CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 25, 2013
ကလေးငယ်တစ်ဦးကို လိမ်လည်ခေါ်ဆောင်သူနှင့် အဓမ္မခိုင်းစေသူတို့အား ဖမ်းဆီးရမိထား
ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၇ မိနစ်
အသက် ၁၅ နှစ်သာရှိသေးသည့် အမျိုးသမီးငယ်လေး တစ်ဦးအား တရုတ်ပြည်ရှိ အနှိပ်ခန်းတစ်ခုတွင် အတင်းအဓမ္မ ခိုင်းစေရန် လိမ်လည်ခေါ်ဆောင်သူများကို စက်တင်ဘာ ၂၃ ရက်တွင် ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
အမှုကို ဒေါ်------(၄၀)နှစ်၊ ငါးရောင်း၊ ရွှေပြည်သာမြို့နယ်နေသကူ အမှုဖွင့် တိုင်တန်းထားခြင်းလည်းဖြစ်သည်။ အမှုတွင် စက်တင်ဘာ ၁၁ ရက်က ၎င်း၏ သမီးဖြစ်သူ မ----- (၁၅) နှစ်အား မဝင်းစန္ဒာအေး(ခ)ဝတ်မှုံ(၂၆)နှစ် ဝါးရုံဆိပ်ကျေးရွာ ကြည့်မြင့်တိုင်မြို့နယ် နေသူက ဗန်းမော်မြို့ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် တစ်လလျှင် လစာ ကျပ်တစ်သိန်းခွဲထိ ရမည်ဟု ပြောဆို စည်းရုံးခဲ့သည်။
ထို့နောက် သမီးငယ်ဖြစ်သူအား အမည်မသိ ထမင်းချက် အမျိုးသမီးတစ်ဦးနှင့်အတူ ရန်ကုန်မြို့မှ ခေါ်ဆောင် သွားခဲ့ပြီး ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး မန္တလေးသို့ ရောက်နေကြောင်း၊ မဝင်းစန္ဒာက တရုတ်ပြည်ထဲသို့ ဆက်လက်ခေါ်ဆောင်သွားမည်ဖြစ်၍ မလိုက်လိုကြောင်း ပြန်လာခေါ်ရန် ပြေားကြားခဲ့သည်။
ထို့နောက် သမီးဖြစ်သူ ခရီးမထွက်မီ ခေတ္တ တည်းခိုနေထိုင်ခဲ့သော ကြည့်မြင်တိုင်မြို့နယ်ရှိ အမျိုးသမီး တစ်ဦးထံ သွားရောက်စုံစမ်းရာတွင် လွယ်ဂျယ်မြို့ရှိ ရှမ်းအိုးစည်ထမင်းဆိုင်နှင့် လေပြေကာရာအိုကေဆိုင် ပိုင်ရှင် မချို (ခ)မမြငြ့်မင့်ဦး(၅၃) နှစ် အေးရွာ၊ ကြည့်မြင်တိုင်မြို့နယ်နေသူ၏ ဖုန်းနံပါက်ကို ရရှိခဲ့သည်ဟုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။
ထေို့ နာက်တရားလို ဖြစ်သည် ဒေါ်----က စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ လွယ်ဂျယ်မြို့သို့ သွားရောက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ဗန်းမော်သို့ ရောက်ရှိခဲ့သည်။ ထို့မှတစ်ဆင့် လွယ်ဂျယ်မြို့သို့ ပါဂျဲရိုးကားတစ်စီးဖြင့် သွားရောက်စဉ် လမ်းခရီးတွင် မချိုထံသို့ ဖုန်းခေါ်ဆိုခဲ့ရာ ၎င်းက “ရှင်ဘာလာလုပ်လဲ၊ ဒီမှာ အဖမ်းအဆီးတွေ ရှိတယ်၊ ရှင့်သမီးနဲ့ပြော” ဟု ဆိုခဲ့သည်။
ထို့နောက် သမီးဖြစ်သူက “အမေအမြန် လာခေါ်ပါ၊ ထမင်းဆိုင်မှာ အလုပ်ရမှာ မဟုတ်ဘူး၊ အနှိပ်ခန်းမှာ လုပ်ရမှာ” ပြန်လည် ပြောဆိုခဲ့ကြောင်းနှင့် မချိုဆိုသူက “ဒီအတိုင်းပြန် ခေါ်လို့ မရဘူး၊ လမ်းစရိတ်ပြန်လျော် ရမည်” ဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်ဟုလည်း ဒေါ်-----က အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။
ထို့နောက် သူမက လွယ်ဂျယ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နှင့် တွေ့ဆုံအကူအညီ တောင်းပြီး သမီးငယ်အား ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုခေါ်
ဆောင်၍ တရုတ်နိုင်ငံဘက်သို့ မတရားပို့ ဆောင်ပေးသူ မဝင်းစန္ဒာအေးနှင့် ထမင်းဆိုင်၊ ကာရာအိုကေဆိုင် ဗန်းပြ အနှိပ်ခန်းတွင် အတင်းအကျပ်စေခိုင်းသူ ဆိုင်ရှင် မချိုတို့အား အရေးယူပေးရန် အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် လွယ်ဂျယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်တွင် အမှုနှင့် ဖမ်းဆီးမိထားသူ မဝင်းစန္ဒာအေး၊ မချို (ခ) မမြင့်မြင့်ဦးတို့အား ကြည့်မြင့်တိုင်ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုထားသည်။
ယင်းအမှုအား ကြည့်မြင်တိုင်ရဲစခန်းက (ပ)၆၅၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိထားသူများအား ဆက်လက် စစ်ဆေးနေပြီး ပြစ်မှုထင်ရှား ပေါ်ပေါက်ပါက ပုဒ်မ ၂၄ဖြင့် တရားရုံးသို့ တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းအမှုနှင့် တဆက်တည်းဖြစ်သူ ဒေါ်ချို (ခ) မြင့်မြင့်ဦး (ခ) ချိုချိုမြင့်၊ အေးရွာ၊ ကြည့်မြင်တိုင်နှင့် လိမ်လည် ခေါ်ဆောင်သူ ဒေါ်သီတာ (ခ) ဖြူဖြူမော် တို့ကိုလည်း အမျိုးသမီး နှစ်ဦးအား အနှိပ်ခန်းတွင် လစာမပေးဘဲ
စေခိုင်းထားမှုဖြင့် ရွှေပေါက္ကံနယ်မြေ ရဲစခန်းကလည်း (ပ) ၁၇၇/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပုဒ်မ ၂၄ ဖြင့် တရားစွဲတင်နိုင်ရန် စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။
ကလေးငယ်တစ်ဦးကို လိမ်လည်ခေါ်ဆောင်သူနှင့် အဓမ္မခိုင်းစေသူတို့အား ဖမ်းဆီးရမိထား
Reviewed by VC
on
September 25, 2013
Rating: 5
Reviewed by VC
on
September 25, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment