Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

ပဲပြားအစာသွပ်

 

ပဲပြားအစာသွပ်

ပဲပြားများကို ရေအသာဆေးပြီး တြိဂံပုံစံ လေးများပိုင်း၍ ဆီပူပူတွင် ရွှေရောင်သန်းလာသည်အထိ ကြော်ထားပါ။ ကြက်သွန်ဖြူဆီချက် ချက်ထားပါ။ မကျည်းသီးမှည့် အရည်စိမ်ထားပါ။ ပဲပြားကို အလယ်မှဓားနှင့် အသာခွဲကာ အဆင်အသင့်ပါးပါးလှီးထားသော ဂေါ်ဖီ၊ကြက်သွန်နီ၊ရှောက်ရွက် (သို့) နံနံပင်၊ငရုတ်သီးစိမ်း တို့ကို အနည်းငယ်စီ ထည့်ပါ။ ပြီးနောက် ပုစွန်ခြောက်မှုန့်၊ပဲအကြတ်မှုန့်၊ငံပြာရည်၊မကျည်းရည်၊ ကြက်သွန်ဖြူဆီချက် တို့ကို အနည်းငယ်စီထည့်ကာ အရသာကောင်းမွန်သော ချဉ်ငံစပ် ပဲပြားအစာသွပ်လေး သုံးဆောင်လို့ ရပါပြီရှင်။

No comments:

Post a Comment