Eagles ဆိုတဲ့ ရော့ကာ ဂီတအဖွဲ့ ဆိုရင်တော့ တော်တော်များများသိကြမှာပါ။ ၁၉၇၀ ကျော်လောက်ဆီကစခဲ့တဲ့ ဒီရော့ကာကြီးတွေရဲ့ သီချင်းတွေကိုခုချိန်ထိ လူတွေက စွဲမက်စွာနား ဆင်နေကြတုန်းပါ။
ဒါပေမယ့်အထက်မှာပြောခဲ့သလိုပါပဲ။တယောက်အတွက်ဂီတသံ ကတယောက်အတွက်နားမခံနိုင်စရာ ဆူညံသံဖြစ်တယ်ဆိုတာ ။ ချာလက်စတန်၊နော့ကယ်ရိုလိုင်းနားက အမျိုးသမီးတယောက်က သူ့ အခန်းဖော်ကို ဒီဂန္ဒ၀င်ရော့အဖွဲ့ ကြီးရဲ့ သီချင်းတွေ ဖွင့်နားထောင်နေတာပိတ်ဖို့ ပြောတာ နားမထောင်တဲ့အတွက် ဓားနဲ့ ထိုးလိုက်ပါတယ်တဲ့။ ဓားနဲ့ ထိုးတဲ့အမျိုးသမီးကဘဲနက်ဗေဒါ၊အသက် ၅၄ နှစ်အရွယ်ဖြစ်ပြီး အထိုးခံရတဲ့သူက အသက်၆၄ နှစ်ရှိနေပါပြီ။ တချိန်တုံးကသူတို့ ဟာ သမီးရည်းစားတွေဖြစ်ခဲ့ဖူးပါသတဲ့။ အဘိုးကြီးက ပြောတာက သူနဲ့ အဖော်တယောက် သီချင်းတွေနားထောင်နေတုန်း ဒေါ်ဗေဒါက သီချင်းပိတ်ဖို့ ပြောပါတယ်တဲ့။ သူတို့ က မင်းပါးစပ်ပိတ်ထားဆိုပြီး သီချင်းဆက်နားထောင်နေတော့ ၁၄လက်မအသွားရှိတဲ့ ဓားနဲ့ ထိုးပါတယ်။ ဒါနဲ့ အဘိုးကြီးနှစ်ယောက်က အဘွားကြီးဆီကဓားကိုလုပြီး ရဲ့ ခေါ်လိုက်ရပါတယ်တဲ့။ အဘွားကြီးက သူ့ လည်ပင်းကိုညှစ်လို့ သူ့ ကိုယ်သူခုခံကာကွယ်ရတာပါလို့ ရဲ့ ကိုထွက်ဆိုပေမယ့် သူ့ လည်ပင်းမှာ ဘာဒဏ်ရာမှမတွေ့ ဘူးလို့ ရဲ ကပြောပါတယ်။ဒေါ်ဗေဒါကိုတော့ရဲ ကဖမ်းသွားပါပြီ။Eagles အဖွဲ့ ရဲ့ ဘယ်သီချင်းကိုနားထောင်နေတုန်း ဒီဓားထိုးမှုဖြစ်သလဲဆိုတာကိုတော့ ရဲကအသေးစိတ် သတင်းမထုတ်ပြန်ပါဘူး။ ဖြစ်နိုင်တာကတော့ Eagles အဖွဲ့ ရဲ့ နာမည်ကျော် Hotel California ဖြစ်နိုင် ဖွယ် ရှိပါ သတဲ့။
ဂီတရဲ့ အစွမ်းထက်မြက်ပုံကတော့ ပြောမကုန်ပါပဲ။ဘာပဲဖြစ်ဖြစ်ပြီးခဲ့တဲ့ ဂျူလိုင်လကမှ အိုးဟိုင်းယိုးပြည်နယ်မှာဖျော်ဖြေ သွားခဲ့ကြတဲ့ ဂန္ဒ၀င်ရော့ကာကြီးတွေရဲ့  ဟိုတယ်ကယ်လီဖိုးနီးယား သီချင်းလေးကြုံတုန်း နားဆင်သွားကြပါဦး။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)

No comments:
Post a Comment