Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 8, 2013

လူသိရှင်ကြားရည်းစားစာ

ရနံ့ရမှ
အရောင်မြင်မှ
အလွမ်းဟာ ပွင့်ခွင့်ရတာမဟုတ်
မင်းနာမည်ကြားရုံနဲ့
ရင်တခုလုံး ကမောက်ကမဖြစ်ပြီ။

မင်းကို လွမ်းရတာလား
ဒုက္ခကို ထမ်းရတာလား
အဖြေတွေတောင် မကွဲပြားတော့ဘူး။

မင်းဟာ မြစ်တစင်းဆိုရင်
ပင်လယ်မရောက်နိုင်တဲ့
ရေစီးကြောင်းဟာ
ငါပါ။

နွေဦးနဲ့ နှင်းအကြွင်းအကျန်တို့ပေါင်းမှ
ပွင့်တာတဲ့လား
ငါ့ရင်ထဲမှာတော့
မင်းက အစဉ်အမြဲပွင့်တယ် ချယ်ရီ။ ။

မြင့်ဇေ


No comments:

Post a Comment