Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 26, 2013

မိုင်လေးဆိုင်းရပ် စကိုင်းဒိုင်ဗင်


လူတွေမှာ ငယ်ဘ၀ကအိပ်မက်တွေ၊လုပ်ချင်တာတွေကိုယ်စီရှိခဲ့ကြမှာပါ။ လေယာဉ်ပျံကြီးစီးဖူးချင်တာ၊ ဒစ်စနေလန်းမှာသွားကစားချင်တာ၊...စသဖြင့် စိတ်ကူးယဉ်ကြတာပေါ့။ တချို့ ကံကောင်းတဲ့သူတွေက  တော့ငယ်ဘ၀က လုပ်ချင်တာတွေ၊ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ခွင့်ရကြတယ်။ တလောက  ဆက်ကဆီ အကကောင်းလို့ (အမှန်တော့ အခါ  ကောင်းလို့ )နာမည်ဟိုးဟိုးကျော်သွားတဲ့ မိုင်လေးဆိုင်းရပ်ရဲ့ စိတ်ကူးကတော့ လေထီးခုန်ချင်တာပါ။ သူက အမြဲပဲလေထီးခုန်ချင်ခဲ့တာပါလို့ ပြောပါတယ်။
ခုတော့သူ့ အိမ်မက်တွေကိုအကောင်အထည်ဖော်တဲ့အနေနဲ့ 
 ပေ ၁၂၅၀၀ အမြင့်ကနေ ခြောက်မိနစ်ကြာအောင် လေထီးခုန် ဆင်းခဲ့ပါတယ်။ သူကလေထီးခုန်ချင်ပေမယ့်ခုန်ရမှာလည်းကြောက်ပုံရပါတယ်။

ဗီဒီယိုထဲမှာတွေ့ ရတဲ့အတိုင်း အပေါ်ကတယောက်ကအထိန်းနဲ့ လိုက်ပြီးမှ  လေထီးခုန်ရဲတာပါ။  တကယ်လို့ များ  ငါသေသွားခဲ့ရင်နင်တို့ ကို  so f***ed လို့ ဆဲလိုက်ပါသေးတယ်။

လေထဲရောက်သွားတော့ သူက
  နောက်ဆုံးတော့ငါဟာငှက်တကောင်ဖြစ်သွားပြီ။
ငါဒီလိုလေထဲအမြဲပျံနေချင်ခဲ့တာလို့ အော်ပါတယ်။လေထီးခုန်တဲ့အချိန်ဘယ်သူ ကို အော်ခေါ်လဲဆိုတာမူတည်ပြီး ဘယ်သူ့ ကိုအချစ်ဆုံးလဲဆိုတာသိရတော့တာပဲ တဲ့။
အောက်ရောက်တော့ သူ့ အမေကို သူ့ အသက်ရှင်လျက်သားရှိနေသေးတဲ့အကြောင်းဖုန်းလှမ်းဆက်လိုက်ပါသေးတယ်။
အောက်မှာ ဗီဒီယိုလေးကြည့်လိုက်ကြပါဦး။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)
Source

No comments:

Post a Comment