CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 30, 2013
ကင်ညာတွင် အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်
ဆီလ်ဗက်စတာ အမ်ဝမ်ဝါ
ကင်ညာနိုင်ငံတွင် အမျိုးသမီး (၁)ဦးကို အမျိုးသား (၂)ဦးက ခွဲဝေ လက်ထပ်ခဲ့ကြောင်း သတင်းများ က ဖော်ပြခဲ့ သည်။ အဆိုပါ အမျိုးသမီးသည် အမျိုးသား (၂)ဦးလုံးနှင့် (၄)နှစ်ကျော်ကြာအောင် ချစ်ကြိုက်နေခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အနက်မှ တစ်ဦးဦးကို အရွေးခက်နေကြောင်း ဖွင့်ဟခဲ့သည်။ နောက်ဆုံးတွင်မူ အမျိုးသား (၂)ဦးဖြစ်သော ဆီလ်ဗက်စတာ အမ်ဝမ်ဝါနှင့် အီလီဂျာ ကီမာနီတို့ နှစ်ဦး သဘောတူ ညှိနှိုင်းကာ အမျိုးသမီးနှင့် တစ်အိမ်တည်း အတူနေထိုင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် အမျိုးသမီး၏ ကလေးများကိုလည်း နှစ်ဦးအတူ ပျိုးထောင်သွားရန် ၎င်းတို့ချင်း သဘောတူညီမှု ရရှိသွားခဲ့သည်။
ရှေ့နေများက အဆိုပါ လက်ထပ် ထိမ်းမြားမှုသည် ပါဝင်ပတ်သက်သူ အားလုံးက ဥပဒေကြောင်းအရ အသိအမှတ်ပြု လက်ခံလျှင် တရားဝင်ကြောင်း ပြောကြားခဲ့သည်။ သတင်းများက အမည်ဖော်မပြသော အမျိုးသမီးသည် အီလီဂျာရော၊ ဆီလ်ဗက်စတာနှင့်ပါ (၄)နှစ်ကျော်ကြာ ချစ်သူအဖြစ် နေထိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး အမျိုးသမီးအတွက် ရန်ဖြစ် သတ်ပုတ်ခဲ့ကြသည့်နောက် မွမ်ဘာဆာခရိုင် ရဲမှူးဖြစ်သူ အက်ဒ်ဟာလာ အက်ဘ်ဒူရာမန်က နှစ်ဦးအတူ လက်ထပ်ကြရန် အကြံပြုခဲ့ပြီး ယင်းကိစ္စက လက်တွေ့ ဖြစ်မြောက်သွားခြင်းဟု သိရသည်။
"ကျွန်တော်တို့ ဇနီးနဲ့ ပတ်သက်ပြီး အပြန်အလှန် ခြိမ်းခြောက်တာမျိုး မပြုလုပ်ဖို့၊ သဝန်မတိုဖို့ အချင်းချင်း သဘောတူညီမှု ယူခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဇနီးကလည်း တစ်ယောက်ယောက်ကို အတည်တကျ ရွေးဖို့အတွက် သူအဆင်သင့် မဖြစ်နိုင်ဘူးလို့ ဝန်ခံထားခဲ့ပါတယ်"ဟု ၎င်းတို့ နှစ်ဦးက ကင်ညာ၏ NTV သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဆီလ်ဗက်စတာက "ကျွန်တော်တို့ချင်း တစ်ယောက်ရဲ့ အခွင့်အရေးကို တစ်ယောက် လေးစားရပါမယ်။ ချစ်ချင်ခင်ခင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ရပါမယ်။ ဒီသဘောတူညီမှုအတွက် ဘယ်သူကမှ ကျွန်တော်တို့ကို အတင်းအကျပ် ဖိအားပေးခဲ့တာ မဟုတ်ပါဘူး"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
မုဆိုးမ တစ်ဦးဖြစ်ပြီး ကလေးနှစ်ဦး မွေးဖွားထားသည်။ သူမ၏ ဆန္ဒအရ သတင်းများက အမျိုးသမီး၏ အမည်ကို ဖော်ပြမှု မပြုခဲ့ချေ။ ကင်ညာမိသားစုရေးရာ ဥပဒေ အကြံပေး ဂျူဒီသွန်ဂိုရီက ဥပဒေ သတ်မှတ်ချက်တွင် အမျိုးသမီး တစ်ဦးကို ခင်ပွန်းတစ်ဦးထက် အပြိုင်ယူထားရန် တိတိကျကျ တားမြစ်ထားမှု မရှိကြောင်း ပြောကြားခဲ့သည်။ "ဒီကဏ္ဍကို ကင်ညာ ဥပဒေမှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ မရှိပါဘူး။ ဒါဟာ သီးခြား သဘောတူညီမှုနဲ့ လက်ထပ်တဲ့ အခြေအနေအဖြစ် မှတ်ယူနိုင်ပါတယ်။ ခုချိန်မှာ တကယ့်မေးခွန်းက ဒီအမျိုးသား နှစ်ယောက်ဟာ အမျိုးသမီးရဲ့ အပြိုင်ခင်ပွန်းလင် ဘဝကို ဘယ်လို အသားတကျ ဖြတ်သန်းမလဲ ဆိုတာပါပဲ"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ကင်ညာတွင် ယောက်ျားတစ်ဦးက အမျိုးသမီးများကို အပြိုင်လက်ထပ်သည့် ကိစ္စမျိုးမှာ ရှားပါးသော အခြေအနေ မဟုတ်သော်လည်း အမျိုးသမီး တစ်ဦးက ယောက်ျားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်ခြင်းသည် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် သတင်းမျိုး ဖြစ်လာကြောင်း သိရှိရသည်။
From: Planet Myanmar Network
Source
ကင်ညာတွင် အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်
Reviewed by VC
on
August 30, 2013
Rating: 5
Reviewed by VC
on
August 30, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment