မန္တလေး၊ စက်တင်ဘာ ၁၈
နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် လူမျိုးအမည် ထည့်သွင်းထားမှု
မှားယွင်းနေပါက ကာယကံရှင်ကိုယ်တိုင် အထောက်အထား ခိုင်လုံစွာဖြင့်
ပြင်ဆင်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။
အထောက်အထား ခိုင်လုံပါက လူမျိုးအမည် ပြောင်းလဲပြင်ဆင်ခွင့်ရှိပြီး ယင်းကဲ့သို့ ပြင်ဆင်ခြင်းကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
ကချင်၊ ကယားစသည့် မြန်မာတိုင်းရင်းသား လူမျိုးစု မှတ်ပုံတင်ကတ်ပြားတွင်
လူမျိုးနေရာတွင် ဗမာဟု ရေးသားထားမှုများ ရှိသဖြင့် တိုင်းရင်းသား
လူမျိုးအမှန်ကို ပြန်လည် ပြင်ဆင်ခွင့်ပေးရန် မန္တလေးတိုင်းဒေသကြီး
ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်လှက ပြောကြားသည်။
“ကာယကံရှင်ကိုယ်တိုင် သက်ဆိုင်ရာ မြို့နယ်လဝကရုံးကို
တင်ပြလျှောက်ထားရမှာပါ။ အထောက်အထား ခိုင်လုံရင်တော့ လူမျိုးအမည်
ပြောင်းလဲပေးမှာပါ” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
အောင်ကျော်မိုးက ဆိုသည်။
မိသားစု ဆွေစဉ်မျိုးဆက် ဇယားတွင်
သွေးနှောပါနေပါက လူမျိုးနေရာတွင် လူမျိုး နှစ်ခုပါဝင်နေမည် ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “လူမျိုးပြောင်းချင်လို့
လာစုံစမ်းတာ သုံးဦးလောက်တော့ ရှိပါတယ်။ ကိုးကန့်-တရုတ်လူမျိုး ဖြစ်နေတာကို
ကိုးကန့် လူမျိုးအနေနဲ့ ပြန်ပြင်ချင်တာ ရှိတယ်။ ဒါပေမဲ့
သူ့ရဲ့ဆွေစဉ်မျိုးဆက်မှာ တရုတ်နဲ့ သွေးနှောပါရင်တော့ ပြောင်းလို့ရမှာ
မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
လူမျိုးသတ်မှတ်ရာတွင် သွေးနှောဖြစ်ပါက
ဖခင်၏ လူမျိုးကို ရှေ့ကထား သတ်မှတ်ကြောင်းလည်း မန္တလေးတိုင်းဒေသကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ
သိရသည်။ “ဥပမာ အဖေက ဗမာ၊ ကရင်လူမျိုး၊ အမေက ရခိုင်-ရှမ်းလူမျိုးဆိုရင်
မွေးလာတဲ့ သားသမီးမှာ လူမျိုးလေးခုလုံးပါအောင် ထည့်ပေးရတယ်” ဟု ၎င်းက
ထပ်မံပြောကြားသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 19, 2013
နိုင်ငံသားကတ်တွင် တိုင်းရင်းသားလူမျိုး မှားယွင်းနေပါက ပြင်ဆင်နိုင်ဟုဆို
နိုင်ငံသားကတ်တွင် တိုင်းရင်းသားလူမျိုး မှားယွင်းနေပါက ပြင်ဆင်နိုင်ဟုဆို
Reviewed by VC
on
September 19, 2013
Rating: 5
Reviewed by VC
on
September 19, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment