Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

"Victim Blaming Culture "



ဆိုလိုရင်းကတော့ မတရားမှု သို.မဟုတ် ရာဇ၀တ်မှု တစ်ခုမှာ ကျူးလွန်သူကို အပြစ်မတင်ဘဲ နစ်နာသူကို တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝ တာဝန်ရှိကြောင်း စွတ်စွဲပြောဆိုတဲ့အခါ ဒီစကားလုံးကို သုံးတယ်။

များသောအားဖြင့် Rape Case တွေမှာ ဒါမျိုးကို တွေ.ရများတယ်။ နည်းနည်း Civilisation အဆင့်နိမ့်တဲ့ လူ.အဖွဲ.အစည်းတွေမှာ မိန်းကလေးတစ်ယောက် အဓမ္မကျင့်ခံရပြီဆိုရင် ဒါဟာ မိန်းကလေးက အနေအထိုင် မတတ်လို.၊ လျှပ်ပေါ်လော်လီလို. ဘာလို. ညာလို. စတဲ့ ဆင်ခြေတွေနဲ. နစ်နာသူကို ၀ါးကူလို. ထိုးတတ်တယ်။

အထူးသဖြင့် အမျိုးသားတွေက လုံးဝ လွှမ်းမိုးထားတဲ့ မွတ်ဆလင် လူအဖွဲ.အစည်းနဲ. ပညာရေး နိမ့်ကျတဲ့ အာဖရိက/အိန္ဒိယ လူအဖွဲ.အစည်းတွေမှာ ဒီလို Victim ကို Blame လုပ်တဲ့ အလေ့အထ ပိုတွေ.ရတယ်။ အော်ဇီမှာ အခြေချနေတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ယောက် ဆိုရင် “"A victim of rape every minute somewhere in the world. Why? No one to blame but herself. She displayed her beauty to the entire world.” လို. Public မှာ ပြောခဲ့လို. တော်တော်လေး ပွက်လောရိုက်ကုန်တယ်။

လူ.အခွင့်အရေးနဲ. ကျား/မ တန်းတူညီမျှမှု မြင့်လှပါတယ်ဆိုတဲ့ US မှာလဲ ဒါမျိုး မရှိဘူး မထင်နဲ.။ ဟိုတလောက တက္ကဆက်မှာ အုပ်စုလိုက် အဓမ္မ ကျင့်ခံရတဲ့ မိန်းကလေးရဲ. တရားခွင်မှာ Defence Lawyer က "Like the spider and the fly.” ဆိုပြီး မိန်းကလေးက စလို. ဟိုက မရှောင်နိုင်တာပါဆိုတဲ့ ပုံစံမျိုး သွားပြောမိလို. ဒီရှေ.နေကို သတင်းစာတွေက ၀ိုင်းကျွေးကြသေးတယ်။

တကယ်တော့ ဒီ Victim Blaming Culture က နေရာတိုင်းမှာလိုလို ရှိနေတာကို သတိထားမိတယ်။ အဝေးကြီး မကြည့်နဲ.။ ကိုယ့်ကိုယ်ကိုပဲ ကြည့်။ (ဥပမာ) တစ်ယောက်ယောက်ရဲ. မိုဘိုင်းဖုန်းကို သူများက ဘတ်သွားတယ်ပဲ ထားပါတော့ဗျာ။ ကျွန်တော်တို. မပြောတတ်ကြဘူးလား??? မင်းက လူကြားထဲ ဖုန်းကို တပြပြ လုပ်နေတာကိုး တို.။ နင်ကိုက စည်းကမ်းမှ မရှိတာ။ နမော်နမဲ့နဲ. တို. ဘာတို. ညာတို. … ပြောဖြစ်ကြတာ များပါတယ်။

ဒါ Victim Blaming အသေးစားလေးပဲ။ တကယ်တော့ ဒါကျွန်တော်တို.က သူခိုးကို ရှုံ.ချရမယ်အစား သူခိုးတစ်ယောက်ရဲ. ကိုယ်ကျင့်တရား ခေါင်းပါးမှုကြောင့် နစ်နာသွားတဲ့လူကို ကျွန်တော်တို. Blame လုပ်လိုက်တာပဲ။ အမှန်ကတော့ ယဉ်ကျေးတဲ့ လူ.အဖွဲ.အစည်းမှာ အိမ်တံခါးဖွင့်ပြီး အပြင်လျှောက်သွားဦး။ ပြန်လာရင် မူလတိုင်းပဲ ရှိနေရမှာပါ။ ဒါ ဥပမာ သေးသေးလေးဗျာ။

အစိုးရက ပြည်သူကို နှစ်ပေါင်း ၅၀ တိုင် ဖိနှိပ်ညှဉ်းပန်းလာခဲ့တဲ့ တိုင်းပြည်တစ်ခုမှာ ပြည်သူတွေ အတွေးအခေါ် နိမ့်ကျကုန်တာ၊ စာရိတ္တတွေ ယိုယွင်းလာတာ၊ ကမ္ဘာမီးလောင်တော့ သားကိုတောင် ချနင်းတတ်လာတာ … စတာ စတာတွေ မြင်ရတဲ့ခါ ပြည်သူတွေကို သောက်သုံးမကျတဲ့ကောင်တွေလို. ကျွန်တော်တို. ပြောမလားဗျာ??? … ဒါကျတော့ တစ်နိုင်ငံလုံးနဲ. ချီတဲ့ Victim blaming ဖြစ်သွားပြီလို. ကျွန်တော်တော့ ထင်တယ်ဗျ။

တရားခံ ဘယ်သူလဲ ဆိုတာကို မြင်အောင် ကြည့်နိုင်မှ Victim ကို Blame လုပ်မိတဲ့ အဖြစ်တွေက ရှောင်နိုင်မှာပါ။ သူခိုးက ခိုးတာမြင်ရင် သူခိုး သူခိုး လို. အော်ပါ။ သူခိုးကို ကြောက်လို. မအော်ရဲရင်တောင်မှ သူခိုး ခိုးခံနေရသူတွေကို ဟိုက နင့်ထက် တော်လို./တတ်လို./နပ်လို. နင်ဘတ်ခံရတာပေါ့ လို. မပြောမိပါစေနဲ.ဗျာ။

(kyaw zwar) 29-8-2013

No comments:

Post a Comment