Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

မေးပါများစကားရ



အာဆီယံနိုင်ငံတွေကို မြန်မာတွေက သွားရင် ဗီဇာလုပ်ရတယ်။ တခြားနိုင်ငံက လူတွေ မြန်မာပြည်ကိုလာရင် ဗီဇာမလုပ်ရဘူးလို့ သိရတယ်။ အဲဒါ ဘာကြောင့်လဲ။

ကိုမောင်သွင်(စမ်းချောင်း)

ဟုတ်ကဲ့၊ ကိုမောင်သွင်ခင်ဗျာ။ ကိုမောင်သွင်ရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်းကို မေးမြန်းရာမှာ သူက အခုလို ဖြေကြားပါတယ်။

”မဟုတ်ပါဘူး။ သူတို့ဆီက ဒီကိုလာရင်လည်း ဗီဇာလုပ်ရပါတယ်။ အဲဒါ က နှစ်ဖက်နိုင်ငံ bilatera လုပ်ပြီး ထိုးပြီးမှ ဗီဇာမလိုတာပါ။ ကျန်တဲ့နိုင်ငံတွေက ကျွန် တော်တို့ဆီ လာရင်လည်း ဗီဇာလုပ်ရပါတယ်။ ၂ဝ၁၅ ခုနှစ်ကျရင်တော့ အာဆီယံ နိုင်ငံအားလုံးက ဗီဇာလိုမှာ မဟုတ်ဘူးပေါ့။ အခု လောလောဆယ်တော့ မြန်မာက လာအိုတစ်နိုင် ငံနဲ့ပဲ bilatera ထိုးရသေးတယ်။ ကျန်တဲ့နိုင်ငံတွေနဲ့လည်း ထိုးဖို့ ကမ်းလှမ်းထားပြီးပြီ။ ၂ဝ၁၄ ခုနှစ်မှာ ကျွန်တော်တို့က အာဆီယံဥက္ကဋ္ဌ ဖြစ်မှာကိုး။ ၂ဝ၁၄ ခုနှစ် မတိုင်ခင် နိုင်ငံအားလုံးနဲ့ ပြီးအောင် ထိုးဖြစ်ဖို့ ရှိပါတယ်။

ADSL အင်တာနက်လိုင်းကို ဝယ်ပြီး မသုံးချင်တော့တဲ့အတွက် ပြန်အပ်ချင်ပါတယ်။ ဒါကို ဆက်သွယ်ရေးအနေနဲ့ ပြန်အပ်ခွင့်ပြုပါသလား။ ကြားသိရသလောက်ေ တာ့ ပြန်အပ်ခွင့် မပြုဘူးလို့ သိရတယ်။ ဘာကြောင့် ဖြစ်ရပါသလဲ။

မခင်သူဇာ(အလုံ)

မခင်သူဇာရေ ငှားရမ်းသုံးစွဲမှုရဲ့ သဘောအရဆိုရင် ကိုယ်မလိုချင်တဲ့အချိန်မှာပြန်အပ်ခွင့်ရှိတာကတော့ သေချာပါတယ်။ စာချုပ်ချုပ်ဆိုထားတယ်ဆိုရင်တော့ စာချုပ်သက် တမ်း ပြည့်ပြီး ကိုယ်က ဆက်မငှားချင်တော့ရင် ကိစ္စပြီးတယ်မဟုတ်လား။မခင်သူဇာရဲ့ မေးမြန်းမှုကို မြန်မာ့ဆက်သွယ်ရေး ADSL ဌာနက အင်ဂျင်နီ ယာမှူး ဒေါ်ညိုညို သိမ်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့…

”ADSL မှာ နှစ်မျိုးရှိပါတယ်။ ရတနာပုံတယ်လီပို့ YTP, ADSL နဲ့ MPT ADSL နှစ်မျိုးရှိပါတယ်။ YTP ADSL ကတော့ ပြန်အပ်ခွင့် ပြုမပြုဆိုတာတော့ ကုမ္ပဏီကို စုံစမ်း ပါ။ MPT ADSL ကတော့ ပြန်အပ်ခွင့်ပြုပါတယ်။ အပ်ချင်တဲ့သူတွေ အနေနဲ့ ၈ မိုင်မှာရှိတဲ့ မရမ်းကုန်း ဆက်သွယ်ရေးရုံးကို ကိုယ်တိုင် လာရောက်အပ်နှံ နိုင်ပါတယ်။ အပ်တဲ့အခါမှာလည်း လစဉ်ကြေးကြွေးကျန်ကင်းရှင်းမှ အပ်နှံခွင့်ပြု မှာပါ”လို့ ဆိုပါတယ်။

အိမ်သုံးမီတာကို လုပ်ငန်းသုံးအဖြစ် အသုံးပြုနေကြပါတယ်။ ဒီလိုအသုံးပြုနေတဲ့အတွက် မီးအားကျဆင်းမှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ဒါတွေကို ဘယ်လိုစစ်ဆေး အရေးယူပါသလဲ။

ကိုစိုးနိုင်(တာမွေ)

ဟုတ်ကဲ့ ကိုစိုးနိုင်ခင်ဗျာ။ ရပ်ကွက်တွေထဲမှာ အိမ်သုံးမီတာနဲ့ပဲ လုပ်ငန်းလုပ်နေကြတာတွေ ရှိနေတာ သေချာပါတယ်။ အရင်တွေတုန်းကတော့ အဲဒီလို လုပ်ငန်းသုံးနို င်အောင် ဝန်ထမ်းအချို့နဲ့ ညှိနှိုင်းပြီး လုပ်ကြပါတယ်။ အဲဒါကြောင့် လည်း ပါမယ်ထင်ပါရဲ့။ ရပ်ကွက်တွေထဲမှာ မီးအားကျတာတွေ ဖြစ်ပါတယ်။ ညကိုစိုးနိုင်ရဲ့ သိလိုမှုကို ကျွန်တော်တို့ ပေါ်ပြူလာနယူးစ်ကနေပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ဖြေကြား ခဲ့ပါတယ်။

”ဝန်ကြီးဌာနအနေနဲ့ကတော့ ဒါတွေကို ရပ်ကွက်တွေထဲမှာ လိုက်စစ်ဖို့ အချိန် မပေးနိုင်ပါဘူး။ ဒါပေမဲ့ မည်သူမဆို ဒီလိုသုံးစွဲနေတယ်ဆိုတာကို တိုင်ကြားလာရင် တော့ ချက်ချင်းသွားစစ်ပါတယ်။ လုပ်ငန်းလုပ်နေတာ တွေ့ရင်တော့ ပထမအဆင့် အနေနဲ့ ဒဏ်ငွေရိုက် အရေးယူပါတယ်။ ဒုတိယအဆင့် ကျရင်တော့ မီတာဖြုတ်သိမ်း အရေးယူပါတယ်။ တိုင်ကြားမယ်ဆိုရင် အိမ်၊ လမ်း၊ ရပ်ကွက်၊ မြို့နယ် အတိအကျ ရေးပြီး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးကို စာဖြင့်ရေးပို့နိုင်ပါတယ်။ ဖုန်းဆက် အ ကြောင်းကြားနိုင်ပါတယ်”

မေးခွန်းများမေးလိုပါက popularnews@popularmyanmar.com (သို့မဟုတ်) ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်မှ တစ်ဆင့် မိမိ မေးလိုသည့် မေးခွန်းနှင့်အတူ အမည်၊ နေရပ်၊ မှတ်ပုံတင်အမှတ် ထည့်သွင်း၍ မေးမြန်းနိုင်ပါသည်။

(အယ်ဒီတာအဖွဲ့)

Source: Popular Myanmar News Journal

No comments:

Post a Comment