Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

" အာကာကျော် ဂရပ်ဖီတီအနုပညာနဲ့ လှုံ့ဆော်ချက် "






ပေါ်ပြူလာရဲ့ အထူးပြု အချပ်ပိုကဏ္ဍအတွက် ဥာဏ်လင်းအောင်ရဲ့ကလေးတစ်ယောက်ဓာတ်ပုံ ပုံတူကို ဂရပ်ဖစ်တီအနုပညာရှင် အာကာကျော်က သရုပ်ဖော်ရေး ဆွဲပေးခဲ့ပါတယ်။

ဂရပ်ဖစ်တီရေးဆွဲမှုကိုတော့ Asian Fame Meida Group သင်တန်းခန်းမမှာနေ့လယ် ၁နာရီက စတင်ခဲ့ပြီး ည ၇နာရီ လောက်မှာ ပြီးစီးခဲ့ပါတယ်။ " ပုံတစ်ပုံပြီးသွားတိုင်း ပီတိ အရမ်းဖြစ်မိတယ်။ ဆွဲတဲ့အခါ ကိုယ်လိုချင်တဲ့ ပုံမထွက်လာဘူးဆိုရင်တော့ နည်းနည်းစိတ်ထဲမှာ မကျေမနပ်ဖြစ်တာမျိုးဖြစ်တယ်။ အခုဒီကလေး ပုံဆွဲရတော့လည်း စိတ်ထဲမှာ
ခံစားမှုဖြစ်မိပါတယ်" လို့ ပုံတူရေးဆွဲအပြီး ခံစားမှုကို အာကာကျော်ကပြောပြပါတယ်။

အရွယ်မတိုင်ခင်ဝမ်းစာအတွက် အလုပ်လုပ် နေကြ ရရှာတဲ့ ကလေးငယ်တွေကို မြင် တိုင်းစိတ်ထဲမှာစိတ်မကောင်း ဖြစ်ရပြီး လမ်းဘေးရောက်နေတဲ့ကလေးတွေ အားလုံးကိုပညာသင်ခွင့် ရစေချင်ကြောင်း အာကာကျော်က သူ့ရဲ့ဖြစ်စေလိုမှုကို ပြောပြပါတယ်။ "

ကလေးတွေဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့နောက် Generation လေ။ အရမ်းအရေးကြီးတယ်။ လမ်းဘေးရောက်နေတဲ့ ကလေးတွေကို ဖြစ်နိုင်ရင် အတတ်ပညာတစ်ခုခု သင်ခွင့် ရစေချင်တယ်။ အခိုင်းခံရတယ်ဆိုတာက သူတို့မှာ မိသားစုရှိတယ်။ မိသားစု ရဲ့ဝင်ငွေကို သူတို့က ရှာရနေရတယ်။

အဲဒီအတွက် ပညာလည်းမသင်ရဘူး။ အဓိကတော့ ကိုယ့်ဆိုင်မှာ
အလုပ်လာလုပ် တဲ့ကလေးကို ကိုယ့် ကလေးတစ်ယောက်လိုပဲဆက်ဆံသင့်တယ်" လို့ကလေးတွေ အ ပေါ်ထားရှိတဲ့သူ့ရဲ့စိတ်စေတနာကိုအာကာကျော် က ပြောပြပါတယ်။ ကလေး တွေကို ရိုက်ပြီးဆုံးမတာမျိုးထက် စာရင် သေချာနားလည် အောင် ရှင်းပြပေးတာက ပိုကောင်း ပြီး ကလေးတွေ ကိုအားလုံး က လက်တွဲခေါ်ယူကြရမှာ ဖြစ်ကြောင်းလည်း အာကာ ကျော်ကေ ပြာပြခဲ့ပါတယ်။

No comments:

Post a Comment