Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

ဘုရင့်နောင်ပွဲရုံ စိန်ပန်းလမ်းရှိ လက်ဖက်ခြောက်ပွဲရုံ၌ မီးလောင်ကျွမ်း မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံ စိန်ပန်းလမ်းရှိ လက်ဖက်ခြောက်ပွဲရုံဆိုင်၌ လျှပ်စစ်မီးပေါ့ ဆ၍ စက်တင်ဘာ ၁၆ ရက် နံနက် ၆နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

ဘုရင့်နောင်ပွဲရုံအတွင်းရှိ စိန်ပန်းလမ်းတွင်ရှိသော ''စိန်'' အကောင်းစား လက်ဖက်ခြောက်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကတော့ မနေ့က လျှပ်စစ်မီးဖိုဖွင့်ထား တာကို မေ့သွားတာ၊ နောက်နေ့ပွဲရုံဖွင့်တဲ့ အချိန်မှာ အပူလွန်ကဲပြီး လောင် ကျွမ်းရခြင်း ဖြစ်တယ်”ဟု ဘုရင့်နောင်မီးသတ်ဌာနမှ တပ်ကြပ်ကြီး ဦးမြင့်သိန်း က ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသော နေရာသို့ မီးသတ်ယာဉ်လေးစီး၊ အုပ်ချုပ်မှု ယာဉ်တစ်စီး၊ စုစုပေါင်းယာဉ်ငါးစီးဖြင့် လာရောက် ငြှိမ်းသတ်ခဲ့သည်။

“ကျွန်တော်အခုချိန်မှာတော့ ဘယ်သူ့ကိုမှ ဘာမှပြန်ဖြေကြားချင် စိတ်မ ရှိသေးပါဘူး”ဟု ''စိန်''အကောင်းစားလက်ဖက်ခြောက် ပွဲရုံပိုင်ရှင် ဦးအောင်သိန်း က ပြောသည်။

မီးလောင်ကျွမ်းသည့်နေရာသို့ အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်သမား ၂၁ ဦး၊ ဒေသန္တရမှ ၂၅ဦး စုစုပေါင်း ၄၆ဦး ဖြင့် လာရောက် ဖြေရှင်းပေးခဲ့ခြ င်းဖြစ်သည်။

အဆိုပါမီးလောင်မှု၌ဆုံးရှုံးမှု တန်ဖိုးမှာ စားအုန်းဆီ ၅၀သားဘူးပါ ခြောက်ဖာ တန်ဖိုးငွေကျပ် ၃၆၀၀၀နှင့် ပွဲရုံထပ်ခိုး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၀၀၀၀ ဖြစ်ပြီး စုစုပေါင်းဆုံးရူံးသွားသည့်တန်ဖိုး ငွေကျပ် ၆၆၀၀၀ ကျပ်ဖြစ် သည်ဟု ဘုရင့်နောင်မီးသတ်ဌာန တပ်ကြပ်ကြီး ဦးမြင့်သိန်းထံမှသိရှိရသည်။

မီးလောင်မှုမှာမနက်၆နာရီခွဲဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၆နာရီ၄၈ မိနစ်၌ ငြှိမ်းသတ်နိုင်ခဲ့သည်။

myitmakhamediagroup

No comments:

Post a Comment