Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 2, 2013

မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူလုပ်ဖို့ စဉ်းစားထားတဲ့နေတိုး



စက်တင်ဘာလ ၉ရက်နေ့မှာ ကျရောက်မယ့် နေတိုးရဲ့ မွေးနေ့ အတွက် နေတိုးရဲ့ ပရိသတ်တွေဖြစ်တဲ့ Facebook က We love Nay Toe Group က အမှတ်တရ အနေနဲ့ အလှူတွေလုပ်သွားမယ်လို့ သိရပါတယ်။ ဒီလိုလှူဒါန်းမယ့် အစီအစဉ်အတွက် ဝမ်းသာဂုဏ်ယူမိသလို ပရိသတ်တွေ နဲ့ တွေ့ဆုံပါဝင်လှူ ဒါန်းနိုင်ဖို့အတွက် စဉ်းစားထားတယ်ဆိုတဲ့ နေတိုးက “ကျွန်တော်တအားဝမ်းသာမိတယ်။ ကျွန်တော့်ပရိသတ်တွေက ကိုယ့်မွေးနေ့ မှာ အမှတ်တရအလှူလုပ်ပေးတော့ ဝမ်းသာသလို၊ ဂုဏ်လည်း ယူပါတယ်။ ကိုယ့်အပေါ် အားပေးရုံတင်မကဘူး။ ကိုယ့်မွေး နေ့ကို အသိအမှတ်ပြုပြီး အလှူလုပ်ပေးတော့ ဝမ်းသာတယ်။ ဒီအလှူမှာ ကျွန်တော်လည်း ပါဝင်နိုင်ဖို့ စဉ်းစား ထားတယ်။ သူတို့ကတော့ သူတို့ ဘာသာလုပ်နေကြတာ။ သူတို့နဲ့ ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မွေးနေ့မတိုင် ခင်ရက်မှာ ညလုံးပေါက် မနက်ထိ ရှုတင်ရှိနေရင် မွေးနေ့မနက်အစောကြီးတော့ မသွားနိုင်တော့ဘူး။ ဒါပေမဲ့ သွား ဖြစ်ဖို့တော့ သေချာသလောက်ရှိပါတယ်။ ကျွန်တော့်အတွက် လည်း စိတ်ထဲမှာ ကြည် ကြည်နူးနူးဝမ်းမြောက် ဝမ်းသာဖြစ်နေမိတယ်။

ပရိသတ်နဲ့လည်း တွေ့ချင်တယ်” လို့ ပြောပြပါတယ်။မွေးနေ့ အတွက် မွေးနေ့လက် ဆောင် ဆိုပြီး မျှော်လင့်မိတာ မရှိပေမယ့် ပရိသတ်တွေဆီက လက်ဆောင်ကို အမြတ် တနိုးတန်ဖိုးထား ပါတယ်ဆိုတဲ့ နေတိုးက “မွေးနေ့ကိုတော့ အလှူလေး တွေပဲ လုပ်ဖြစ်မယ်။ ဇီဝိတဒါနတွေ၊ ပရဟိတကျောင်းတွေဖြစ်မယ့် မွေးနေ့လက်ဆောင် အတွက် ဆိုပြီးတော့ ရင်ခုန်တာတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေရဲ့ အမှတ်တရတွေကိုတော့ မြတ်နိုးစွာနဲ့ အမြဲတမ်းတန်ဖိုးထားပါတယ်။ လက်ဆောင်တွေကတော့ ဘယ် သူရယ်လို့တော့မသိဘဲ ရောက် လာလေ့ရှိပေမယ့် ကြီးကြီးမားမားကြီးတော့ မျှော်လင့်ပါဘူး” လို့ ပြော ပြ ပါတယ်။ နေတိုးက F4 ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာမောင်မျိုး မင်း (ရင်တွင်းဖြစ်)နဲ့ ရိုက်ကူးနေပြီး ဒီ ဇာတ်ကားထဲမှာတော့ ချစ်သူရဲ့ အဖေအလိုအကျ ဆရာဝန်ဖြစ်အောင် ကြိုးစားရင်း ဥာဏ် မကောင်းတာေ ကြာင့် တဖြည်းဖြည်းအိ ပ်ရေး ပျက်ရင်း ဂေါက်သွားတဲ့သူတစ်ယောက်အဖြစ် သရုပ် ဆောင်နေပါတယ်။

မေမွန်မောင်

No comments:

Post a Comment