Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 18, 2013

" သေရမှာ ကြောက်စရာလား "



မိမိရဲ့ဆရာဝန်သက်တန်းတစ်လျှောက်မှာ လူနာများစွာ ရောဂါပြင်းထန်သူများစွာ သေတဲ့ သူများစွာနဲ့ လုပ်ငန်းသဘာဝအရ ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်။ အဲဒီအထဲမှာ သေရမှာမ ကြောက်တဲ့ သူဆိုလို့ မှတ်မှတ် ရရ ၂ ယောက်သာတွေ့ခဲ့ဖူးပါတယ်။

တစ်ယောက်ကအသက် ၉၀ လောက် အ မေ ကြီးတစ်ယောက် ပါ။မိမိသိသ လောက်နှစ် ပေါင်းများစွာဘယ်သူ့ကိုမှအပြစ်တင် တာမျိုး ဒုက္ခပေးတာမျိုးမရှိပါဘူး။မ သေခင် ၂နှစ် လောက်ကထဲက သူသေရင် လာကြည့်ပြီး ဆုံးဖြတ်ပေးဖို့မှာထားပါတယ်။ပြီးတာနဲ့ချက်ချင်း အသုဘချဖို့ကြိုမှာထားတာပါ။သူအသည်း အသန်ဖြစ်တော့မိမိသွားကြည့်ပေးရပါ တယ်။ဘယ်လိုမှအ ခြေအ နေမ ကောင်းတဲ့ ကြားကမိမိကိုခပ် ရဲ့ရဲ့ပြုံးပြရင်း" ဆရာလေး မရ တော့မဟုတ်လား"လို့မေးလိုက် ပါသေး တယ်။တနာရီ လောက်ကြာတော့ဆုံးသွားပါ တယ်။တချက်မှမငြီးပါဘူး။အေးအေးဆေး ဆေးပါဘဲ။ သမထ ဝိပဿနာတွေအားထုတ်မ ထားပေမဲ့ သူဟာနှစ် ပေါင်းများစွာသီလလုံ ခဲ့ပါတယ်။စိတ်ကောင်းရှိခဲ့ပါတယ်။အဲဒီနှစ် ချက်နဲ့သေခြင်းတရားကိုမတုန်မလှုတ် ရင် ဆိုင် သွားနိုင် ခဲ့ပါတယ်။

နောက်တစ်ယောက်က တော့ နည်းလမ်းမှန်စွာ တရားအားထုတ်ထားတဲ့မိတ်ဆွေတစ်ယောက်ပါ ။ သေခါနီးမှာ" နီးပြီနဲ့တူတယ်" ဆိုတဲ့စကား တစ်ခွန်းသာပြောပြီးတည်ငြိမ်အေးဆေးစွာ တရားနဲ့သေသွားခဲ့တာပါ။ သူတိုနှစ်ယောက်လုံးဘာမှ လူးလှိမ့်ခံစားသွား ရတာမျိုးမရှိပါဘူး။

တစ်နေ့က အ ရေးပေါ်လူနာလိုက်ကြည် ဖို့လူနာလာပင့်တာနဲ့လိုက်ကြည့်ပေးရပါ တယ်။မိမိရောက်သွားတော့လူနာကပက်လက် ကုလားထိုင် မှာထိုင်နေရက်သားတွေ့ရပါတယ် အသက်တော့မရှိတော့ပါဘူး။အသက် ၇၈ နှစ် ရှိပါပြီ။အ ထွေအထူးရောဂါမရှိပါဘူး။ နေ့တိုင်းဒီကုလားထိုင် မှာထိုင် ရင်းသားသမီး တွေနဲ့စကားပြောနေကျပါ။ဆုံးတဲ့နေ့ကသမီး တစ်ယောက်ကအနားမှာဆန်ရွေးနေတာပါ။သူ့အ မေနဲ့စကားပြောနေရင်းသူ့ကိုဘာမှပြန် မ ပြောလို့အိပ်ပျော်နေတယ်ဘဲထင် နေခဲ့တာ။ သေချာကြည့်ရင်း အသက် ရှုတာမ တွေ့ တာနဲ့တခုခုမှားတယ်ထင် ပြီးမိမိကို လာပင့် တာပါ။ဘာတခုမှမသိသာလိုက် ပါဘူး။ ဒီလူနာဘဝကူးသွားပုံဟာညင် သာလှပါတယ်။ အ ကြောင်းသိလူနာတွေမို့ မိမိသိထားတာတွေ ရှိပါတယ်။သူဟာဘာတရားမှအားထုတ်ထားခြင်း မရှိပါဘူး။သာမာန်မိရိုးဖလာဗုဒ္ဓဘာသာပါဘဲ။

