Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

မွေးရာပါ မျက်စိပေါက် အရည်ပြားပိတ် ရောဂါပါ ကလေးငယ် ခွဲစိပ်ကုသရန် အကူအညီ လိုအပ်နေ



တောင်ငူ၊ စက်တင်ဘာ ၁၂

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဘိုးတော်ကုန်း ကျေးရွာအုပ်စု နတ်စင်ကုန်း ကျေးရွာတွင် မွေးရာပါ မျက်စိပေါက် အရည်ပြားပိတ် ရောဂါပါ ကလေးငယ်တစ်ဦး ကို အမိ မမာမာ(၂၅နှစ်)နှင့် ဖခင် ဦးမောင်ညွှန့် (ကျဘမ်းလုပ်သား) တို့မှ ဧပြီလ ၁ ရက်နေ့က နေအိမ်တွင် အရပ်လက်သည်ဖြင့် မွေးဖွားခဲ့ ကြောင်းသိရသည်။

မိဘဖြစ်သူများမှာ ကျဘမ်း လုပ်ကိုင်စားသောက်ရပြီး ငွေကြေး အခက်အခဲကြောင့် ဆေးရုံသို့ ပြသရန်
နောက်နှေးနေပြီး ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ ကူညီပေးမှုကြောင့် ၅ လကျော်ကြာမှ မြို့နယ် ဆေးရုံအုပ်ကြီးထံ သွားရောက်ပြသ ခဲ့ရကြောင်း သိရသည်။

ကလေးငယ်အား ခွဲစိပ်ကုသရန် ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီးသို့ လွဲပြောင်း ပေးအပ်ထားသော်လည်း ငွေကြေး အခက်ကြုံနေရသည်။

ယင်းအခက်အခဲ အတွက် ရေတာရှည် NLD မှ ရေတာရှည်မြို့နယ်အတွင်း အလှူငွေများ ကောက်ခံပြီး လုံလောက်သည့် ပမာဏ ရရှိပါက ရန်ကုန်သို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ရေတာရှည် NLD
မှပြောကြားသည်။

အဆိုပါ ကလေးငယ် မောင်ကံကောင်းကို မိခင်မှ သားဦး အဖြစ် မွေးဖွားခဲ့ခြင်းဖြစ်ပြီး မိခင်နို့ ကောင်းမွန်စွာဆို့နိုင်ပြီး ၊ ထမင်းနှင့် မုန့်များပင် စားနိုင်ကြောင်း ဆေးရုံပြသရန် ကြောက်၍ မပြဖြစ်ခဲ့ကြောင်း
ရေတာရှည်မြို့နယ်မှ လူမှုကူညီသူများ၏ အားပေးမှုကြောင့် အခုမှ ပြဖြစ်ခဲ့ကြောင်း ဘယ်ဘက်မျက်လုံးမှာ အပေါ်ယံအရေပြား ပိတ်နေပြီး ညာဘက်မျက်လုံးမှာ ပြားလွှာသော အရည်ပြားဖုံးအုပ်နေပြီး
သူငယ်အိမ်ကို မြင်ရကြောင်း မိခင်ဖြစ်သူမှပြောပါသည်။

““ ဒီကလေးက မွေးရာပါ မျက်လုံးအရည်ပြားပိတ် ရောဂါပါ တစ်ချို့ဒါမျိုးမွေး လာရင် မွေးဖွားပြီးချင်းပဲ ဆုံးသွားတာများတယ် အခု ၅ လလောက်အထိ ကျန်းမာနေနိုင်တော့ အသက်ရှင်နိုင်အခွင့် အလမ်းများပါတယ် မျက်စိကတော့ ခွဲစိပ်ဖို့လိုပါတယ် ဘယ်ဘက်မျက်လုံးက သိပ်မသေချာဘူး ညာဘက်ကခွဲစိပ် လိုက်ရင်ပြန်မြင်နိုင်တယ် ဆီးလမ်းကြောင်းကလည်း ခွဲစိပ်ကုသမယ်ဆိုရင် ဖြစ်နိုင်ပါတယ် ဒီကလေးအတွက် တိုင်းကျန်းမာရေး ဦးစီဌာနကို အစီရင်ခံပြီး ရန်ကင်း ကလေးဆေးရုံကြီးကို လွဲပြောင်းပေးဖို့ စီစဉ်နေပါတယ်”” ဟု ရေတာရှည်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်ကပြောပါသည်။

အဆိုပါ ကလေးငယ်အတွက် ပါဝင်ကူညီချင်သူများ အနေဖြင့် ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖုန်းနံပါတ် ဦးမောင်မောင် (၀၉၄၂၈၂၀၇၇၇၈)၊ ဦးဝင်းသိန်း (၀၉၄၂၃၆၆၁၁၈၈ ) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ကိုကျော်စွာ (တောင်ငူ)

by Myanmar News Now

No comments:

Post a Comment