Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

LA မှ ဆန်ဖရန်စစ္စကိုသို့ မိနစ်သုံးဆယ်အတွင်း ရောက်နိုင်မည့် ပို့ဆောင်ရေးအစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်


အင်တာနက်ငွေပေးချေမှုစနစ် Paypal ကို တည်ထောင်ခဲ့သူ ဘီလျံနာ သူဌေးကြီး Elon Musk သည် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် အဆင်ပြေချောမွေ့စေရန်အတွက် အံ့သြဖွယ်အစီ အစဉ်တစ်ရပ်ကို အများပြည်သူရှေ့မှောက်သို့ ချပြခဲ့ကြောင်း ‘Daily Mail သတင်းဝက် ဘ်ဆိုက်’၏ ဖော်ပြချက်အရ သိရ သည်။ Hyperloop ဟု ခေါ်တွင်သော ယင်းအစီအစဉ်မှာ လော့စ်ဇင်းဂျလိစ်မြို့မှ မိုင် ၃၈၀ အကွာအဝေးရှိသော ဆန်ဖ ရန်စစ္စကိုမြို့သို့ မိနစ်သုံးဆယ်အတွင်း အရောက်သွားနိုင်မည့် အစီအစဉ် ဖြစ်သည်။

ခရီးသွားများအနေဖြင့် လျှပ်စစ်သံလိုက်တွန်းကန်အားဖြင့် ထွက်ရှိမည့် သစ်လုံးပုံစံ ပြုလုပ်ထားသော အလူမီနီယမ် အိမ်ထဲသို့ ၀င်ထိုင်ကြရ မည်ဖြစ်ပြီး မြေပြင်အထက် ကိုက် ငါးဆယ်မှ တစ်ရာ အမြင့်တွင်ရှိသည့် စတီးလ်ပြွန် တစ်လျှောက် တစ်နာရီလျှင် မိုင်ရှစ်ရာ အမြင့်ဆုံးနှုန်းဖြင့် လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြွန်အတွင်း အပေါက်ငယ် ကလေးများမှတစ်ဆင့် ဖြည့်သွင်းပေးသည့် လေအခုအခံဖြင့် သွားသည့် အဆိုပါစနစ်မှာ ညင်သာညက်ညောမှု ရှိပြီး မူးဝေသည့် ပြဿနာလည်း ခံစားရမည် မဟုတ်ဟု ၎င်းသူဌေးကြီး က ဆိုသည်။

Elon Musk က သူ၏အစီအစဉ်မှာ အများဆုံး ခရီးမိုင် ကိုးရာ အကွာအဝေး အတွက်သာ သင့်လျော်ပြီး ထိုအကွာအဝေးထက် ကျော်လွန်ပါ က လေ ယာဉ်ကိုသာ အသုံးပြုသင့်ကြောင်း ဆိုသည်။ Elon Musk သည် ကမ္ဘာ့ အမြန်ဆုံး လျှပ်စစ်ကား Tesla ကို ဖန်တီးခဲ့သူဖြစ်သည်။

Hyperloop တွင် ၁၆ ပေ ရှည်ပြီး လူလေးယောက်မှ ခြောက်ယောက်အထိ စီးနင်းလိုက်ပါနိုင်သော စင်ရော် တောင်ပံပုံစံ တံခါးနှစ်ဖက် တပ်ဆင်ထား သည့် အလူမီနီယမ် အိမ်များ ပါဝင်ကာ အရေးပေါ်ဘရိတ်စနစ်နှင့် အရန်လေသို လှောင်မှု စနစ်တို့လည်း ပါဝင်ကြောင်း သိရသည်။
ယင်းလုပ်ငန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ်ပမာဏ အမေရိကန်ဒေါ်လာ ၄.၀၆ ဘီလျံအထိရှိနိုင်ကြောင်းနှင့် ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်နိုင် ရန်အတွက်ဆိုပါက အမေရိ ကန်ဒေါ်လာ ၅.၃၁ ဘီလျံအထိ ကုန် ကျနိုင်ကြောင်း Musk က ပြောကြားခဲ့သည်။

Automobile Journal

No comments:

Post a Comment