မိမိရဲ့ဆရာဝန်သက်တမ်း ၂၅ နှစ်ကျော်အတွင်း မှာမြို့ခံဆရာဝန်ဆိုတော့ အခုလိုဆေးကုစရာ မလိုတဲ့ home visit တွေများစွာကြည့်ခဲ့ရ ပါတယ်။တချို့လည်းသေခါနီးဆဲဆဲပါ။ စောစောကလူနာလိုဘဲတချို့တ တွေဟာ အလွန်ညင် သာပါတယ်။ ခြုံထားတဲ့စောင် က လေးတောင် မတွန့်ပါဘူး။ တစ်ချို့ကျ တော့ လဲ cancer လိုရောဂါမျိုးနဲ့ ဆိုတော့မ သေခင် မှာနာကျင် မှုကိုတော် တော်ခံစားကြရပါတယ်။

ဘာဘဲပြောပြောလူအများစုဟာသေမှာကို တော်တော်ကြောက်ကြပါတယ်။တချို့အစ အ နောက်တောင် မခံနိုင် ပါဘူး။အစမ်းသေကြည့်တာ တောင် စိတ်ထဲမှာမခံနိုင် ပါဘူးဆို တဲ့သူတွေလည်းအများကြီးရှိနေပါတယ်။ မိမိလေ့လာကြည့်သ လောက်လူတွေဟာ

၁။မ သေခင်သေ လောက်အောင် နာမှာဘဲဆိုပြီး နာမှာကိုကြောက်ကြပါတယ်။ ၂။ထားခဲ့ရမဲံ့သက် ရှိသက်မဲ့အရာတွေ အ ပေါ် မှာစွဲလန်းတဲ့စိတ်နဲ့လည်းသေမှာကို ကြောက်ကြပါတယ်။ ၃။နောက်ဆုံးအချက်က သေပြီးရင် အပါယ်ကျ မှာစိုး လို့လည်းဒီဘဝကိုစွန့်ပြီး မ သေရဲကြပါဘူး

ဒီအ ကြောင်းကိုနည်းနည်းစဉ်းစားကြည့်စေ ချင် ပါတယ်။တကယ်တော့ သေတယ်ဆိုတာ ဟာကြောက်စရာကောင်းတဲ့အရာကြီးတခုကိုယ့် ဆီရောက်လာတာမဟုတ်ပါဘူး။မ နေရ တော့တာ တစ်ခုပါဘဲ။နေခွင့်မရှိတော့တာ နေခွင့်တစ်ခု ကုန်ဆုံးသွားတာဟာသေတာပါဘဲ။ရှေ့ကလူ တွေလည်းဒီလိုဘဲနေခွင့်တွေကုန်ဆုံးသွားခဲ့ ရ တာပါ။သူတို့လည်းဒီလိုဘဲရင် ဆိုင် သွားခဲ့ကြ တာပါဘဲ။ကိုယ်ကောဘာလို့ကြောက်နေရမှာ လဲ။နေခွင့်မရှိရင် မ နေရုံပေါ့။ စောစောက ပြောခဲ့တဲ့လူနာတွေလိုဘာမှသိပ် မခံစားရဘဲသေသွားတဲ့သူတွေမျိုးအားလုံးကြုံ ဖူးကြမှာပါ။
သေ လောက် အောင် ဖေါက်ပြန်လို့သာသေ သွားတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲံ့ အဲဒီ ဖေါက်ပြန်တာကို အလွန်နာမှာဘဲလို့မယူ စေချင် ပါဘူး။ cancer လိုရောဂါမျိုးမို့နာကျင် မှုတွေခံစား ရမယ်ဆိုရင် လည်းနာစရာရှိတာနာပေါ့။အနာ သက်သာတဲ့ဆေးတွေနဲ့လည်းကုမှာပေါ့။ ဒါပေမဲ့သေခါနီးမှာတော့မနာတော့ပါဘူး။

သေခါနီးမှာကာယပသာဒ တွေအရင် ဆုံးချုပ် ပါတယ်။ ကျန်တာတွေလည်းတဖြည်း ဖြည်းချုပ်သွားရင်းနဲ့ တဖြည်းဖြည်ဆုပ်သွား လိုက်တာ နောက်ဆုံး မနောဝီဥာဉ်စိတ် က လေးတစ်ခုသာကျန်ပါတယ်။ ကာယပသာဒချုပ် ကထဲကဘာနာကျင် မှုမှမရှိတော့ပါဘူး။ ဒီအ ကြောင်းတွေကိုမြတ်စွာဘုရားဟောတဲ့ ဖက္ခုနသုတ္တန်မှာအ သေးစိတ်ပါပါတယ်။

