အောင်မင်း ဘာသာပြန်သည်။
Google မျက်မှန်တွင် ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်နိုင်ပေးနိုင်သည့် လူသိများထင်ရှားခြင်း မရှိ သေးသော Application တစ်ခုအား တပ်ဆင်နိုင်ခဲ့ပြီဟု သိရသည်။
Explore edition ဟု လူသိများထင် ရှားသည့် Google မျက်မှန်မော်ဒယ်သစ်အတွက် “Field Trip” ဟု အမည်ပေးထားသည့် app တစ်ခုကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ တွင် Google ၏ ကိုးခုမြောက် app ဖြစ်လာမည့်“Field Trip” အား လူပေါင်း ၁၀၀၀၀ ခန့်ဖြင့် ကနဦး စမ်းသပ်မှုများပြုလုပ်နေပြီး လာမည့်နှစ်အစောပိုင်းတွင် စတင်ရောင်းချလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
ယခုထွက်ရှိလာမည့် Google ၏ မျက်မှန်မော်ဒယ်အသစ်မှ သုံးစွဲသူများအား ရောက်ရှိနေသည့်နေရာ၊ ထိုဒေသနှင့်သက်ဆိုင်သည့်အချက်အလ
သိုလှောင်ထားသည့်နေရာပေါင်း ၁၃၀ မှ ကောက်နှုတ်ဖော်ပြပေးမည်
ဖြစ်သည်။
ထို့အပြင် ယခုထွက်ရှိလာသည့် app အသစ်အား လူသုံးများသည့် Google Map နှင့် ပေါင်းစပ်ကာ အသုံးပြုစေမည်ဟု Google ၏ အမှုဆောင်ချုပ် လာရီပေ့ခ်ျက ပြောကြားလိုက်သည်။
ယခုကဲ့သို့ဆောင်ရွက်ခြင်းကြောင်
“ကမ္ဘာ့ဒေသတော်တော်များများရဲ့ အကြောင်းတွေကို ပြည့်ပြည့်စုံစုံဖော်ပြတဲ့ ၀က်ဘ်ဆိုဒ်တွေရှိတာဆို တာကို သိရှိထားတာကြာပြီဖြစ်ပေမယ့် Google Maps မှာ မဖော်ပြခဲ့နိုင်ပါ”ဟု အသက် ၄၆ နှစ်အရွယ် ဟန်ကီက ပြောကြားလိုက်သည်။
Field Trip app တပ်ဆင်ထားသည့် Google မျက်မှန်အသုံးပြုသူအနေဖြင့် နေရာဒေသအသစ်တစ်ခု သို့ သွားရောက်သည့်အခါတွင် အသုံးဝင်လာမည်ဖြစ်သည်ဟု ဂျွန်ဟန်ကီက ပြောကြားခဲ့သည်။
အသုံးပြုသူများအနေဖြင့် နေရာအသစ်တစ်ခုတွင် တစ်ခုခုကိုစိတ်ဝင်စားပါက Field Trip အား အသုံးပြု ကာ ဒေသနှင့်သက်ဆိုင်သည့်အချက်အလက်မ
“သိပ်မကြာသေးတဲ့ကာလတုန်းက ကျွန်တော့်မိသားစုနဲ့အတူ ရောမမြို့ကို သွားရောက်ခဲ့ပါတယ်။ Field Trip ကို အသုံးပြု ခြင်းဖြင့် ကျွန်တော့်ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာတွေအများကြီးကို တွေ့ခဲ့ရတော့ တော်တော်လေးကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျွန်တော့်အတွက် ဒီလိုစိတ်ဝင်စားစရာတွေကို ရှာဖို့ အတွက် လမ်းညွှန်စာအုပ်မှာ ရှာစရာမလိုတော့ပါဘူး”ဟုလည်း ဟန်ကီက ပြောကြားလိုက်သည်။
No comments:
Post a Comment