Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

မြန်မာ-ဂျပန် ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်





မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး Naing Moe Entertainment နှင့် Wazo Travels တို့မှ ပူးပေါင်း စီစဉ် ကျင်းပသည့် မြန်မာ-ဂျပန် ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူ အားကစား ခန်းမ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့စိန်ခေါ်ပွဲတွင် ဉာဏ်လင်းအောင် (မြန်မာ)နှင့် ဖူဂျီဟာရာ (ဂျပန်)၊ ထွန်းထွန်းမင်း (မြန်မာ)နှင့် ဆမ်မူကာဝါ (ဂျပန်)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည့် ပွဲစဉ်များနှင့် အခြားသော စိန်ခေါ်ပွဲစဉ် များကို ကျင်းပသွားမည် ဖြစ်သည်။ ထို့အပြင် ရှမ်းလေး(ဝါဆို)နှင့် ရဲရင့်ထွန်း (မုဒုံသား)၊ ရဲမြတ်အောင်(ဝါဆို)နှင့် မိုက်ခဲ (Top One) ၊လှစ်လှစ်လေး(အဖြူ ရောင်သွေးသစ်)နှင့် အားမာန် (T&T) ၊ ရန်တိုင်းကျော် (ဝါဆို)နှင့် နေရူဘီ (အဖြူရောင် သွေးသစ်)၊ စောသဲအောင် (တွံတေး)နှင့် ဇမ္ဗူကျော် (သာကေတ)၊ စောဂေါ်မူဒို(သတ္တိ)နှင့် ရဲတံခွန် (အလင်းရောင်)၊ သပြေညို (ဘိလပ်မြေ)နှင့် ဖိုးသားကြီး (မန္တလေး)တို့၏ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲများကိုလည်း ထည့်သွင်း ကျင်းပရန် စီစဉ်ထားသည်။

ထိုလက်ဝှေ့ စိန်ခေါ်ပွဲကြီး အတွက် ရုံဝင် လက်မှတ်ခများကို ၇ဝဝဝ ကျပ်၊ ၁၂ဝဝဝ ကျပ်၊ ၁၅ဝဝဝကျပ် စသဖြင့် သတ်မှတ်ထားပြီး ကြိုတင် လက်မှတ်များကို ဇော် ပစ်တိုင်းထောင် ဗီဒီယိုနှင့် AMM Mobile အမှတ် ၅၄၊ ရေကျော်လမ်း တို့တွင် ဝယ်ယူ ရရှိနိုင်ကာ ၎င်းလက်ဝှေ့ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ်- ဝ၁-၂၄၉၁၁၇၊ ဝ၉-၄၂၅ဝ၂- ၃၇၉၉၊ ဝ၉-၄၉၂၂၈၄၉၇၊ ဝ၉-၅ဝ၇၁၉၄၂ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင် ကြောင်း သိရသည်။ 

http://www.myawady.net.mm/sport/localsportnews/item/25445-2013-09-16-09-46-27

No comments:

Post a Comment