ဆိုလိုချင် တာကမိမိတို့အများစုကြောက်နေ ကြတဲ့နာကျင် မှုတွေလုံးဝမရှိဘဲနဲ့သေခါနီးမှာ တရားနှလုံးသွင်း ဖို့အချိန် ကောင်းစွာရပါ တယ်။ကိုယ့်စိတ်က လေးကိုကြည့်နေရင်း နဲ့ သေရမှာပါ။ ဆရာတော်ဦးဇောတိကလည်းဒီ အ ကြောင်းတွေဟောခဲ့ ဘူးပါတယ်။သေပြီး မိနစ် ၂၀ လောက်အထိ သိတဲ့စိတ်ကဆက် ရှိနေပါတယ်။ အဲဒီအချိန်လေးမှာသာမိမိတို့ အားထုတ် ရင်းသေနိုင် ခဲ့မယ်။ကုသိုလ်စိတ် တွေနဲ့သေ နိုင် ခဲ့မယ်ဆိုရင် ဘာမှကိုပူစရာ မလိုတာပါ။သေခါနီးလူတွေအစကဘယ် လောက်ဘဲနာလို့အော် နေ ပေမဲ့တကယ်သေ တော့မဲ့အချိန်နီးလာရင် ငြိမ်သွားတတ်တာ ဆရာဝန်တွေတော်တော်များများသတိထားမိ မယ်ထင် ပါတယ်။မိမိအ နေနဲ့ pressure 40/0 နဲ့ ၉ နာရီလောက်မနာကျင် ဘဲနေပြီးမှ အချိန်ကောင်းစွာရပြီးဆုံးသွားတဲ့ အစာအိမ် cancer လူနာတစ်ယောက်တွေ့ခဲ့ ဖူးပါတယ်။
မိမိတို့သာသူတော်ကောင်းတရား တွေနဲ့လေ့ကျင် ထားမယ် အားထုတ်ထား မယ် ဆိုရင် အဲဒီအချိန်လေးမှာဆက်အားထုတ်သွားရုံပါဘဲ အဲဒီလိုသာအားထုတ် နိုင် ရင် ဒီဘဝ တရား မရရင် တောင် ဒုတိယဘဝမှာရနိုင် တဲံ့ အ ကြောင်းဘုရားရှင် အာမခံထားပါတယ်။

အဲဒီလို quality ကောင်းတဲ့စိတ်နဲ့သာ သေ နိုင် သွားရင် ကျန်ခဲံ့တာတွေဘာစွဲစရာရှိသေးလို့ လဲ။နောက်ဘဝဘာဖြစ်မယ်ဆိုတာ ကိုလည်း တွေးပူစရာမ ရှိပါဘူး။ အပါယ်ကျဖို့ဆို တာခေါင်းထဲမှာ ထည့်ထားစရာတောင် မလိုတာပါ။

အ ရေးကြီးတာကမိမိဘက်ကအခုလိုကျန်းမာ ရေးကောင်းလို့စွမ်းနိုင် တုံးမှာသီလ သမာဓိ ပညာအကျင့်တွေကို နည်းလမ်းမှန်စွာကြိုး စားအားထုတ်ဖို့ပါဘဲ။နေတဲ့အချိန်မှာ ကာယကံ ဝစီကံ မ နောကံ တွေ ကောင်းသည်ထက် ကောင်းအောင်လေ့ကျင့်ထားမယ်ဆိုရင် သေတဲံ့အခါမှာလည်းဒီအ လေ့အကျင့် တွေကသူ့အလုပ်သူလုပ်ဆောင် သွားပါ လိမ့်မယ်။

ဓ မ္မော ဟ ဝေ ရက္ခတိ ဓမ္မစာရီ တရားကျင့်သောသူကိုတရားကပြန်စောင့် ရှောက်တယ် ဆိုတဲ့ဘုရားဟောခဲ့တဲ့တရား တော်ကိုအကြွင်းမဲ့ယုံစေချင်ပါတယ်။

ကဲ…သေရမှာကြောက်စရာလား

မေတ္တာဖြင့်
(ဒီpost ကိုမိမိကဲ့သို့ တရားအသိဥာဏ်မရ သေးသူများကိုအားပေးလိုတဲ့စေတနာနဲ့ ရေးရပါတယ်)
 

No comments:

Post a Comment