CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 19, 2013
အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင်.... A B C D E F G H..
Thursday, September 19, 2013
A .. Age .. အသက် ဖြစ်ပါတယ် .. ကိုယ်နဲ့ အိမ်ထောင်ပြုမယ့် သူဟာ အသက် ကွာခြားချက်ကြီးလို့မရပါဘူး .... အသက် ( ၅ ) နှစ်ဟာ ခေတ် တစ်ခေတ် ကွာပါတယ် ... အတွေးအခေါ် အယူအဆ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ ပေးသင်ခန်းစာ တူဖို့ ဆိုတာ အင်မတန် ခက်ခဲပါတယ် ...
B .. Beauty .. အလှအပ ဖြစ်ပါတယ် ... ကိုယ်နဲ့ ယူမယ့် အိမ်ထောင်ဘက်ဟာ ... ကိုယ်နဲ့ လိုက်ဘက်တဲ့ ရုပ်ရည် ရူပကာ ရှိသင့် ပါတယ် ....
C .. Character .. အကျင့် စာရိတ္တ ... ကိုယ်နဲ့ ပေါင်း ဖက်မယ့် အိမ်ထောင် ဖက်ဟာ အကျင့် စာရိတ္တ ကောင်း မွန်ဖို့လိုပါမယ် ...
D .. Director .. ဦးဆောင်နိုင်စွမ်း ... ကိုယ်နဲ့ ပေါင်း ဖက်မယ့် အိမ်ထောင် ဖက်ဟာ .. အိမ်ဦးနတ်ပဲ ဖြစ်ဖြစ် အိမ်ထောင် ရှင်မ ပဲ ဖြစ်ဖြစ် ကျရာတာဝန်မှာ ဦးဆောင် နိုင်စွမ်း ရှိတဲ့ သူတစ် ဦး ဖြစ်ဖို့လိုပါတယ် ...
E .. Education .. ပညာရေး ... အိမ်ထောင် တစ်ခု မှာ ပညာရေးကွာ ခြားလို့ မရပါဘူး ... ပညာရေး ကွာခြားချက်ကြီးမား တာနဲ့ အမျှ အတွေးအခေါ် အယူ အဆတွေ ပေါင်းသင်း ဆက်ဆံ ရေးတွေမှာ ကွာခြားလာပါတယ် ... အဲ့ အတွက် ကိုယ့် ရဲ့ လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ် အတွက်ပါ ထိခိုက်လာ နိုင်ပါတယ် ...
F .. Facility ...အထောက် အကူ ပြု ပစ္စည်း .. ဒီနေရာမှာ ဘ၀ အတွက် အထောက် အကူပြုနိုင်တဲ့ အရာ ပေါ့ဗျာ ... ငွေကြေးပဲထားပါတော့ ... သိပ်တော့ အရေး မကြီးပါဘူး ... ဒါပေမယ့် ထည့် သွင်း စဉ်းစားရမယ့် အချက် တစ်ခုအနေနဲ့ ထည့် ထားတာပါ ....
G ... Generation .. မျိုး ဆက် ( သို့ ) မျိုး ရိုး ... ကိုနဲ့ အိမ်ထောင်ပြု မယ့် သူဟာ မျိုးရိုး ကောင်းဖို့ လိုပါမယ် ... ဒါက ထွေထွေ ထူးထူး ပြောနေစရာ ကိစ္စမဟုတ်ပါဘူး ...
H ... Health .. ကျန်းမာရေး ... ဒါကတော့ ပြောနေ စရာကို မလိုတာ ... ကိုယ့် အိမ်ထောင် ဖက်ကို ကိုယ့် ဖာသာ ကို စစ်ဆေးခိုင်း ပေါ့ဗျာ ....
ကျွန်တော် သင်ကြား ခဲ့ ဘူးတာလေး ကို ပြန်လည်ဝေမျှတာပါ ... သဘောထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါမယ် ..
Credit to : Myanmar Online News
အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင်.... A B C D E F G H..
Reviewed by VC
on
September 19, 2013
Rating: 5
Reviewed by VC
on
September 19, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment