Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

Miss Supranational 2013ပြိုင်ပွဲ နှင့် မြန်မာပြည်မှ ခင်ဝင့်ဝါ

စာလာဖတ်ကြတဲ့သူအပေါင်းကို သတင်းလေးတစ်ခုလောက် ပေးချင်ပါတယ်။ ပြောချင်တာကတော့ လေး၊ ငါးရက်လောက် ရှိပါပြီ။ ကိုယ့်ဟာနဲ့ကိုယ် အလုပ်တွေရှုပ်နေ၊ အလုပ်အတွက် စာတွေဖတ်နေရတာနဲ့ ဒီနေ့မှပဲ အမြန်ရေးရပါတယ်။

လက်ရှိအလှမယ်လောကမှာ Big 4 Pageants ပြိုင်ပွဲလို့ပြောရင် Miss Universe, Miss World, Miss Internationalနဲ့ Miss Earth ပြိုင်ပွဲလို့ အားလုံးက သိကြပါတယ်။ (မှတ်ချက်။ ကျမကတော့ .. ဒီပြိုင်ပွဲတွေထဲမှာ Miss Universeပွဲကို ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ပြီး ခုအချိန်တိုင်အောင် အဲ့ဒီပွဲကိုသာ အဓိက စိတ်ဝင်စားပါတယ်။ Miss Earthပြိုင်ပွဲကိုတော့ လုံးဝ စိတ်မဝင်စားပါဘူး။ ကြိုက်လည်း မကြိုက်ပါဘူး။) ဒီပြိုင်ပွဲကြီး (၄)ခုအပြင် လူစိတ်ဝင်စားတဲ့၊ လူသိများတဲ့ တခြားပြိုင်ပွဲတွေကတော့ Miss Tourism, Miss Grand Internationalနဲ့ Miss Supranational ပြိုင်ပွဲတို့ပါပဲ။

+++

မနှစ်ကရေးခဲ့ဖူးတဲ့ "(၂၀၁၂)ခုနှစ်ရဲ့ အလှမယ်လောကမှာ လူပြောအများဆုံးအချက် (၁၀)ချက်"ပို့(စ်)မှာ beauty expert၊ pageant expertတွေ၊ ဒီအလှမယ်လောကကို စိတ်ဝင်စားသူတွေက.. Supranational ပြိုင်ပွဲဟာ နောင်တစ်ချိန်မှာ Big 4 Pagents ပြိုင်ပွဲတွေပြီးရင် သတိထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမဲ့အခြေအနေထိ ရောက်အောင် တိုးတက်လာခဲ့တယ်လို့ ဆိုကြပါတယ်ဆိုပြီး ရေးခဲ့ဖူးပါတယ်။ "The Supra Revolution"ခေါင်းစဉ်ငယ်နဲ့ပါ။ (၂၀၁၂)ခုနှစ်တုန်းကတော့ ပြိုင်ပွဲကို ပိုလန်မှာ ကျင်းပခဲ့ပြီး Ekaterina Buraya, Miss Belarus ကဆုရခဲ့ပါတယ်။



Miss Supernational 2012 winners

1st Runner Up - Nanthawan  Wannachutha Thailand
2nd Runner Up - Michaela Dihlova Czech Republic
3rd Runner Up - Elaine Kay Moll Philippines
4th Runner Up - Sulay Castillo Ecuador
တခြား special awards တွေကိုတော့


  • Thailand နိုင်ငံမှ Nanthawan Wannachuthaက Miss Internet ဆု
  • Portugal  နိုင်ငံမှ Carmen Fernades က Miss Eleganceဆု
  • Rwanda  နိုင်ငံမှ Sabrina Simbi Kubwimanaက Miss Personalityဆု
  • Namibia  နိုင်ငံမှ Ester Shatipambaက Miss Friendshipဆု
  • Czech Republic  နိုင်ငံမှ Michaela Dihlovaက Miss Photogenicဆု
  • Vietnam နိုင်ငံမှ Lai Huong Thaoက Miss St.Georgeဆု
  • Cuba နိုင်ငံမှ Damaris Aguilarက Best National Dressဆု
  • Canada  နိုင်ငံမှKatie Sarkeက Best Top Modelဆုနဲ့
  • Denmark နိုင်ငံမှ Julia Prokopenkoက Miss Talentဆုတို့ကို ရရှိသွားခဲ့ကြပါတယ်။ 
+++

ဒီနှစ်အတွက် Miss Supernational 2013 ပြိုင်ပွဲကို 2012 winnerရဲ့နိုင်ငံက host လုပ်ရမှာမို့  Belarusနိုင်ငံမှာ ကျင်းပမှာပါ။ သြဂုတ်လ (၁၇/၁၈)မှာ နိုင်ငံအသီးသီးက အလှမယ်တွေကို camp သွင်းပြိုင်ပွဲဝင်ခိုင်းပြီး တကယ် Final Day ကတော့ စက်တင်ဘာလ (၆)ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဒီနှစ်အတွက် ပြိုင်ပွဲဝင်ပေါင်း (၉၄)ယောက်ရှိပြီး မြန်မာနိုင်ငံမှ အလှမယ် ခင်ဝင့်ဝါကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ပြိုင်မယ်လို့ သိရပါတယ်။  ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ဓါတ်ပုံတွေကိုတော့ http://www.globalbeauties.com/supranational/2013-contestants/ နဲ့ http://www.misssupranational.com/Contestants.html မှာ ကြည့်နိုင်ပါတယ်။ သူတို့ပုံတွေကို မတင်ပေးတော့ပါဘူး။ ခင်ဝင့်ဝါပုံတစ်ချို့ တော့ တင်ပေးလိုက်ပါတယ်။

Miss Myanmar Supernational 2013






ပြိုင်ပွဲဝင်တွေကို မိတ်ဆက်ပေးတဲ့နေ့က
 ကောင်မလေးက နည်းနည်းတော့ ညှက်ပေမဲ့ သဘာဝကျကျလေးနဲ့ နုနုဖတ်ဖတ်လေးလှပါတယ်။ ဒါပေမဲ့ အသက်ကငယ်လွန်းပြီး ပြိုင်ပွဲအတွေ့အကြုံ သိပ်မရှိတော့ top-20 ဝင်ပါ့မလား မသိပါဘူး။ လက်ရှိ hot list ထဲမှာလည်း သူ..မပါပါဘူး။ တခြားပြိုင်ပွဲဝင်တစ်ချို့ ကလည်း strong ဖြစ်လွန်းနေပါတယ်။ ခင်ဝင့်ဝါကိုယ်တိုင်ကတော့ အင်တာဗျူးတစ်ခုမှာ အကောင်းဆုံး ပြိုင်သွားမယ် ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် special awards တွေတော့ ရနိုင်ပါသေးတယ်။ Best National Costume ရရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ။ Miss Internet အတွက်လည်း မဲပေးလို့ရပါတယ်။ vote ပေးမယ်ဆိုရင်တော့ http://www.misssupranational.com/Contestants.htmlကိုသွား မြန်မာကို ရွေးပြီး "Vote Now" ကိုနှိပ်ရမှာပါ။


အခုလောလောဆယ်တော့ techincal error ကြောင့်ထင်တယ်။ ပေးကြည့်တာ ပေးလို့မရပါဘူး။ သြဂုတ်လ (၁၃)ရက်နေ့  update လုပ်မယ်ဆိုပြီး (၂၁)ရက်နေ့ ရောက်တာတောင် ပေးလို့မရသေးပါဘူး။ ပွဲကဖြင့် ပြီးတော့မယ်။ ပေးလို့ရသွားရင်တော့ ခင်ဝင့်ဝါကို အားပေးပြီး မဲပေးကြပါဦးလို့။ ဒါပေမဲ့ နန်းခင်ဇေယျာတုန်းကလိုတော့ မြင်မကောင်း၊ရှုမကောင်းနဲ့ သရုပ်ပျက်တော့ မလုပ်ကြပါနဲ့။ ကိုယ့်အလှမယ်ကိုအားပေးတာပဲ ကောင်းပါတယ်။ သူများအလှမယ်တွေကို စော်ကားတာမျိုး၊ နှောင့်ယှက်တာမျိုးတော့ မလုပ်ကြပါနဲ့။ တွေ့ရာနေရာမှာ မြန်မာမြန်မာလို့ မရေးကြပါနဲ့။ တော်ကြာ မြန်မာ pageant fans တွေ.. ဖိလစ်ပင်း ပရိတ်သတ်တွေလို လူတကာရဲ့ ချဉ်ဖတ်ဖြစ်သွားမှာစိုးလို့ပါ။ ကျေးဇူးတင်ပါတယ်။

Regards, witch83 ( 21/08/2013; 3:10AM; GMT+8)

References
1. http://www.misssupranational.com
2. http://www.globalbeauties.com
3. http://en.wikipedia.org

y

http://witch83.blogspot.com/2013/08/miss-supranational-2013.html

Update on Khin Wint Wah (29th August 2013)

မနေ့ကအထိတော့ Miss Supranational 2013 ပြိုင်ပွဲရဲ့ Special awards တွေထဲကမှ ဆု(၄)ဆုကတော့ သူများတွေ ရသွားပါပြီ။

~~ Miss Supranational Eleganceဆုကို Miss Sweden
~~ Miss Supranational Personalityဆုကို  Miss Philipines ( 1st runner-upက Myanmarပါ။ ဒိုင်တွေရဲ့ 1 vote အကွာနဲ့ runner-up ဖြစ်သွားတာပါ။ Just 1 vote to Miss Phillipines ^^ )
~~ Miss Supranational Top Modelဆုကို Miss Moldova
~~ Miss Supranational Photogenicဆုကို Miss Pureto Rico တို့က ရသွားကြပါတယ်။

ဆုရသွားတဲ့ အလှမယ်တွေ
ကျန်နေသေးတဲ့ဆုတွေကတော့ Miss Internet, Miss Freindship, Miss Sti.George, Best National Dress နဲ့  Miss Talentဆုတို့ပဲ ဖြစ်ပါတယ်။ မနေ့ကကျင်းပတဲ့ပွဲမှာ finalပွဲအတွက် stand outဖြစ်တဲ့ list ထဲမှာ Myanmar ပါပါတယ်။  Global Beauties က ခင်ဝင့်ဝါကို အင်တာဗျူးပြီးတဲ့အခါမှာ.. ခင်ဝင့်ဝါဟာ အယဉ်ကျေးဆုံး၊ အချိုသားဆုံး အလှမယ်တွေထဲက တစ်ယောက်ပါပဲလို့ မှတ်ချက်ချပါတယ်။ သူ့ကိုယ်သူ အင်္ဂလိပ်စာ မကောင်းဘူး၊ ခွင့်လွှတ်ပါလို့ ပြောပေမဲ့ တကယ်တော့ သူ့အင်္ဂလိပ်စာဟာ ကောင်းပါတယ်လို့လည်း ပြောသေးပါတယ်။ နောက်ဆုံးသူတို့ပေးတဲ့ မှတ်ချက်ကတော့ သူမဟာ မြန်မာပြည်ရဲ့ တကယ့် သံတမန်ကောင်းတစ်ယောက်ပါပဲတဲ့။ ( Pagentry လောကမှာ နိုင်ငံအသီးသီးက အလှမယ်တွေကို သံတမန်လို့ ခေါ်ကြပါတယ်။)
ခင်ဝင့်ဝါကိုကြိုက်တဲ့ အချက်တစ်ချက်က နေရာတော်တော်များများမှာ ရိုးရာဝတ်စုံလေးတွေဝတ်တာကိုပါပဲ။ ဒီနေ့ သြဂုတ်လ (၂၉ )ရက်နေ့မှာ ကျင်းပမဲ့ talent ပြိုင်ပွဲမှာတော့ မြန်မာအက.. ကပြီး ယှဉ်ပြိုင်မယ်လို့သိရပါတယ်။ ဘယ်အက ကမလဲမသိဘူး။ များသောအားဖြင့်တော့ မြန်မာပြည်ကဝင်ပြိုင်ရင် ပုဂံအကနဲ့ ပြိုင်တတ်ကြပါတယ်။ သူ့ကို နတ်ကတဲ့ဝတ်စုံနဲ့ပုံတစ်ပုံတွေ့ဖူးတော့ နတ်ကကမလားလည်း မပြောတတ်ပါဘူး။ ဆီမီးခွက်အကလည်း ဆန်းမယ်ထင်ပါတယ်။ ခြေချိုး၊လက်ချိုး၊ ခါးချိုးပိုင်ရင်တော့ မြန်မာအကကို ငြိမ့်ငြိမ့်လေးကရင်လည်း လှပါတယ်။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံက အကတွေကိုလည်း လျှော့တွက်လိုမရတာ Miss Worldရဲ့ Dances of the Worldကို ကြည့်ဖူးတဲ့သူတိုင်း သိကြပါတယ်။ talent competition မှာ ကတာမဟုတ်ဘဲ တခြားဟာတွေနဲ့လည်း ယှဉ်လို့ရတော့ သူ့အတွက် နည်းနည်း ပူမိပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာအကကပြီး Miss Myanmarတစ်ယောက် Miss Talentဆုကိုရခဲ့ရင်ဆိုပြီး စိတ်ကူးယဉ်ကြည့်တာနဲ့တင် တော်တော်ပျော်ဖို့ကောင်းနေပါပြီ။ :P


 အောက်ကပုံတွေကတော့ ပြိုင်ပွဲအတွက် camp သွင်းပြီး ပါဝင်ရတဲ့ eventတွေ၊ ပြိုင်ပွဲတွေမှာပါတဲ့ ခင်ဝင့်ဝါရဲ့ပုံတစ်ချို့ ပါ။
ရှမ်းဝတ်စုံလေးနဲ့
ပါးကွက်ကလေးနဲ့၊ ကချင်လုံချည်အဖြူလေးနဲ့ =)
With Miss Belarus 
နောက်ဆုံးနေ့ပွဲအတွက်လေ့ကျင့်နေကြတာ။
လူကောင်သေးပေမဲ့၊ ကလေးလေးနဲ့တူပေမဲ့ ကိုယ်လုံးရှိတယ်။

ဘာပဲဖြစ်ဖြစ် top-20 နဲ့ သူ့ဘာသာပြိုင်ပြီးမှရမဲ့ဆုတွေမှာ ခင်ဝင့်ဝါ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နေတာကတော့ pagaentry portal တွေက ခင်ဝင့်ဝါအပေါ်ပေးတဲ့ မှတ်ချက်တွေမှာ မြင်နိုင်ပါတယ်။ ကိုယ်တွေဘက်ကတော့ မဲပေးဖို့ပဲကျန်ပါတယ်။ တစ်နေ့ကိုတစ်ခါ မဲပေးလို့ရတယ်ပြောပါတယ်။ ဒီနေရာမှာ ပေးရမှာပါ။ ခင်ဝင့်ဝါရဲ့ဓါတ်ပုံ၊ ဒါမှမဟုတ် နာမည်ကို click ပြီး vote လုပ်ရပါတယ်။  Голосов ဆိုတာလေးကို နှိပ်ရမှာပါ။ လက်ရှိတော့ ခင်ဝင့်ဝါက မဲအများဆုံး ရထားပါတယ်။ ဒါပေမဲ့ တကယ့်ပွဲက စက်တင်ဘာလ(၆)ရက်နေ့မို့ ရက်ကျန်သေးတာကြောင့် ဆက်ပြီးမဲပေးကြပါဦးလို့။

Missosologyကပေးတဲ့ People's Choice Awardအတွက် like & shareလုပ်ပေးရမှာကတော့ ဒီနေရာမှာ ပါ။  ဖိလစ်ပိုင်ပရိသတ်တွေကတော့ ထုံးစံအတိုင်း မြန်မာမယ်ကို ရစရာမရှိအောင် ပြောနေကြပါတယ်။ ဒါပေမဲ့ သူတို့နဲပြိုင် ရန်မဖြစ်ပါနဲ့။ အရင်နှစ်တွေကလည်း fan များတဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနဲ့ အင်ဒီးယားနိုင်ငံတွေကမယ်တွေကို ဆဲနေကြပါ။ Miss Supranational official Page က adminတွေဟာ သူတို့ကို ရိုင်းလို့ဆိုပြီး blockပစ်ပါတယ်။ ဒါကြောင့် သူတို့ကို ဂရုမစိုက်ပါနဲ့။ သူများနိုင်ငံကအလှမယ်တွေကို အနှောင့်အယှက်မပေးဘဲ ကိုယ့်မယ်ကိုသာ အေးအေးဆေးဆေး ယဉ်ယဉ်ကျေးကျေးနဲ့ အားပေးအထောက်အကူပြုကြပါလို့။

Regards, witch83 (29/08/2013; 1:37 PM; GMT+8)


References:
1. http://www.globalbeauties.com/supranational/miss-myanmar-tells-the-world-you-are-welcome-to-visit-my-beautiful-country/
2. http://www.globalbeauties.com/supranational/meet-4-special-awards-winners/
3. Missosology Org
4. https://www.facebook.com/misssupranationalmyanmar

No comments:

Post a Comment