၁၈ နှစ်အတွင်း ရေမြင်းအရှင် ပေါက်ဖွား
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ရေမြင်း အရှင်ပေါက်ဖွားခြင်း မရှိသည်မှာ ၁၈
နှစ် ကြာမြင့်ပြီးနောက် ရေမြင်းမ (အိပြာ) က သြဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅
မိနစ်က ရေမြင်း တစ်ကောင် အရှင် မွေးဖွားနိုင်ခဲ့ကြောင်း ရန်ကုန် တိရစ္ဆာန်
ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောကြားသည်။
၁၉၉၅ ခုနှစ်တွင် မိခင်ဖြစ်သူ အိပြာကို မွေးဖွားခြင်း ဖြစ်ပြီး အိပြာ အသက် ၁၈ နှစ်အရွယ် အရောက်တွင် ရေမြင်း
အရှင်တစ်ကောင် မွေး ဖွားခြင်း ဖြစ်ကြောင်း၊ အနားကပ်၍ မရသေး၍ ယခု
မွေးဖွားသည့် အကောင် ကို အထီး၊ အမ မခွဲခြားရသေးကြောင်း ရန်ကုန် တိရစ္ဆာန်
ဥယျာဉ်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် ဒေါက်တာ ထွန်းမြင့်က ပြောကြားသည်။
အဆိုပါ ရေမြင်းမ အိပြာ ယခု မွေးဖွားခြင်းသည် တတိယအကြိမ်မြောက်
ဖြစ် ပြီး ပထမအကြိမ် မွေးဖွားသည့် ရေမြင်းမှာ တစ်ရက်သာ ရှင်သန်ခဲ့ကာ ဒုတိယ
အကြိမ်တွင်လည်း ရေမြင်း အသေသာ မွေးဖွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခု နို့မတိုက်သေးတော့ စိတ်မချရသေးဘူး။ နို့ဦးရည် မရသေးတော့ စိတ်ပူနေရသေးတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ရေမြင်း ခြောက်ကောင်ရှိပြီး ရေမြင်းအမ
ငါးကောင်ရှိကာ အထီး တစ်ကောင်သာ ရှိကြောင်း ဒေါက်တာ ထွန်းမြင့်က ရှင်းလင်း
ပြောကြားသည်။
“မျိုးစပ်ဖို့ အထီး ရှားနေတာပေါ့” ဟု ၎င်းက ဆိုသည်။
သက်တမ်း နှစ် ၄၀ ရှိ ရေမြင်းများသည် ကိုယ်ဝန်ဆောင်ချိန် ရှစ်လခန့်
ကြာမြင့်တတ်ပြီး အစာချေ အားကောင်းသည့်အတွက် တစ်ရက်လျှင် ပေါင် ၁၀၀ ခန့်
စားကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ရေမြင်းမ (အိပြာ) ကို ဂျုံ၊ ဖွဲ၊ ကန်စွန်းရွက်၊ ကနဖော့၊ အာလူး၊ ငှက်ပျောသီး၊ ကန်စွန်းဥနှင့် လိုအပ်ချက်အရ ဆားနှစ်ကျပ်သားခန့်ကျွေးကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ထံမှ သိရသည်။
ရလေး
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 30, 2013
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ရေမြင်းမ (အိပြာ) ရေမြင်းလေးမွေးဖွား
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ရေမြင်းမ (အိပြာ) ရေမြင်းလေးမွေးဖွား
Reviewed by VC
on
August 30, 2013
Rating: 5
Reviewed by VC
on
August 30, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment