CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 15, 2013
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများကို သာ ရွေးချယ်မည်
လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရာတွင် ရိုက်ကူးရေးပိုင်း ကိစ္စရပ်အားလုံး အတွက် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးမှူး ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။
လက်ရှိအချိန်တွင် ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးသားမှုအပိုင်း အပြီးသတ်သွားပြီး အင်္ဂလိပ် version သို့ ပြောင်းရေးမည် ဖြစ်ကြောင်း၊ ကမ်းလှမ်းလာသော ပြည်ပကုမ္ပဏီများနှင့် ရိုက်ကူးမည့် ဒါရိုက်တာကို စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် နေရာအတွက် ရွေးချယ်ထားသော သရုပ်ဆောင်များသည်လည်း အင်္ဂလိပ်စာ သင်တန်းများ တက်ရောက်နေကြောင်း၊ ဦးဇော်သက်ထွေးက ဆိုသည်။
ရုပ်ရှင်ရိုက်ကူးပေးရန် ကမ်းလှမ်းထားသော ပြည်ပကုမ္ပဏီများ အများအပြား ရှိသော်လည်း မည်သည့်ကုမ္ပဏီ အဖွဲ့အစည်းနှင့် ရိုက်ကူးမည်ကို ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်မှ ပြန်လည် ရောက်ရှိချိန်တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ရွေးချယ် ခံရသော ယင်းကုမ္ပဏီ အဖွဲ့အစည်းက ရုပ်ရှင်ရိုက်ကူးမှုတွင် အစအဆုံး တာဝန်ယူမည်ဖြစ်ပြီး လိုအပ်သည့် အချက်အလက် များကိုလည်း ပြန်လည် ဖြည့်စွက်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ၎င်းတို့ လက်သို့ လွှဲပြောင်းချိန်မှစ၍ နိုင်ငံတကာ နည်းများနှင့် အဆင့်အတန်း မီသော ဗိုလ်ချုပ်ရုပ်ရှင်ကို ဖန်တီးမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်သူ နှစ်ဦးတို့သည် ဧပြီလ၂၃ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးမှုပိုင်းတွင် နည်းပညာများနှင့် ထုတ်လုပ်မှုပိုင်းတို့ကို ကူညီရန် လာရောက် ကမ်းလှမ်းခဲ့ကြသည်။
“သူတို့ဘက်ကတော့ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့နေရာမှာ ထုတ်လုပ်မှုနဲ့ နည်းပညာပိုင်းအတွက် တတ်နိုင်သမျှ ကူညီပေးမယ် ပြောပါတယ်။ ကိုယ်တို့ဘက်ကလည်း ဇာတ်ညွှန်းပဲ ပြီးသေးပြီး ရိုက်ကူး ရေးတွေ မစရသေးဘူးဆိုတော့ ဘာလိုအပ်မယ်ဆိုတာ မသိသေးဘူးလေ။ အဲဒီတော့ လက်ရှိရုပ်ရှင်အတွက် ကိုယ်တို့ လုပ်ဆောင်ထားသမျှကို သူတို့နဲ့ ဆွေးနွေးကြတယ်။ သူတို့ နောက်တစ်ခေါက် ပြန်လာဦးမယ် ပြော တယ်” ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးမင်းထင်ကိုကိုကြီးက ပြောကြားသည်။
“အရင် ဇူလိုင်လက ဂျပန်ကို သွားပြီးတော့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် သွားလေ့လာမယ့် ကိစ္စက ဆိုင်းငံ့ထားပါတယ်။ အဖွဲ့ဝင်တွေ အားလုံး ဂျပန်ကိုသွားရင် အကုန်အကျ အရမ်းများလို့ အဖွဲ့ဝင်တွေ ဆွေးနွေးပြီး မသွားဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ၎င်းက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးမှုအတွက် ဗြိတိန်၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့ကလည်း အကူအညီများ ပေးရန် ကမ်းလှမ်းထားကြောင်း၊ သမိုင်းဆိုင်ရာ အထောက်အထား ပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြ
ည်က ဗြိတိန်နှင့် အိန္ဒိယနိုင်ငံတို့မှ အကူအညီ ယူပေးမည်ဟု ပြောကြား ထားကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် နေရာအတွက် သရုပ်ဆောင် အသစ်များကို ရွေးချယ်ထားသော်လည်း ဂဠုန်ဦးစော၊ ဦးနုနှင့် သခင်ဗဟိန်း နေရာတို့အတွက် အနုပညာ နယ်ပယ်မှ သရုပ်ဆောင်များကိုသာ ရွေးချယ်ရန် လျာထားကြောင်း၊ ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားကို ယခုနှစ် မကုန်ခင် ရိုက်ကူးသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့ဖြစ်သော ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီ ပြသနိုင်အောင် ကြိုးစားနေကြကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။
The Voice Weekly
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများကို သာ ရွေးချယ်မည်
Reviewed by VC
on
September 15, 2013
Rating: 5
Reviewed by VC
on
September 15, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment