Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ မိုးဒဏ်ကြောင့် ပျက်စီးတတ် သဖြင့် ရှေးဟောင်းသုတေသန ဌာနမှ ဂရုပြုစောင့်ကြည့်



၃၀.၉.၂၀၁၃၊ တနင်္လာနေ့

စက်တင်ဘာလအတွင်း ပုဂံညောင်ဦး ဒေသတွင် မကြာခဏ မိုးရွာလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုးများ၊ အနုလက်ရာများသည် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံး တတ်သည့်အတွက် ပုဂံရှေးဟောင်း သုတေသန ဌာနမှ အထူးဂရုပြု စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"မိုးရွာရင် ကျွန်တော်တို့က ဘုရားတွေကို လိုက်စစ်ဆေးကြည့်ရှု ပေးရပါတယ်။ အရေးကြီးတဲ့ နံရံဆေးရေး ပန်းချီရှိတဲ့ ဘုရားတွေမှာ မိုးယိုမှု ရှိ၊ မရှိ စစ်ဆေးရတယ်။ မိုးယိုမှုရှိတဲ့ ဘုရားရှိရင် အရေးပေါ်ဆောင်ရွက် ရတာမျိုး ရှိတာပေါ့။ လောလောဆယ်တော့ ထိခိုက်ဆုံးရှုံးတာမျိုး မရှိသေးပါဘူး။ လောကထိပ်ပန် ဘုရားမှာတော့ နည်းနည်းလေး မိုးယိုတာရှိလို့ ပြန်ပိတ်ပြီး ဆောင်ရွက်တာလေး ရှိပါတယ်" ဟု ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း မိုးကြောင့်ပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာ ယနေ့အချိန်အထိ မရှိသေးကြောင်း မိုးရွာသွန်းမှု ကြောင့် ရှေးဟောင်းအဆောက်အအုံ မိုးမလုံရာမှ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေရုပ်ကြွများ၊ စိန်တောင်များ အဓိက ပျက်စီးတတ်ကြောင်း သိရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ၊ အဆောက် အအုံများ၊ အနုလက်ရာများ ပျက်စီးဆုံးရှုံးရမှု အကြောင်းတရားများတွင် မိုးကြောင့်ပျက်စီး ဆုံးရှုံးခဲ့ရမှုများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။


Eleven

No comments:

Post a Comment