Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

“မမပြုံးပြဿနာ ဇာဂနာကရုပ်ရှင်ဥက္ကဋ္ဌဦးလူမင်းထံမေတ္တာရပ်ခံစာပို့ ”

 
ဒီကနေ့ (သြဂုတ်၂၆)ရက်စွဲဖြင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
ဦးလူမင်း ထံ“ မမပြုံးပြုံးစမ်းပါ”ဗီဒီယိုဇာတ်လမ်းကိစ္စနှင့်စပ်လျဉ်း၍
ဇာတ်လမ်းရေးသားသူတစ်ဦးဖြစ်သည့်ဦးမောင်သူရခေါ်ဇာဂနာက
မေတ္တာရပ်ခံစာပေးပို့ ခဲ့ကြောင်းသိရပါသည်။ယင်းစာ၌“ကိုမင်းကိုနိုင်နှင့်
အတူကိုဇာဂနာရေးသားခဲ့သောအဆိုပါ“ မမပြုံးပြုံးစမ်းပါ”ဇာတ်လမ်းအား
ဒါရိုက်တာညွန့် မြန်မာညီညီအောင်ကလည်းကောင်းမာန်ထက်ချီဗီဒီယိုက
လည်းကောင်းဇာတ်လမ်းရေးသားသူ“ကိုမင်းကိုနိုင်”နှင့်“ကိုဇာဂနာ”တို့ ထံ
တရားဝင်ဝယ်ယူရသေးခြင်းမရှိကြောင်း၊တရားဝင်ဝယ်ယူပြီးပါကကန့် ကွက်
ရန်မရှိကြောင်းနှင့်အတူလတ်တလောမှာဒါရိုက်တာညွန်မြန်မာညီညီအောင်
အပေါ်ပြစ်ဒဏ်ချမှတ်ထားသော(၃လပိတ်ပြစ်ဒဏ်)အားဖြေလျော့ပေးရန်
ကိုလည်းမေတ္တာရပ်ခံထားသည်ကိုတွေ့ ရသည်။ထိုသို့ စာရေးသားမေတ္တာ
ရပ်ခံမူအပေါ်ရုပ်ရှင်အစည်းအရုံး၏သဘောထား အားမေးမြန်ရာ ၄င်းတို့ အနေနှင့် ကာယကံရှင်များဖြစ်သော ဇာတ်လမ်းရေးသား သူထံမှဇာတ်ကား ရိုက်ကူးသူတို့ ကဇာတ်လမ်းအားတရားဝင် ၀ယ်ယူပြီး ချိန်ကိုစောင့်နေခြင်း သာဖြစ်ကြောင်း၊တရားဝင်ဝယ်ယူပြီးပါကကန့် ကွက် ရန်မရှိသောဇာတ်လမ်း
ရေးသားသူ၏ဆန္ဒအတိုင်းဒါရိုက်တာညွန်မြန်မာ ညီညီအောင်အပေါ်
ပြစ်ဒဏ်ချမှတ်ထားမူကိုဖြေလျော့လိုက်ဖို့ သာရှိပြီးယင်းသို့ ပြေလည်မူရရှိ သွားစေလိုသောဆန္ဒမူလကတည်းကရှိခဲ့ပါကြောင်းပြန်ကြား ပါသည်။

No comments:

Post a Comment