Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

" ရုပ်ရှင်လောကဖွံ့ ဖြိုးတိုးတက်ဖို့ အဓိကဌာန (၂ ) ခု လိုအပ်ကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးပြော"




" ရုပ်ရှင်သည်ပြည်သူ့အတွက်" ဆိုသလိုမျိုး ဒီတိုင်းပြည် တစ်ခုမှာပဲ ပြည်သူတွေရဲ့အားပေးမှု အပြည့်အဝ ရရှိတဲ့အပြင်အခြား နိုင်ငံမှာပြသခွင့်ရရှိဖို့အတွက် ရုပ်ရှင်
လောကတိုးတက်ဖွံ့ဖြိုးလာဖို့ လုပ်ဆောင်သင့်ပါသလဲ လို့ မေးကြည့်တော့ ဒါရိုက်တာ ပန်းချီစိုးမိုးက...

" ရုပ်ရှင်လုပ်ငန်းတော် တော် များများခေတ်အဆက်ဆက်မှာ လုပ်ငန်းလုပ်တဲ့အခါ အခက်အခဲတွေရှိတယ်။ မအောင်မြင်ခြင်းကဇာတ်ကား ရိုက်ကူးတဲ့အခါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ခုချိန်ထိ ပံ့ ပိုးမှုအား အလွန်နည်းပါးတယ်။ သူတို့ဘက်က ဘာမြင်လဲဆို တော့ လာရှုပ်တယ်လို့ မြင်နေပါ တယ်။ လူတွေ ပြောပြောနေတဲ့ ကိုရီးယားရုပ်ရှင်လောက တိုး တက်တယ်ဆိုတာ အစိုးရအပါ အဝင် စီးပွားရေးသမားတွေက ပံ့ပိုးပေးပါတယ်။

စီးပွားရေး သမား တွေကဒီပစ္စည်းတွေ၊ ဒီမိတ်ကပ် တွေ သုံးရင်ကုမ္ပဏီတွေကလည်း
စပွန်ဆာလုပ်ပေးတယ်။ ဌာန ဆိုင်ရာတွေကလည်း အကူ အညီပေးတယ်။ ရုပ်ရှင်လောက ဖွံ့ဖြိုးဖို့၊ ပံ့ပိုးပေးတဲ့နေရာမှာ အဓိကက ဌာန၂ခုကို မတွေ့ရ ဘူး။ အဲဒီဌာန၂ခုက ယဉ်ကျေး မှု ဝန်ကြီးဌာန၊ ဟိုတယ်နဲ့ ခရီး သွားလာရေးဝန်ကြီးဌာနတို့ပဲ ဖြစ် ပါတယ်။ ဒီဌာန၂ခုက ပါကို ပါရမယ်။ ကျွန်တော်တို့ ရောက် ဖူးတဲ့နိုင်ငံတွေမှာရုပ်ရှင်လော က ကို ပံ့ပိုးပေးတာက ဒီဌာနနှစ် ခုက အရေးပါတယ်။ ယဉ်ကျေး မှုဝန်ကြီးဌာနကအလို အလျောက် ဆင်ဆာဥပဒေရယ်၊ နိုင်ငံတော် မူဝါဒစည်းမျဉ်းစည်းကမ်းလို သတ်မှတ်ထားတဲ့ မူဝါဒတွေပါ သွားပါတယ်။

ရှေးဟောင်း ပစ္စည်းထိန်းသိမ်းဖို့၊ ယဉ်ကျေးမှု မူဝါဒထိန်းသိမ်းဖို့ အားလုံး ပါတယ်။ သူတို့ပံ့ပိုးပေးဖို့လိုပါ တယ်။ ပါဝင်တာနဲ့မတူပါဘူး။ နေရာရဖို့ မလိုပါဘူး။ အလုပ် ဖြစ်ဖို့ပဲလိုပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေက အဖွဲ့ အစည်းနဲ့ လုပ်တတ်တဲ့သူနည်း ပါတယ်။စည်း မျဉ်းစည်းကမ်းဖွဲ့ စည်းပုံဥပဒေလုပ် ထုံးလုပ်နည်း နဲ့လုပ်ကိုင်တတ်သူနည်းပါတယ်

ပညာမတတ်လို့တော့ မဟုတ်ပါ ဘူး။ အလုပ်ကိုက အနုပညာ အလုပ်ဖြစ်နေတာပါ။ လူညံ့လို့ ထင်မှာစိုးလို့ပါ။ ဒီလိုမျိုး စည်း မျဉ်းစည်းကမ်းနဲ့ အုပ်ချုပ်ရေး ယန္တရားမှာ မလုပ်ခဲ့တဲ့အတွက်
ကျွန်တော်တို့ဟာ ဒီလိုမျိုး လုပ်ခြင်းကို ကြိုက်ပါတယ်" လို့ ပြောပါတယ်။

No comments:

Post a Comment