Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 3, 2013

ပျောက်ဆုံးသွားသော တီထွင်မှုများ

September 3, 2013 at 6:12am
၁။ ဂရိတို့ရဲ့ မီးလက်နက် (Greek fire)




ခရစ်တော်ပေါ်ပြီး AD(600) ကျော်လောက်မှာ ပေါ်ပေါက်ခဲ့တဲ့ ဂရိတို့ရဲ့ မီးလက်နက်ကို ဘိုင်ဇင်တိုင်း နိုင်ငံသားတွေက  ရေတပ် တိုက်ပွဲတွေမှာ အသုံးပြုခဲ့ကြတာပါ။ သူ့ရဲ့ အစွမ်းက ရေထဲထိအောင် လောင်ကျွမ်းနိုင်လို့ အဲ့ဒီခောတ်က ကြောက်စရာ အကောင်းဆုံး လက်နက်ဆန်းတစ်ခု ဖြစ်ခဲ့တယ်။
အထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ပုံ ဖေါ်မြူလာတွေကို ရန်သူ့လက်ထဲ ပါသွားမှာစိုးလို့ ထိန်းချူပ် ထားလိုက်တာ ပျောက်ကွယ် သွားရတဲ့ အထိပါ။

၂။ ဆွဲအားမဲ့ ကိရိယာ (Anti Gravity Device)





(1956) ခုနှစ်မှာ သောမတ်စ် ဘရောင်း ဆိုသူဟာ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်နိုင်တဲ့ ပစ္စည်းတစ်ခု တီထွင်ခဲ့တယ်။ မကြာခင်မှာပဲ  ဒီစမ်းသပ်မူ့ထဲကို အမေရိကန် ထိပ်တန်း အာကာသ ကုမဏ္ဏီအချို့ ပါဝင်ပါတ်သက်လာတယ်။ ဒီစမ်းသပ်မူ့ကို (1957)မှာ အထူးလျို့ဝှက်အဆင့် သက်မှက်ပြီးကတည်းက ပျောက်ကွယ်သွားတာ ယနေ့ထိတိုင်ပါပဲ။

၃။ ငလျှင်ဖန်တီးစက် (Earthquake Machine)





ဒီပစ္စည်းလေးကို နီကိုလပ်စ် တပ်စ်လာ တီထွင်ခဲ့တာ (၇)လက်မလောက်ပဲ ရှိပါတယ်။ ဒီထဲမှာ အထူးပြုလုပ်ထားတဲ့ ပစ်စတင်တစ်ခုပါရှိပြီး သူ့ကိုရေနွေးငွေ့ လေပေါင်(၅)ပေါင်လောက်ပေးလိုက်တာ တပ်စ်လာရဲ့ စမ်းသပ်ခန်း တစ်ခုလုံးသာမက အနားက အိမ်တွေပါ တုန်ခါသွားရလို့ ရဲစခန်းကို တိုင်ကြားခံခဲ့ရတယ်။ အဲ့ဒီကတည်းကသူလဲ စမ်းသပ်မူ့ကို ရပ်စဲလိုက်တော့တယ်။

၎။ ဖန်ပျော့  (Soft Glass)





တစ်ခါက လက်မူ့ပညာရှင် တစ်ယောက်ဟာ အပျော့စားဖန်တစ်မျိုးနဲ့ သောက်ရေခွက်တစ်ခုကို တီထွင်ပြီး ဆီဇာဘုရင်ဆီမှာ ဆက်သခဲ့တယ်။ ဘုရင်က စိတ်မကြည်တော့ ပေါက်ခွဲလိုက်တဲ့အခါ ဖန်ခွက်က အစိတ်စိတ် အမွာမွာကွဲထွက်သွားရမယ့်အစား ပိန်ရှုံ့သွားတယ်။ ဘုရင်က ဒီပစ္စည်းဟာ သူပိုင်ဆိုင်တဲ့ ရွေငွေတွေထက် တန်ဖိုးကြီးသွားနိုင်တယ်လို့ ယူဆပြီး လာဆက်သတဲ့ သူကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးခဲ့တယ်။ ဒီလိုနဲ့ အပျော့စား ဖန်ထည်နည်းပညာတစ်ရပ် ပျောက်ကွယ်ရပြန်တယ်။

၅။ ရေလောင်စာနဲ့ မောင်းတဲ့ကား





(1996)ခုနှစ်က စတန်းလီမီယာ ဆိုတဲ့သူတစ်ယောက်ဟာ ရေနဲ့မောင်းတဲ့ကားကို တီထွင်လျက်ရှိတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကို အရင်းအနှီးထုတ်ပေးတဲ့သူနှစ်ဦးက ဒေါ်လာ (၂၅၀၀၀) လိမ်လည်ရယူတယ်ဆိုပြီး တရားစွဲဆိုတာခံရတယ်။ တရားရုံးတော်က ရေလောင်စာဆိုတာ မဖြစ်နိင်ဘူးဆိုပြီး ထုတ်ပေးထားတဲ့ ဒေါ်လာ(၂၅၀၀၀) ကိုပြန်ပေးဖို့ အမိန့်ချခဲ့တယ်။ 1998 မတ်လ (၂၀) စားသောက်ဆိုင်တစ်ခုမှာ ရင်းနှီးမြူပ်နှံမဲ့ လူနှစ်ဦးနဲ့ တွေ့ဆုံနေစဉ် မီယာတစ်ယောက် ရုတ်တရက်ထွက်ပြေးသွားပြီး "ငါ့ကို အဆိပ်ခတ်တယ်" လို့ အော်ရင်း လဲကျသေဆုံးသွားတယ်။ အစိုးရကစုံစမ်း စစ်ဆေးပြီး ရုတ်တရက် သွေးတိုးပြီး သေဆုံးတယ်လို့ ကြေငြာခဲ့တယ်။ သူ့ကို ထောက်ခံတဲ့သူတွေကတော့ ရေနံကုမဏ္ဏီ တွေက သူ့စီမံကိန်းအောင်မြင် သွားမှာစိုးလို့ လုပ်ကြံတယ်လို့ အခုထိ ယုံကြည်နေကြတယ်။

No comments:

Post a Comment