Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 30, 2013

လေအေးစက်ပါ မြို့ပတ်ရထား အောက်တိုဘာ ၄ ရက် စဆွဲမည်


ရန်ကုန်၊ စက်တင်ဘာလ ၂၉

ဂျပန်နိုင်ငံမှ ဝယ်ယူထားသော လေအေးစက်ပါ RBE မြို့ပတ်ရထားကို အောက်တိုဘာလ ၄ ရက်မှ စတင်ကာ လက်မှတ်ခ လေးရာကျပ်ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်သည်။

လေအေးစက်ပါ ရထားကို မြို့ပတ်ရထားအဖြစ် လာမည့် စနေ၊ တနင်္ဂနွေနေ့တွင် စတင်ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ ဘူတာ ၁၂ ခုတွင်သာ ရပ်တန့်မည်ဖြစ်ပြီး နေ့စဉ် ရှစ်ခေါက်ပြေးဆွဲမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောဆိုသည်။

ရထားပြေးဆွဲရန် တစ်ခေါက်လျှင် ဒီဇယ် ၇၅ ဂါလန်ဖြင့် ကျပ်နှစ်သိန်း ခြောက်သောင်းခန့် ကုန်ကျမည် ဖြစ်သော်လည်း နှုန်းထား လေးရာကျပ်ဖြင့် ပြေးဆွဲပါက တစ်သိန်းခွဲခန့်သာ ရနိုင်သဖြင့် အရှုံးခံ ပြေးဆွဲပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်တစ်ဦးကို အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ သတ်မှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လေအေးပေးစက်ပါ တွဲငါးတွဲ ပါရှိသည့် RBE ရထားတွင် ထိုင်ခုံ ၃၃၂ ခုံ ပါဝင်ပြီး ယင်းရထား အမျိုးအစားကို ရန်ကုန်-ကျိုက်ထို ခရီးစဉ်အတွက် စက်တင်ဘာလ ၇ ရက်နေ့က စတင်ပြေးဆွဲခဲ့ကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြို့ပတ်ရထား ငါးစီးတွင် အထူးရထားတွဲ တစ်တွဲစီ ချိတ်ဆက်၍ ကျပ်၂၀၀ ဖြင့် ပြေးဆွဲလျက်ကြောင်း နေ့စဉ် ခေါက်ရေ ၂၀၀ ဖြင့် မြို့ပတ်ရထားများ ပြေးဆွဲပေးလျက်ရှိပြီး မြို့ပတ်ရထားစီးသည့် ခရီးသည် နေ့စဉ်ကိုးသောင်းကျော်ခန့် ရှိကြောင်း ရန်ကုန်ဘူတာကြီးမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment