး”” ဟု မိန့်ကြားသည်။
စုပေါင်း၍ န၀ကမ္မများ စုဆောင်းထားသော မြတ်စေတနာ သံဃာအဖွဲ့တွင် ဦးဇဋိလ-ပ/ဥက္ကဋ္ဌ (နန္ဒ၀န်ကျောင်း ဆရာတော်)၊ ဦးစက္ကိန္ဒ-ဒု/ဥက္ကဋ္ဌ (စခန်းကြီးကျောင်းဆရာတော်)၊ ဦးပိဏ္ဍောလ-ဒု/ဥက္ကဋ္ဌ (ရှမ်းကျောင်း ဆရာတော်)၊ ဦးဝံသပါလ-အတွင်းရေးမှူး (မင်္ဂလာကံကျောင်း ဆရာတော်)၊ ဦးနန္ဒောဘာသ (ဇေတ၀န်ကျောင်း ဆရာတော်)၊ ဦးဝိလာသ (မှန်ကျောင်းဆရာတော်)၊ ဦးကုသလ (ဇေယျာသီရိကျောင်းဆရာတော်)၊ ဦးဝိမလ (ဓမ္မပါလကျောင်း ဆရာတော်)၊ ဦးပညာတိက္ခ-ဘဏ္ဍာထိန်း (မစိုးရိမ်ကျောင်းဆရာတော်)၊ ဦးနန္ဒိကသီရိ (၄ လမ်းကျောင်းဆရာတော်)၊ ဦးနန္ဒိယ (ကံသာအေးမဟာစည် ကျောင်းဆရာတော်)၊ ဦးစန္ဒဇောတိ (ပစ္ဆိမာရုံကျောင်းဆရာတော်)၊ ဦးရေ၀တ (ဃောသိတာရုံကျောင်း ဆရာတော်)၊ ဦးပဏ္ဍ၀ (မငေးကျောင်း ဆရာတော်)၊ ဦးအာစာရသီရိ (စတုဘုမ္မိက ကျောင်းဆရာတော်)၊ ဦးနန္ဒိယသီရိ-ဘဏ္ဍာထိန်း (ပညာ ဇေယျုံကျောင်းဆရာတော်)၊ ဦးပညိန္ဒ (မြို့မကျောင်းဆရာတော်)၊ ဦးဓမ္မပီယ(ဓမ္မိကာရုံကျောင်းဆရာတော်)၊ ဦးပညာသာမိ (တဘိုးကုန်းကျောင်းဆရာတော်)၊ ဦးအာစိဏ္ဏ (မှန်ကျောင်းဆရာတော်)၊ ဦးဓမ္မသုခ (မှန်ကျောင်းဆရာတော်)၊ ဦးပညာသီရိ (ရွှေသားကျောင်း ဆရာတော်) တို့ ဖွဲ့စည်းထားကြောင်း သိရသည်။
Myanmartandawsint Newspaper
အစိုးရစည်ပင်မှ သားသတ်လိုင်စင်ကို သံဃာများက သိန်း ၂၀၀ ကျော်ဖြင့် လေလံဆွဲခဲ့ကြောင်း တိုင်းသံဃနာယက ဆရာတော် ဦးဝံသပါလ မိန့်ကြား
Reviewed by VC
on
September 27, 2013
Rating: 5
Reviewed by VC
on
September 27, 2013
Rating: 5
Subscribe to:
Post Comments (Atom)

ဘုန်းကြီးတွေ ကိုယ်အလုပ်ကိုယ်မလုပ်ဘဲ တလွဲဆံပင်ကောင်းနေတာ ပြင်သင့်တယ်။
ReplyDelete