Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 4, 2013

ဈေးနှုန်းကွာခြား၍ ရေချိုငါးပိထဲ အရိုးဆွေးရန်ခက်သည့် ရေငန် ငါးပိ ရောရောင်း


ဟင်္သာတ၊ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေချိုဒေသများမှ ထွက်ရှိသော ရေချိုငါးပိသည် ပုံမှန်နည်းစနစ် အတိုင်း ပြုလုပ်လျှင် အရိုးဆွေး လွယ်သော်လည်း ဈေးနှုန်းကြီး မြင့်သဖြင့် ဈေးနှုန်းသက်သာသည့် အရိုးဆွေးရန် ခက်ခဲသော ရေငန်ငါးပိများ ရောနှော ရောင်းချလာကြကြောင်း မိရိုးဖလာ ရေချိုငါးပိ လုပ်ငန်းရှင်များထံမှ သိရသည်။

ရေချိုငါးများကို အပုပ်ခံရေစိမ်စနစ်ဖြင့် နည်းလမ်းမှန်စွာ ပြုလုပ်မည်ဆိုပါက တစ်လကျော်လျှင် စားသုံးရန် သင့်လျော်ပြီး အမြန်ဆုံး အရိုးဆွေးစေရန် ဓာတ်မြေသြဇာ ထည့်သွင်းရန် မလိုကြောင်း ၎င်းတို့က ပြောဆိုသည်။

ရေချိုငါးပိ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြင့် ငါးပိအရောင်းဆိုင်ကြီးများက ဝယ်ယူပြီး တစ်ပိဿာ ၇၀၀ ကျပ်ခန့် တန်ဖိုးရှိသည့် ရေငန်ငါးပိဖြင့် ရောနှောကာ ရေချိုငါးပိစစ်စစ်ဟုဆိုကာ တစ်ပိဿာကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချကြောင်း ငါးပိလုပ်ငန်းရှင်များထံမှ သိရသည်။

ဓာတ်မြေသြဇာ သုံးခြင်းမှာ ရေငန်ငါးပိ အမြန်ဆုံး အရိုးဆွေးရန် မသမာမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း ပန်းတနော်မြို့နယ်မှ ငါးပိကုန်သည် ဦးမြင့်မောင်က ပြောကြားသည်။

အရောင်းဆိုင်ကြီးများက ငါးပိပြုလုပ်ရာတွင် ဓာတ်မြေသြဇာကို သုံးလေ့မရှိဘဲ ၎င်းတို့၏ ငါးပိလှောင်ရုံများတွင် ရေငန်ငါးပိ ကြိတ်စက်များထားရှိကာ ရေချို ငါးပိများထဲ ရေငန်ငါးပိများကို ရောရောင်းကြခြင်း ဖြစ်ကြောင်း ငါးပိလုပ်ငန်းရှင်များထံမှ သိရသည်။

No comments:

Post a Comment