Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ ပစ်ခတ်မှုကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းက ​စိုက်ပျိုးရေးဆိုင်ရာ ​ကောလိပ်တခုမှာ ​လက်နက်ကိုင်အဖွဲ့တဖွဲ့က ​၀င်ရောက် ​ပစ်ခတ် ခဲ့တဲ့ အတွက် ​ကျောင်းသူကျောင်းသား ​အနည်းဆုံး ​အယောက် ​၄၀လောက် ​သေဆုံး ခဲ့တယ်လို့ ​နိုင်ဂျီးရီးယား ​စစ်တပ်ကပြောပါတယ်။

အဆိုပါ ​လက်နက်ကိုင်အဖွဲ့တွေဟာ ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ​Boko ​Haram ​အဖွဲ့ဖြစ်နိုင်တယ် လို့ ​ဆိုပါ တယ်။

နိုင်ဂျီးရီးယား ​စစ်တပ်ရဲ့ ​အဆိုအရ ​လက်နက်ကိုင်သမားတွေဟာ ​ညအချိန် ​အိပ်ပျော်နေတဲ့ ​ကျောင်း သားတွေ ကို ​၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ​ကျောင်းစာသင်ခန်းတွေကိုလည်း ​မီးရှို့ခဲ့တယ်လို့ ​ပြောပါ တယ်။

လက်ရှိအခြေအနေအရ ​ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ​နိုင်ငံဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းပြည်နယ်ကို ​အရေးပေါ် အခြေ အနေ ​ကြေညာ ထား တယ်လို့ ​သိရပါတယ်။

တဆက်တည်းမှာပဲ ​အီရန်နိုင်ငံ ​Baghdad ​မြို့မှာလည်း ​အသေခံဗုံးခွဲမှုတစ်ခုကြောင့် ​လူပေါင်း ​၂၄ဦးသေ ဆုံးခဲ့ပြီး ​၂၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ​သိရပါတယ်။ ​အခု ​အသေခံ ​ဗုံးခွဲတိုက်ခိုက် ​မှုနဲ့ဆိုရင် ​စက်တင် ဘာလ အတွင်းမှာပဲ ​ပဋိပက္ခကြောင့် ​သေဆုံးသူအယောက်ပေါင်း ​၇၉၀ ​ရှိသွားပြီး ​ဒီတနှစ်အတွင်းဆိုရင် ​သေဆုံးသူ ​အယောက်ပေါင်း ​၄၆၀၀ ​ကျော်သွားပြီးလို့သိရပါတယ်။

                                                                                             ABC Radio Australi

No comments:

Post a Comment